A d v e r t i s e m e n t With Us

အိန္ဒိယ ​ကျေး​လက် ​နေ​ရောင်ခြည် စွမ်း​အင်သုံး​ လျှပ်စစ်မီး

အိန္ဒိယနိုင်ငံ အ​နောက်ဘက် မဟာရာရှထရာပြည်နယ်အစိုး​ရက ပြီး​ခဲ့​တဲ့​ ​မေလမှာ ​နေ​ရောင်ခြည်က​နေ လျှပ်ဓာတ်အား​ထုတ်တဲ့​ ဆိုလာပြား​စက်ရုံနှစ်ရုံ တည်​ဆောက်ပါတယ်။ ပြည်နယ်အစိုး​ရရဲ့​ ဒီစီမံကိန်း​ဟာ အရင်​ကြေညာခဲ့​သမျှ လျှပ်စစ်မီး​ရရ​ရေး​ စီမံကိန်း​တွေ တုန်း​ကလိုပဲ ပျက်ပြယ်သွား​ပြီး​ ​ကျေး​ရွာ​တွေကို မီး​မ​ပေး​နိုင်ပြန်ပါဘူး​။ ဒါ​ပေမဲ့​ အန်ဂျီအိုအဖွဲ့​တွေနဲ့​ ဆိုလာပြား​ကုမ္ပဏီတို့​ ပူး​ပေါင်း​ဆောင်ရွက်မှု​ကြောင့်​ ခုဆိုရင် ရွာ​တွေမှာ ​နေဝင်တာနဲ့​ လျှပ်စစ်မီး​ရောင်ကို မြင်​နေကြရပါပြီ။ မဟာရာရှထရာပြည်နယ် ​ကျေး​လက်တ​နေရာက​နေ သတင်း​ထောက် ဂီယာသရီ လက်ရှမီဘိုင်က သတင်း​ပေး​ပို့​ထား​ပါတယ်။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာပါ။) အသံ နား​ဆင်ရန်

A d v e r t i s e m e n t With Us

More News
Up