DVB Logo
Home
မြန်မာသတင်း
တခုတည်းသော ငွေလဲလှယ်နှုန်း သတ်မှတ်ရေး အလျင်စလို မဆုံးဖြတ်ဟုဆို
DVB
·
September 1, 2011
တခုတည်းသော ငွေလဲလှယ်နှုန်း သတ်မှတ်ရေး အလျင်စလို မဆုံးဖြတ်ဟုဆို
1 / 3
Donate to DVB

တခုတည်းသော နိုင်ငံခြားငွေလဲလှယ်နှုန်း သတ်မှတ်ဖို့  ပြည်သူ့လွှတ်တော်က အတည် ပြုထားပေမယ့် အလျင်စလို မသတ်မှတ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးက  ပြောလိုက်ပါတယ်။

[caption id="attachment_14997" align="alignright" width="310" caption="ရန်ကုန်မြို့​ မဂိုလမ်းက ​ဒေါ်လာ အရောင်းအဝယ်​ဈေးကွက် တနေရာ"][/caption]

ဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ် ငွေလဲနှုန်း ကျဆင်းမှုကြောင့် အခက်ကြုံနေတဲ့ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေး ဆောင်ရွက်ပေးဖို့ တွံတေး မဲဆန္ဒနယ်က ဦးစိုးသာက အဆိုတင်ပြတာကို ၀န်ကြီးက အဲဒီလို တုံ့ပြန်ဖြေကြားတာပါ။

ငွေလဲနှုန်းကို အလျင်စလို ပြောင်းလဲသတ်မှတ်ရင် ဆိုးကျိုးတွေ သက်ရောက်လာ နိုင်တာကို သတိပြုဖို့လိုတယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ထောက်ပြပြီး ရှင်းလင်ပြောကြား သွားတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တဦးက ပြောပြပါတယ်။

“လက်ရှိအခြေအနေအရ နိုင်ငံခြားငွေလဲလှယ်နှုန်းကို သတ်မှတ်ဖို့ လိုလာပြီဆိုတာ သူပြောတယ်။ ဘယ်လောက်ငွေကြေး သတ်မှတ်မယ်ဆိုတာ သူမပြောဘူး။ ဒါပေမယ့် အလျင်စလိုမလုပ်ဘဲနဲ့  အခြေအနေ အရပ်ရပ်ကို တွက်ချက်ပြီးတော့မှ ဆုံးဖြတ်ရမယ်ဆို တာကို ပြောသွားတာပဲ။”

အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁,၀၀၀ ၀န်းကျင် ငွေလဲနှုန်း သတ်မှတ်ဖို့ ကိုယ်စားလှယ်တချို့က အကြံပြုထားပါတယ်။

လက်ရှိ အစိုး​ရနှုန်း​ဟာ အ​မေရိကန်တ​ဒေါ်လာကို ၅ ကျပ်ခွဲ​ကျော်လို့​ ကမ္ဘာ့​ဘဏ် ​ဖော်ပြချက်အရ သိရပြီး​ ​ဈေး​ကွက်မှာ​တော့​ ၇၅၀ ကျပ်​အောက်ကို ​ရောက်​နေပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသတ်မှတ်တဲ့ နိုင်ငံခြားငွေနှုန်းနဲ့ အက်ဖ်အီးစီ-နိုင်ငံခြားငွေ လက်မှတ်အပြင် ဈေးကွက်ပေါက်ဈေး၊ ဟွန်ဒီငွေလွှဲနှုန်း၊   earning (ပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို ပြန်ရောင်းတဲ့ဈေး)၊ account transfer ငွေလဲနှုန်း စသဖြင့် အမျိုးမျိုး ဖြစ်နေတာကို ဘဏ္ဍာရေးဝန်ကြီးက အသိအမှတ်ပြု ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ် ဖြစ်လာဖို့ နိုင်ငံခြားငွေလဲနှုန်းကို အမြန်ဆုံး ပြင်ဆင်သတ်မှတ်ဖို့ လိုနေတယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013