DVB Logo
Home
မြန်မာသတင်း
လယ်ယာ​မြေ နိုင်ငံပိုင်ပြု​ရေး​ ဥပ​ဒေကို အစား​ထိုး​ရန် သ​ဘောတူ
DVB
·
September 1, 2011
လယ်ယာ​မြေ နိုင်ငံပိုင်ပြု​ရေး​ ဥပ​ဒေကို အစား​ထိုး​ရန် သ​ဘောတူ
Donate to DVB

လယ်ယာ​မြေ နိုင်ငံပိုင်ပြု​ရေး​ အပါအဝင် လယ်သမား​ဆိုင်ရာ ဥပ​ဒေ ၃ ခုကို ဖျက်သိမ်း​ပြီး​ ဥပ​ဒေသစ်နှင့်​ အစား​ထိုး​နိုင်​ရေး​ လွှတ်​တော်မှာ သ​ဘောတူလိုက်ပါတယ်။

[caption id="attachment_15032" align="alignright" width="309" caption="ဦးနေမျိုးဝေ"][/caption]

ဖျက်သိမ်း​ဖွယ်ရှိတဲ့​ ဥပ​ဒေ အ​ဟောင်း​ ၃ ခု က​တော့​ ၁၉၅၃ ခုနှစ် လယ်ယာ​မြေ နိုင်ငံပိုင်ပြုလုပ်​ရေး​ အက်ဥပ​ဒေ၊​ ၁၉၆၃ ခုနှစ် သီး​စား​ချထား​ရေး​ဥပ​ဒေ၊​ ၁၉၆၃ ခုနှစ် ​တောင်သူလယ်သမား​ အခွင့်​အ​ရေး​ကာကွယ်သည့်​ ဥပ​ဒေတို့​ ပါဝင်ပါတယ်။

မြေယာဥပ​ဒေကို ပြုပြင်ဖို့​ အတန်ကြာကတည်း​က တိုက်တွန်း​နေတဲ့​ မတူကွဲပြား​ခြင်း​နှင့်​ ငြိမ်း​ချမ်း​ရေး​ပါတီရဲ့​ ဥက္ကဋ္ဌ ဦး​နေမျိုး​ဝေက လွှတ်​တော်ရဲ့​ ဆုံး​ဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး​၊​ အစား​ထိုး​မယ့်​ ဥပ​ဒေနဲ့​ ပတ်သက်လို့​လည်း​ အခုလို ​ပြောပါတယ်။

“ဖြစ်သင့်​တာက​တော့​ ဒီ နိုင်ငံပိုင်စနစ်က​တော့​ ​ပျောက်မှာ မဟုတ်​သေး​ဘူး​။ ဒီ လုပ်ကိုင်ခွင့်​ကို ငှား​ရမ်း​ရောင်း​ချ ​ပေါင်နှံခွင့်​တော့​ ရ​ကောင်း​ ရနိုင်တယ်။ ကမ္ဘာမှာ ရှိတဲ့​ ​မြေပိုင်ဆိုင်မှု၊​ ​မြေအသုံး​ချမှု​တွေ ၃ မျိုး​လောက် ရှိတယ်။ တခုက ပုဂ္ဂလိက အပြတ်ပိုင်တာ၊​ အ​မေရိကန်လိုမျိုး​၊​ ​ရောင်း​ချလို့​ရတယ် လွတ်လွတ်လပ်လပ်​ပေါ့​။ ​နောက်တဆင့်​က ဂရမ်ချထား​ပေး​ပြီး​တော့​ ​မြေသုံး​ဆွဲမှု အ​ပေါ်မှာ အဲဒီ အခွင့်​အလမ်း​ကို ​ရောင်း​တာ၊​ ငှား​တာ လုပ်လို့​ရတယ်။ ​နောက်တဆင့်​က နိုင်ငံ​တော်က လုံး​ဝပိုင်တာ၊​ လုံး​ဝပိုင်တာဆိုတာ အဲဒီ အခွင့်​အလမ်း​ကိုလည်း​ ​ရောင်း​လို့​ ငှား​လို့​ မရဘူး​။

“ကျ​နော် နိုင်ငံရဲ့​အဆင့်​က ဒုတိယအဆင့်​ ရ​အောင်ပဲ ကြိုး​စား​သင့်​တယ်။ ဖွဲ့​စည်း​ပုံမှာကနိုင်ငံ​တော်ရဲ့​ ​ရေထု၊​ ​မြေထု၊​ ​လေထုကို နိုင်ငံ​တော် ပိုင်တယ်ဆို​တော့​ အ​မေရိကန် အဆင့်​မျိုး​ကိုကြိုး​စား​မယ်ဆိုရင် ဖွဲ့​စည်း​ပုံကို အရင်ပြင်ပြီး​မှ ကြိုး​စား​ရမယ့်​ သ​ဘောရှိတယ်။ အခု လွှတ်​တော်က ဖွဲ့​စည်း​ပုံနဲ့​အညီလုပ်တဲ့​ လွှတ်​တော် ဖြစ်တဲ့​အတွက် ဖွဲ့​စည်း​ပုံနဲ့​ ​ဘောင်ဝင်တဲ့​ ဟာမျိုး​ဆိုရင် ရနိုင်ပါတယ်။”

မြေယာဥပ​ဒေ​တွေအရ လယ်လုပ်သူ လယ်ပိုင်ခွင့်​ မရှိတာ​ကြောင့်​ လယ်သမား​တွေက သူတို့​ရဲ့​ ​မြေယာအ​ပေါ်မှာ မက်လုံး​မရှိတာ၊​ အရင်း​အနှီး​အဖြစ် အသုံး​မချနိုင်တာ၊​ အစိုး​ရနဲ့​ ကုမ္ပဏီ​တွေက သိမ်း​ရင် အချိန်မ​ရွေး​ ခံရတာ စတာ​တွေ​ကြောင့်​ လယ်ယာကဏ္ဍဖွံ့​ဖြိုး​ရေး​မှာ အဟန့်​အတား​ဖြစ်​နေတယ်လို့​ ကျွမ်း​ကျင်သူ​တွေက ​ထောက်ပြကြပါတယ်။

မ​နေ့​တုန်း​က လွှတ်​တော်အစည်း​အ​ဝေး​မှာ စစ်ကိုင်း​တိုင်း​ဒေသကြီး​ မဲဆန္ဒနယ် အမှတ် ၉ ရဲ့​ကိုယ်စား​လှယ် ဦး​သိန်း​ဝင်း​ တင်သွင်း​ခဲ့​တဲ့​ အဆိုမှာ ဥပ​ဒေ​ဟောင်း​ကို ဖျက်သိမ်း​ပြီး​၊​ လယ်ယာကဏ္ဍ ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ​တောင်သူလယ်သမား​တွေရဲ့​ လယ်ယာ​မြေ လုပ်ပိုင်ခွင့်​ မဆုံး​ရှုံး​စေ​ရေး​၊​ လုံခြုံမှု အပြည့်​အဝ ​ပေး​နိုင်​ရေး​၊​ သီး​နှံ​တွေကို ​ဈေး​နှိမ်မခံရ​ရေး​ဆိုတဲ့​ အချက်​တွေ ပါဝင်တဲ့​ ဥပ​ဒေသစ်နဲ့​ အစား​ထိုး​ဖို့​ ပါဝင်ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013