DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တွင် လယ်​မြေ​ဈေး​ကစား​သူများ​ အထိနာ
DVB
·
September 2, 2011
မန္တ​လေး​တွင် လယ်​မြေ​ဈေး​ကစား​သူများ​ အထိနာ
Donate to DVB

မန္တ​လေး​မှာ ​မြေ​ဈေး​ကစား​မှု​တွေကို တိုင်း​ဒေသကြီး​အစိုး​ရက ဝင်​ရောက် ထိန်း​ကွပ်လိုက်တဲ့​အတွက် အရင်း​နည်း​ ​ဈေး​ကစား​သူလက်ထဲ ​မြေကွက်​တွေ ပိုက်မိ​နေပြီး​ ပြန်​ရောင်း​ထုတ်မရ ဖြစ်​နေပါတယ်။

လွန်ခဲ့​တဲ့​လ အနည်း​ငယ်ခန့်​က ရန်ကုန်-မန္တ​လေး​ ကား​လမ်း​တ​လျှောက်က စီး​ပွား​အကွက်အကွင်း​ ကျတဲ့​မြေ​တွေကို လိုက်ဝယ်မှုနဲ့​ အ​ဝေး​ပြေး​ကား​ကြီး​ဝင်း​ စီမံကိန်း​အ​ပေါ် အမှီပြုပြီး​ ​မြေလိုက်ဝယ်ရာက ​မြေ​ဈေး​တက်ခဲ့​ပါတယ်။

စွယ်​တော်ဘုရား​အ​ရှေ့​ဘက် ကား​ကြီး​ဝင်း​စီမံချက်နဲ့​ အဲဒီနား​မှာ မန္တ​လေး​မြို့​တွင်း​က ကုန်ပွဲရုံ​တွေကို ​ပြောင်း​ရွှေ့​ထား​ရှိမယ်ဆိုတဲ့​ စီမံချက်​ကြောင့်​ ​ရှေ့​စီး​ပွား​ရေး​ အချက်အချာ အလား​အလား​ ​မျှော်ကိုး​ပြီး​ အရင်က ​ပေ​လေး​ဆယ် ​ပေ​ခြောက်ဆယ် ​မြေကွက်​တွေဟာ သိန်း​ ၁၀၀ ဝန်း​ကျင်က​နေ သိန်း​ ၈၀၀-၁ဝဝဝအထိ ဖြစ်ခဲ့​ပါတယ်။

အဲဒီနား​ကလယ်​မြေ​တွေလည်း​ ​ဈေး​တွေ ခုန်တက်ကုန်ပါတယ်။ ဒီ​မြေကွက်​တွေဟာ လယ်လုပ်ခွင့်​ပဲရှိပြီး​ လူ​နေခွင့်​မရှိ၊​ အ​ဆောက်အဦ ​ဆောက်လုပ်ခွင့်​မရှိတဲ့​ ​မြေ​တွေ ဖြစ်ပါတယ်။

မန္တ​လေး​တိုင်း​ဒေသကြီး​ စိုက်ပျိုး​ရေး​နဲ့​ ​မွေး​မြူ​ရေး​ဌာနဝန်ကြီး​ ဦး​မြင့်​သန်း​က ဩဂုတ်လလယ်ပိုင်း​ လယ်ယာ​မြေ အ​ရောင်း​အဝယ် လုပ်သူ​တွေကို ဥပ​ဒေအရ ထိထိ​ရောက်​ရောက် အ​ရေး​ယူမယ်လို့​ သတိ​ပေး​ခဲ့​တာလို့​ မန္တ​လေး​မြို့​ခံတဦး​က ​ပြောပါတယ်။

“တရုတ်လုပ်ငန်း​ရှင်​တွေက အရင်စဝယ်တယ်။ ​နောက်ကလူ​တွေကလည်း​ သူတို့​လက်ထဲက ပြန်ထပ်ဝယ်။ လုပ်ငန်း​ရှင် အ​သေး​လေး​တွေက သူတို့​လုပ်ငန်း​တွေ ပဲတို့​၊​ နှမ်း​တို့​၊​ သကာရည်တို့​က သိပ်အလုပ်မဖြစ်​တော့​ ဒီ​မြေထဲမှာ ဝင်ကစား​ကြတာ​ပေါ့​။ လက်ဆင့်​ကမ်း​အ​နေနဲ့​ လယ်ယာ​မြေ​တွေ စဝယ်တုန်း​က သိန်း​ ၁၀၀ ​လောက်နဲ့​ဟာက ​နောက်ပိုင်း​ သိန်း​ ၂၀၀၊​ ၃၀၀ ​တွေ ဖြစ်ကုန်တဲ့​ အချိန်မှာ စာထွက်လာတာ။ လယ်ယာ​မြေ​တွေကို ​ရောင်း​ဝယ်မလုပ်ဖို့​၊​ ​တွေ့​ရှိရင် အ​ရေး​ယူမယ်။ အ​ရေး​ယူတဲ့​အခါမှာ ​ရောင်း​သူ​ရော ဝယ်သူပါ ပွဲစား​ရော၊​ လန (လယ်ယာ​မြေ နိုင်ငံပိုင် ပြုလုပ်ခြင်း​ ဥပ​ဒေ) လုပ်​ပေး​မယ်ဆိုတဲ့​ ပုဂ္ဂိုလ်မျိုး​တွေ၊​ စည်ပင်ဝန်ထမ်း​လိုဟာမျိုး​၊​ အတု​တွေ လုပ်ထား​တယ်ဆိုရင် သူတို့​ အ​ရေး​ယူမယ်​ပေါ့​။”

ဝန်ကြီး​ရဲ့​ သတိ​ပေး​ချက်ဟာ အရင်း​နည်း​သူ​တွေကိုသာ ထိခိုက်​စေတယ်လို့​ အဲဒီမန္တ​လေး​သား​က ​ပြောဆိုပါတယ်။

“ကျ​နော်တို့​ လုပ်ငန်း​တွေကလည်း​ သိပ်အဆင်မ​ပြေဘူး​လေ။ ဒီဟာက ရက်ပိုင်း​တွင်း​ ​မြေတကွက်ဝယ်လိုက် သိန်း​ ၂၀ ​လောက် မြတ်လိုက်နဲ့​ဆို​တော့​ ဝင်လုပ်ကြရင်း​နဲ့​ ​နောက်ပိုင်း​တော့​ ပိုက်မိ​နေတာက ပြည်တွင်း​လုပ်ငန်း​ရှင် အငယ်​လေး​တွေ။ တရုတ်​တွေက​တော့​ ပထမဆုံး​ ဝင်ပြီး​ ​ဈေး​ကစား​တဲ့​သူ​တွေ​ပေါ့​။ သူတို့​တွေက​တော့​ ​ငွေပိုက်ပြီး​ ​မြေကွက်​တွေ မရှိ​တော့​ဘူး​။ ​လော​လောဆယ် ခံလိုက်ရတာက​တော့​ ပြည်တွင်း​ ကုန်သည်ပွဲစား​ အငယ်စား​လေး​တွေ​ပေါ့​။ သိန်း​ရာဂဏန်း​ ဝန်း​ကျင်နဲ့​ ဝင်ပြီး​ ကစား​တဲ့​သူ​တွေ ​လော​လောဆယ် ပိုက်မိ​နေတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013