A d v e r t i s e m e n t With Us

ရွေး​ကောက်ပွဲဥပ​ဒေ ပြင်ဆင်မှုများ​ စတင်​တော့​မည်

ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ ​ကော်မရှင်က ပြဋ္ဌာန်း​ထား​တဲ့​ ​ရွေး​ကောက်ပွဲဆိုင်ရာ ဥပ​ဒေ အချို့​ကို ​ဆွေး​နွေး​ပြီး​ ပြင်ဆင်မှု​တွေ စတင်ပြုလုပ်​တော့​မှာ ဖြစ်ပါတယ်။ မ​နေ့​ကလုပ်တဲ့​ ပြည်သူ့​လွှတ်​တော် အစည်း​အ​ဝေး​မှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့​ဝင် ဦး​မြင့်​နိုင် တင်သွင်း​တဲ့​ “ပြည်သူ့​လွှတ်​တော် ​ရွေး​ကောက်ပွဲ ဥပ​ဒေကို ပြင်ဆင်သည့်​ ဥပ​ဒေကြမ်း​ ပြင်ဆင်ဖို့​” အဆိုကို လွှတ်​တော်က လက်ခံ​ဆွေး​နွေး​ပြီး​ ဥပ​ဒေ​တွေကို ပြင်ဆင်သတ်မှတ်ဖို့​ ဆုံး​ဖြတ်ထား​ပါတယ်။ ဒီလို​ရွေး​ကောက်ပွဲ ဥပ​ဒေ​တွေကို ပြင်ဆင်ဖို့​ ​ကော်မရှင်က တင်ပြလာတဲ့​ အထဲမှာ​တော့​ ဥပ​ဒေ​ဖောက်ဖျက် ကျူး​လွန်မှု​တွေ​ကြောင့်​ လွှတ်​တော် ကိုယ်စား​လှယ်အဖြစ် ပယ်ဖျက်မှု​တွေ အပါအဝင် ပြစ်ဒဏ်​တွေကိုပါ ပြင်ဆင်သတ်မှတ်ဖို့​ ရှိ​နေပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ ​မြေပုံမဲဆန္ဒနယ်က ပြည်သူ့​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖေသန်း​က အခုလို ​ပြောပြပါတယ်။ “ပြင်ဆင်ချက်က​တော့​လေ ​ကော်မရှင်က ပြည်သူ့​ကိုယ်စား​လှယ် အဖြစ်က ရပ်တည်ခွင့်​ မရှိဘူး​ဆိုတဲ့​ အ​ခြေအ​နေမှာ အမှုကို လိုက်ပြီး​တော့​ နိုင်ငံ​တော် ပုန်ကန်တဲ့​ အဆင့်​မျိုး​ ဆိုရင်​တော့​ ရာသက်ပန် ​ရွေး​ကောက်ပွဲ မဝင်ရဘူး​။ အဲဒါမျိုး​ပေါ့​။ သာမန်ပြစ်မှု ၁၀ နှစ်အထိ ကျခံနိုင်တဲ့​ ပြစ်မှုမျိုး​ဆိုရင်​တော့​ လက်ရှိ ​ရွေး​ကောက်ပွဲအပြင် ​နောက်​ရွေး​ကောက်ပွဲ တဆက်​လောက်ကို မဝင်တဲ့​ပုံစံမျိုး​ပေါ့​။ အရည်အချင်း​ ပျက်ပြယ်တယ်ဆိုတဲ့​ ပုံစံမျိုး​ကျ​တော့​ လက်ရှိ​ရွေး​ကောက်ပွဲအပြင် လာမယ့်​ရွေး​ကောက်ပွဲ တခု အတန်း​တန်း​ အစား​စား​ပေါ့​။ အဲဒါမျိုး​ကို ပြန်ပြီး​ ​ဆွေး​နွေး​ကြမယ့်​ ပြင်ဆင်ချက်​ပေါ့​။” လွှတ်​တော်ကိုယ်စား​လှယ်အဖြစ် ပယ်ဖျက် အ​ရေး​ယူနိုင်တဲ့​ ဥပ​ဒေ​တွေထဲမှာ​တော့​ တည်ဆဲဥပ​ဒေ​တွေအရ မတရား​သင်း​အဖြစ် ​ကြေညာခံထား​ရတဲ့​ အဖွဲ့​အစည်း​တွေနဲ့​ လူပုဂ္ဂိုလ်​တွေ၊​ လက်နက်ကိုင်ဆန့်​ကျင်ပြီး​ အကြမ်း​ဖက်လုပ်ရပ်​တွေကို ကျူး​လွန်​နေတယ်လို့​ အစိုး​ရက သတ်မှတ်ထား​တဲ့​ အဖွဲ့​အစည်း​တွေနဲ့​ လူပုဂ္ဂိုလ်​တွေနဲ့​ ဆက်သွယ်​ကြောင်း​ သတ်မှတ်ခံရသူ စတဲ့​ အချက်​တွေ အဓိက ပါဝင်ပါတယ်။ ဒါ့​အပြင် ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ရွေး​ကောက်ပွဲ​ကော်မရှင်​တွေက ထုတ်ပြန်​ကြေညာပုံ​တွေကိုပါ ​ပြောင်း​လဲဖို့​ အဆိုပြုခဲ့​တယ်လို့​လည်း​ ဦး​ဖေသန်း​က ​ပြောပါတယ်။ “မူလပုဒ်မအရ အ​ရွေး​ခံရတဲ့​ ပုဂ္ဂိုလ်​တွေကို မြို့​နယ်​ကော်မရှင်အဖွဲ့​က ​ကြေညာပိုင်ခွင့်​ရှိတယ်။ ​ကော်မရှင်အဖွဲ့​က ပြင်ဆင်ချက်က မြို့​နယ်က ခရိုင်ကို ပို့​ပေး​ရမယ်။ ခရိုင်ကပဲ ​ကြေညာခွင့်​ရှိတယ်ဆိုပြီး​ ပြန်ပြင်တာ​ပေါ့​။ အဲဒါကို ဥပ​ဒေကြမ်း​ကော်မတီက ​ဝေဖန်တင်ပြတဲ့​နေရာမှာ အဲလိုမျိုး​ မြို့​နယ်က မဆုံး​ဖြတ်ဘဲ ခရိုင်က ဆုံး​ဖြတ်မယ်ဆိုရင် အများ​ကြီး​ ကြန့်​ကြာသွား​မယ့်​ အ​ခြေအ​နေရှိတယ်။ သက်ဆိုင်ရာ မြို့​နယ်က မဆုံး​ဖြတ်​သေး​ခင် ခရိုင်က ဆုံး​ဖြတ်တဲ့​အတွက် သံသယ ဝင်လာစရာ အ​ကြောင်း​အများ​ကြီး​ ရှိတယ်ဆိုပြီး​ ​ဝေဖန်တင်ပြတယ်။ အဲဒါ​ကြောင့်​ ဒီဥပ​ဒေကို မပြင်ဆင်သင့်​ဘူး​။ မူလအတိုင်း​ပဲ ထား​သင့်​တယ်ဆိုပြီး​ ​ပြောသွား​တယ်။” ဒီဥပ​ဒေကြမ်း​ကို ဒီလ ဒုတိယပတ်မှာ ​ဆွေး​နွေး​ဆုံး​ဖြတ်နိုင်ဖို့​အတွက် ပြင်ဆင်လိုတဲ့​ ဥပ​ဒေ​တွေကို အပိုဒ်​တွေ၊​ အပိုဒ်ခွဲ​တွေနဲ့​ အ​ကြောင်း​အရာ​တွေကို အတိအကျ ​ဖော်ပြပြီး​ ကိုယ်စား​လှယ်​တွေ တင်သွင်း​ကြဖို့​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌက ​ပြောကြား​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up