DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်ဆုံ​ရေကာတာ တည်​ဆောက်မှု ရပ်တန့်​ရန် သမ္မတထံ ​တောင်း​ဆို
DVB
·
September 1, 2011
Donate to DVB

ဧရာဝတီမြစ် တိမ်​ကောပ​ပျောက်သွား​စေမယ့်​ ဧရာဝတီမြစ်ဆုံစီမံကိန်း​ တည်​ဆောက်​နေမှု ရပ်တန့်​ပေး​ဖို့​ ဧရာဝတီကို ထာဝရရှင်သန်​စေလိုသူများ​အဖွဲ့​က သမ္မတဦး​သိန်း​စိန်ထံ ဒီက​နေ့​ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုလိုက်ကြပါတယ်။

လက်မှတ်​ရေး​ထိုး​ကြသူ​တွေထဲမှာ စာ​ပေအနုပညာရှင်​တွေ၊​ ပတ်ဝန်း​ကျင်ချစ်မြတ်နိုး​သူ​တွေ၊​ လူမှု​ရေး​၊​ နိုင်ငံ​ရေး​ စတဲ့​နယ်ပယ်အသီး​သီး​က ထင်ရှား​သူ​တွေပါဝင်ကြပြီး​ လက်မှတ်စုစု​ပေါင်း​ ၁၆၀၀ ကို ပထမဆုံး​အကြိမ် ​ပေး​ပို့​ လိုက်တာ ဖြစ်ပါတယ်။

သမ္မတထံက လက်မှတ်​ရေး​ထိုး​ ​ပေး​ပို့​တောင်း​ဆိုရတာနဲ့​ ပတ်သက်လို့​ ဧရာဝတီကို ထာဝရ ရှင်သန်​စေလိုသူများ​ အဖွဲ့​မှာပါတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုမြတ်သူက ခုလို ​ပြောပါတယ်။

“သမ္မတကြီး​ရဲ့​ မိန့်​ခွန်း​အ​ပေါ်မှာ သမ္မတကြီး​က ပြည်သူလူထုရဲ့​ အသံကို နား​ထောင်မယ်လို့​ ပါတဲ့​အတွက်​ကြောင့်​မို့​လို့​ ကျ​နော်တို့​က ပြည်သူလူထုရဲ့​ အသံကို သမ္မကြီး​ သိရှိနိုင်​အောင်လို့​ ကျ​နော်တို့​ဘက်က ကြိုး​စား​လုပ်​ဆောင်ခြင်း​ပဲ ဖြစ်ပါတယ်။ အဲဒီအတွက်​ကြောင့်​မို့​လို့​ သမ္မကြီး​ရဲ့​ မိန့်​ခွန်း​အတိုင်း​ ဆိုရင်​တော့​ ဒီအ​ပေါ်မှာ အ​ရေး​တယူ ရှိလာလိမ့်​မယ်လို့​တော့​ ကျ​နော်တို့​ ​မျှော်လင့်​ထား​ပါတယ် ခင်ဗျ။”

အခု ပထမဆုံး​ ​ပေး​ပို့​တဲ့​ လက်မှတ်​ရေး​ထိုး​ ကြသူ​တွေထဲမှာ ဟံသာဝတီ ဦး​ဝင်း​တင်၊​ လူထုစိန်ဝင်း​၊​ ​မောင်ဝံသ၊​ ​ဒေါ်​ဒေဝီသန့်​ဇင်၊​ ကို​ကျော်သူ၊​ ဒါရိုက်တာ ချိုတူး​ဇော်စတဲ့​သူ​တွေ ပါဝင်ပါတယ်။

ဧရာဝတီကိုချစ်​သော ပြည်တွင်း​ပြည်ပက ပြည်သူ​တွေရဲ့​ လက်မှတ်​တွေကို ဆက်လက်စု​ဆောင်း​ပေး​ပို့​သွား​မယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013