A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​ကော်မတီတွင် ​ဒေါ်​အောင်ဆန်း​စုကြည် ပါဝင်​ရေး​ လွှတ်​တော်၌ ​ဆွေး​နွေး

မြန်မာပြည် ထာဝရငြိမ်း​ချမ်း​ရေး​ အမြဲတမ်း​ကော်မတီဖွဲ့​စည်း​ရေး​အဆိုကို အမျိုး​သား​လွှတ် ​တော်မှာ ​ဆွေး​နွေး​ကြရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ပါဝင်ခွင့်​ပြုဖို့​ ထည့်​သွင်း​ဆွေး​နွေး​ တယ်လို့​ သိရပါတယ်။ ကချင်ပြည်နယ်က ဦး​ထွန်း​လွင် တင်သွင်း​တဲ့​အဆိုကို တိုင်း​ရင်း​သား​ကိုယ်စား​လှယ် ၁၃ ​ယောက် အပြန်အလှန်​ဆွေး​နွေး​စဉ် ရခိုင်တိုင်း​ရင်း​သား​များ​တိုး​တက်​ရေး​ပါတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က အဲဒီလိုတင်ပြ​ဆွေး​နွေး​တာလို့​ လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဖုန်း​ မြင့်​အောင်က ​ပြောပြပါတယ်။ “​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​ မိန့်​ခွန်း​ကို သူက အနှစ်ချုပ်ဖတ်ပြပြီး​တော့​ တိုင်း​ပြည်ရဲ့​ အများ​သူငါ​လေး​စား​တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို အဲဒီ​ကော်မရှင်မှာ ထည့်​ သွင်း​ဖို့​ သူက အကြံပြုတယ်။ အဲဒီ​ကော်မရှင်မှာလည်း​ ပြည်ပပုဂ္ဂိုလ်​တွေ တိုင်း​သိပြည်သိ ​လေး​စား​တဲ့​လူ​တွေ ထည့်​ဖို့​ပေါ့​ဗျာ။” တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေက​တော့​ တိုင်း​ပြည်ငြိမ်း​ရေး​ရှိမှ ဖွံ့​ဖြိုး​တိုး​တက် မယ်ဆိုတဲ့​အချက်ကို အဓိက ​ဆွေး​နွေး​သွား​တယ်လို့​လည်း​ ​ပြောပါတယ်။ “ယာယီ​ကော်မတီပဲဖွဲ့​လို့​ အား​မရလို့​ အမြဲတမ်း​ကော်မတီဖွဲ့​ဖို့​ ကျယ်ကျယ်ပြန့်​ပြန့်​ လုပ်ဖို့​ ​ပြောတာပါ။ ဒီ​ကော်မတီဖွဲ့​တာ​တော့​ အလုပ်ဖြစ်​အောင် ဖွဲ့​တာပါ။ ဘာလို့​လဲဆို​တော့​ တပ်မ​တော်ဘက်က ကိုယ်စား​လှယ်တချို့​လည်း​ သူတို့​က တိုင်း​ပြည်ငြိမ်း​ချမ်း​မှ စီး​ပွား​ရေး​ တက်မယ်ဆိုတာ ​ဆွေး​နွေး​တဲ့​ရည်ရွယ်ချက်က ဒါကိုပဲ ​ဇောင်း​ပေး​တာကိုး​။ ငြိမ်း​ချမ်း​ရေး​ကော်မတီဖွဲ့​စည်း​ဖို့​ အဆိုကို လွှတ်​တော်က အတည်ပြု ဆုံး​ဖြတ်လိုက် ​ပေမယ့်​ ဒီ​ကော်မတီမှာ ဘယ်သူ​တွေ ပါဝင်မယ်ဆိုတာကို​တော့​ မဆုံး​ဖြတ်ရ​သေး​ပါဘူး​။ အမျိုး​သား​လွှတ်​တော်က အသစ်ဖွဲ့​စည်း​ထား​တဲ့​ ယာယီ​ကော်မတီ ၈ ခုမှာ တိုင်း​ရင်း​ သား​ရေး​ရာနှင့်​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု​ကော်မတီ ပါဝင်ပါတယ်။ ပြည်သူ့​လွှတ်​တော်အစည်း​ဝေး​တွေမှာ တိုင်း​ရင်း​သား​ဒေသ​တွေက လက်နက်ကိုင် ပဋိပက္ခ​တွေ၊​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆောင်ရွက်မယ့်​ အ​ခြေအ​နေ​တွေနဲ့​ပတ်သက်ပြီး​ တိုင်း​ရင်း​သား​ကိုယ်စား​လှယ်တချို့​က ​မေး​မြန်း​သွား​ပေမယ့်​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော် ဆန်း​က တိတိကျကျမ​ဖြေဘဲ သက်ဆိုင်ရာ​ကော်မတီ​တွေ ဖွဲ့​စည်း​ထား​တယ်လို့​ပဲ ​ဖြေကြား​ သွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up