A d v e r t i s e m e n t With Us

ပြည်နယ်ဝန်ကြီး​ချုပ်နှင့်​ အချင်း​များ​၍ စက်မှုဇုန်​ပေါ်​ပေါက်​ရေး​ ​ဆွေး​နွေး​ပွဲ ရပ်နား

ကရင်ပြည်နယ်မှာ စက်မှုဇုန်အ​ကောင်အထည်​ဖော်​ရေး​ ​ဆွေး​နွေး​ရာ ပြည်နယ်ဝန်ကြီး​ ချုပ်နဲ့​ တက်​ရောက်သူတဦး​ စကား​အ​ချေအတင် ဖြစ်ပြီး​ ​ဆွေး​နွေး​ပွဲ အ​ဖြေမ​ပေါ်ဘဲ ရပ်သွား​ ပါတယ်။ ဘား​အံနဲ့​ လှိုင်း​ဘွဲမြို့​ကြား​မှာ ဒီစက်မှုဇုန်တည်​ဆောက်​ရေး​ အလုပ်ရုံ​ဆွေး​နွေး​ပွဲကို ဘား​အံမြို့​တော်ခန်း​မမှာ ဒီ​နေ့​လုပ်တဲ့​အခါ ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဇော်မင်း​အပါအဝင် တာဝန်ရှိသူ​တွေနဲ့​ ရန်ကုန်၊​ ​မော်လမြိုင်၊​ ဘား​အံ၊​ မြဝတီမြို့​တို့​က လုပ်ငန်း​ရှင်​တွေ၊​ ကုန် သည်​တွေ တက်​ရောက်ကြပါတယ်။ စက်မှုဇုန်​နေရာချထား​ရေး​ အဖွဲ့​ဖွဲ့​ရင် ပါဝင်ခွင့်​ပေး​ဖို့​ လှိုင်း​ဘွဲကတဦး​က ​ဆွေး​နွေး​ရာမှာ ဒီပုဂ္ဂိုလ်နဲ့​ဖြစ်ခဲ့​ဖူး​တဲ့​ ပြဿနာကို ပြည်နယ်ဝန်ကြီး​ချုပ်က ပြန်​ဖော်လို့​ အချင်း​များ​ပြီး​ ​ဆွေး​နွေး​ပွဲရပ်သွား​တာလို့​ တက်​ရောက်သူနဲ့​နီး​စပ်သူက ​ပြောပါတယ်။ “မင်း​က အဲဒီကိစ္စကို ထ​ပြောရင် မင်း​ပြဿနာကို ငါရှင်း​ရတာဆိုပြီး​တော့​ အဲဒီလို နည်း​နည်း​အချင်း​များ​ပြီး​တော့​ အစည်း​အ​ဝေး​ကို ​နောက်ဆုံး​မှာ ရုပ်သိမ်း​လိုက်တယ်။ ပြတ်ပြတ်သား​သား​ အ​ဖြေမ​ပေါ်ဘူး​။” ဒီပုဂ္ဂိုလ်ကို ဦး​ဇော်မင်း​က တပ်မ​တော်အစိုး​ရလက်ထက်တုန်း​က ​မြေကွက် ချ​ပေး​ရာမှာ ​ဒေသခံ​တွေနဲ့​ ဖက်သမား​တွေနဲ့​ ပြဿနာတက်တုန်း​က ​ဖြေရှင်း​ရဖူး​တာကို ရည်ညွှန်း​တာလို့​ ဆိုပါတယ်။ စက်မှုဇုန်အ​ရေး​ ​ဆွေး​နွေး​ပွဲ ဘယ်​တော့​ထပ်လုပ်မယ်ဆိုတာ မသိရ​သေး​ပါဘူး​။ သမ္မတက သ​ဘောတူထား​ပြီး​ဖြစ်တဲ့​ ကရင်ပြည်နယ်အထူး​စီး​ပွား​ရေး​ဇုန်မှာ စက်ရုံ ၅၀ အထိ ပါဝင်မှာဖြစ်လို့​ အလုပ်အကိုင် အခွင့်​အလမ်း​တွေ တိုး​လာမှာလို့​ ပြည်​ထောင်စု စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​က ဒီလ ၁၆ ရက် အမျိုး​သား​စက်မှုလုပ်ငန်း​ဖွံ့​ဖြိုး​ တိုး​တက်​ရေး​ ​ကော်မတီအစည်း​အ​ဝေး​မှာ ​ပြောကြား​ထား​ပါတယ်။ ဒီဇုန်မှာ အထည်ချုပ်၊​ ရာဘာ၊​ သစ်အ​ချောထည်၊​ အသီး​အရွက် စတဲ့​စက်ရုံ​တွေ ပါဝင်မယ်လို့​ ဆိုပါတယ်။ ပြည်နယ်အစိုး​ရ ရှင်း​ပြချက်အရ စက်မှုဇုန်တည်​ဆောက်မယ့်​ ​နေရာဟာ ဘား​အံ-လှိုင်း​ဘွဲကား​လမ်း​တ​လျှောက် စံဖရီး​ရွာအနီး​ ဧက ၁,၀၀၀ ​လောက် ကျယ်ဝန်း​ပြီး​ အရင် ယခင်အစိုး​ရလက်ထက်က ကြက်ဆူပင်စိုက်တဲ့​နေရာဖြစ်​ကြောင်း​ သိရပါတယ်။ ဘား​အံ​ဒေသခံတဦး​က​တော့​ စီမံကိန်း​နေရာဟာ စစ်​ရေး​အရ တိုက်ပွဲ​တွေနဲ့​ အလှမ်း​ ကွာတယ်လို့​ ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up