DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
အပြောနဲ့အလုပ် ညီစေချင်ပါတယ်
DVB
·
September 2, 2011
အပြောနဲ့အလုပ် ညီစေချင်ပါတယ်
Donate to DVB

ကျမက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ကပါ။ နေ့စဉ် ရန်ကုန်မြို့ထဲကို အလုပ်သွား တိုင်း လိုင်းကားပေါ်မှာ ကြုံရတဲ့ အခြေအနေလေးကို တင်ပြပေးလိုက်ပါတယ်။ နေ့စဉ် လမ်းမှာ ထောက်ကြန့်ကနေ မြို့ထဲမရောက်ခင် ၃ နေရာလောက်မှာ ယာဉ်ထိန်းရဲ ၃ ဖွဲ့ လောက်က ကားတစ်စီးနဲ့ စောင့်နေတတ်ပါတယ်။ ကျမစီးတဲ့ကားကတော့ အနည်းဆုံး ၂ ဖွဲ့လောက် အတားခံရပါတယ်။

ကားတားပြီးရင် အဲ့ဒီယာဉ်ထိန်းရဲက ကားနားမလာဘဲ ခပ်လှမ်းလှမ်းကို လျှောက်သွားပါတယ်။ စပယ်ယာက သူ့နားကိုသွားပြီး ဆရာရယ် ဘာညာဆိုပြီး လက်ထဲကို ၅၀၀ တန်တရွက်၊ တခါတလေ ၁၀၀၀ တန်တရွက် ထည့်ပေးလိုက်ပြီးရင် သူက ကားကို လှည့်တောင်မကြည့်တော့ပါဘူး။ ပေးတာနည်းရင် ရစ်ပြီး စပယ်ယာ လိုင်စင်တောင်း၊ ဟိုစာရွက်တောင်း၊ ဒီစာရွက်တောင်းနဲ့ အတော်လေးကြာပါတယ်။ အဲ့လိုကြုံနေရတာ အရင်နှစ်တွေကတည်းကပါ။

ဒီနှစ်တော့ ဦးသိန်းစိန် အစိုးရသစ် တက်ပြီး လာဘ်ပေး လာဘ်ယူတွေကို အရေးယူမယ်ကြားတော့ ဒီလိုမတွေ့ရတော့ဘူး ထင်တာပေါ့။ မထူးပါဘူး ပိုတောင်ဆိုးသေး။ လမ်းပေါ်က ၀န်ထမ်းတွေက လမ်းပေါ်တောင်းနေကြ၊ ရုံးထဲက၀န်ထမ်းတွေကလည်း ရုံးထဲ တောင်းကြဆိုတော့ ဘယ်မှာ လာဘ်ပေး လာဘ်ယူ ပပျောက်ရေးလဲ။ အပြောနဲ့အလုပ် ညီစေချင်ပါတယ်။

ကျမတို့ပြည်သူတွေလည်း တနေ့တနေ့ မြင်ရတာ အကုသိုလ် များလွန်းတဲ့အတွက် လစာမလောက်ရင် အပေါ်ကို တင်ပြကြပါလို့ ပြောချင်ပါတယ်။ အဲဒီလို အေးဓားပြတိုက်တာလည်း ၀န်ထမ်းတွေကို မလုပ်စေချင်လို့ အစိုးရတာဝန်ရှိသူများ သိအောင် ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013