A d v e r t i s e m e n t With Us

ရန်ကုန်မြို့​ပတ် ရထား​တွဲ တိမ်း​မှောက်၊​ ၄ ဦး​ ဒဏ်ရာရ

ကမာရွတ်မြို့​နယ်မှာ ဒီက​နေ့​ ​နေ့​ခင်း​ပိုင်း​က ရန်ကုန်မြို့​ပတ် ရထား​တစီး​ရဲ့​ ​နောက်ဆုံး​တွဲ ပြုတ်ကျန်ပြီး​ လမ်း​ချော်တိမ်း​မှောက်ခဲ့​တယ်လို့​ မျက်မြင်တဦး​က ​ပြောပါတယ်။ ရထား​နောက်ဆုံး​တွဲဟာ ကမာရွတ်မြို့​နယ် လှည်း​တန်း​ ဘူတာအလွန် ရွာမ​ကျောင်း​လမ်း​ထောင့်​မှာ ပြုတ်ကျန်ပြီး​ လမ်း​ချော် တိမ်း​မှောက်သွား​တာလို့​ ဆိုပါတယ်။ တိမ်း​မှောက်မှု​ကြောင့်​ အမျိုး​သား​ ၃ ဦး​နဲ့​ အမျိုး​သမီး​တဦး​ ဒဏ်ရာရပြီး​ ​ရန်ကုန်ဆေးရုံ​ ပို့​လိုက်ရတယ်လို့​ ​ပြောပါတယ်။ “​ယောက်ျား​လေး​ ၃ ​ယောက်၊​ မိန်း​က​လေး​ ၁ ​ယောက် ဒဏ်ရာရသွား​တယ်။ ဘီး​တဘီး​က လမ်း​ဘေး​ကို ​ချော်ထွက်ပြီး​ ​မှောက်သွား​တာ။ လာကြည့်​တဲ့​ သူ​တွေက​တော့​ အများ​ကြီး​ပဲ။” ရထား​မှောက်မှုနဲ့​ ပတ်သက်လို့​ ကမာရွတ်ရဲစခန်း​ တွဲဖက်တာဝန်မှူး​က “​မှောက်တာက​တော့​ ​သေချာတယ်။ ဒါ​ပေမယ့်​ ဖြစ်စဉ်တို့​ ဘာတို့​က​တော့​ တာဝန်ရှိတဲ့​သူ​တွေသွား​ပြီး​ သူ့​ဘာသာ ချက်ချင်း​ သတင်း​တက်​နေပါတယ်။ ကျ​နော်တို့​ကြား​တာက​တော့​ လမ်း​ချော်တာ​ပေါ့​နော်။ ​နောက်ဆုံး​တွဲ တတွဲ ​မှောက်တာ​ပေါ့​။ မြို့​နယ်မှူး​၊​ စခန်း​မှူး​ အကုန်သွား​ကြတာ” လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up