စစ်တွေတွင် ဗုံးပေါက်ကွဲ – လူ ၇ ဦးသေဆုံး
အေးနိုင်
·
September 1, 2011
ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်းရွာမှာ ဗုံးတလုံး ပေါက်ကွဲလို့ ကလေး ၂ ဦး အပါအဝင် လူ ၇ ဦး သေဆုံးတယ်လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။
မနေ့က သံတိုသံစကောက်သူတဦးက မြေကြီးကို တူးဆွရာက ဗုံးတလုံး ထွက်ပေါ် လာတာကို ဝိုင်းကြည့်နေချိန်မှာ ပေါက်ကွဲတာလို့ ပြောပါတယ်။
“လူကြီး ၅ ယောက်ကတော့ ပွဲချင်းပြီးဆိုတော့ ဆေးရုံကို မရောက်တော့ဘူး။ ကလေးတော့ ရောက်လာတယ်။ ကလေးတွေလည်း ဆေးရုံမှာ ဆုံးသွားကြတယ်။”
သဲချောင်းရွာဟာ ပင်လယ်ကမ်းစပ်အနီးမှာ ရှိပြီး မွတ်စလင်ဘာသာဝင် အများစု နေထိုင်တယ်လို့ သိရပါတယ်။