လိင်ပြောင်း မာဖီးယားဂိုဏ်းခေါင်းဆောင်တဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပစ်သတ်ခံရသည့် မာဖီးယားဂိုဏ်းခေါင်းဆောင် ဂျီအိုဗန်နီအဲရီဘော်လီ (ယာ)။
အသက် ၄၁ နှစ်အရွယ် ဂျီအိုဗန်နီအဲရီဘော်လီ အမည်ရတဲ့ လိင်ပြောင်း မာဖီးယားဂိုဏ်းခေါင်းဆောင်တဦးရဲ့ အလောင်းကို ပျောက်ဆုံးပြီးနောက် ၃ ရက်အကြာမှာ အီတလီနိုင်ငံ၊ နေပယ်လ်ပင်လယ်အော်မှာ တွေ့ရှိခဲ့ရတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Independent သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ မသေဆုံးခင်မှာ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံထားခဲ့ရပြီးနောက် တူးမြောင်းတခုတွင်းမှာ ပစ်ထားခံခဲ့ရတာပါ။ သူ့ရဲ့ ခန္ဓာကိုယ်တ၀က်ကို တူးမြောင်းထဲ နှစ်မြုပ်ထားကာ ဦးခေါင်းကို ၂ ချက်နဲ့ ခန္ဓာကိုယ်ကို တချက်စီ သေနတ်နဲ့ ပစ်သတ်ခံထားရကာ ကွပ်မျက်တဲ့ပုံစံနဲ့ အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ အဲရီဘော်လီဟာ မွေးကာစက မိန်းကလေးတဦးအနေနဲ့ မွေးဖွားလာခဲ့ပြီး နောက်ပိုင်းမှာတော့ အမျိုးသားတဦးအဖြစ် ခွဲစိတ်ပြုပြင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သူ ပျောက်ဆုံးနေခဲ့တာ ၃ ရက်ကြာပြီးနောက် မေလ ၁၃ ရက်နေ့မှာမှ သူ့ရဲ့အလောင်းကို ပြန်တွေ့ခဲ့ရတာပါ။ သူဟာ မသေဆုံးခင် ဒူးထောက်ဖို့ အမိန့်ပေးခိုင်းစေခံခဲ့ရပြီးမှ သတ်ခဲ့ပုံပေါ်တယ်လို့ ရဲတွေက ပြောပါတယ်။ အဲရီဘော်လီဟာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက်တဲ့ အမှုတွေနဲ့ ထောင်ကျခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ သူဟာ နာပိုလီမြို့မှာ ဘလူးမွန်းအမည်နဲ့ ကော်ဖီဆိုင်တဆိုင်ပိုင်ဆိုင်ပြီး ခုလို အသတ်ခံရတာဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်တာ ဟုတ်မဟုတ်ကို မပြောနိုင်သေးဘူးလို့ ရဲတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up