DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​တဦး​ ပြန်လည်လွတ်​မြောက်
DVB
·
September 2, 2011
Donate to DVB

လွန်ခဲ့​တဲ့​ သုံး​နှစ်ခန့်​က ​ထောင်ဒဏ်ကျခံခဲ့​ရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တဦး​ ဒီက​နေ့​ ပြန်လွတ်လာပြီး​ သူနဲ့​ အမှုတွဲ ကျန်နှစ်ဦး​လည်း​ သီခြား​ထောင်​တွေက​နေ ပြန်လွတ်​မြောက်ဖွယ် ရှိတယ်လို့​ ​ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီး​နား​ထောင်က ပြန်လွတ်လာတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြု အဖွဲ့​ဝင် ဦး​စိန်လှိုင်က သူနဲ့​အမှုတွဲအတူ အဖမ်း​ခံရပြီး​ ပြစ်ဒဏ်ကျခံခဲ့​ရတဲ့​ ဦး​ရွှေဂျိုး​ (ဗန်း​မော်​ထောင်)၊​ မချို ​ခေါ် ​ဒေါ်မြင့်​မြင့်​စိုး​ (ကသာ​ထောင်) တို့​လည်း​ ဒီက​နေ့​ ပြန်လွတ်လာနိုင်တယ်လို့​ ​ပြောပါတယ်။

အမျိုး​သား​ဒီမိုကရစီအဖွဲ့​ချုပ် လူမှုအ​ထောက်အကူပြု အဖွဲ့​ဝင်​တွေ ဖြစ်တဲ့​ သူတို့​သုံး​ဦး​ဟာ ၂၀၀၉ ခုနှစ်တုန်း​က မတရား​အသင်း​ ဆက်သွယ်မှု ၁၇-၁ နဲ့​ တရား​စွဲခံရပြီး​ ၂၀၁၀ ဇန်နဝါရီလ ၁၃ ရက်​နေ့​မှာ ​ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့​ရသူ​တွေ ဖြစ်ပါတယ်။

မေလလယ်ပိုင်း​မှာ သမ္မတက အကျဉ်း​သား​တွေကို ​ထောင်ဒဏ်တနှစ် ​လျှော့​ပေါ့​တဲ့​အတွက် တနှစ်​လျှော့​ ​နေခဲ့​ရ​ပေမယ့်​ အကျဉ်း​သား​တွေ ရပိုင်ခွင့်​ရှိတဲ့​ ပုံမှန်ခံစား​ခွင့်​ ​လျှော့​ရက်​တွေကို မရခဲ့​ဘူး​လို့​ ဦး​စိန်လှိုင်က ​ပြောပါတယ်။

“သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သား​ခွင့်​မှာ အကျဉ်း​သား​ အား​လုံး​က သာမန်​လျှော့​ရက်အပြင် တနှစ်လို့​ သုံး​ထား​တယ်။ သီး​သန့်​အကျဉ်း​သား​တွေကို ၁၈၉၄ ခုနှစ်၊​ ​ထောင်လက်စွဲဥပ​ဒေအရ ​လျှော့​ရက်ခံစား​ခွင့်​ ရှိပါလျက်နဲ့​ မ​ပေး​တဲ့​အပြင် အခု ငါတို့​က တကယ် ၂ နှစ်ဆိုရင် ၂ နှစ် မပြည်ခင်မှာ လွှတ်ရမယ်။ အခုမရခဲ့​ဘူး​။ ၃ ​ယောက်လုံး​ ချုပ်ရက် ၆ လစလုံး​ တရား​ရုံး​မှာတင် ​ပျောက်သွား​တယ်။ တကယ်အခု ​နေခဲ့​ရတာ ၂ နှစ်နဲ့​ ၆ လ ဖြစ်​နေပြီ။”

ဦး​စိန်လှိုင်ဟာ ၁၉၉ဝ ခုနှစ်တုန်း​ကလည်း​ စစ်ခုံရုံး​က​နေ ​ထောင်ချခံရပြီး​ ၂ဝဝ၂ ခုနှစ်မှာ ပြန်လွတ်လာခဲ့​ပါတယ်။

ဒါ့​အပြင် ၂ဝဝရ ခုနှစ် ​ရွှေဝါ​ရောင် သံဃာ့​လှုပ်ရှား​မှု ကာလတုန်း​ကလည်း​ စစ်အစိုး​ရ အာဏာပိုင်​တွေက သူတို့​ ၂ ရက်ကြာ ​ခေါ်ယူစစ်​ဆေး​မှု​တွေ ပြုလုပ်ခဲ့​ပါ​သေး​တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013