A d v e r t i s e m e n t With Us

လူငယ်နှစ်ဦး​ကို အာဏာပိုင်များ​က ညှဉ်း​ပန်း​နှိပ်စက်ပြီး​ စစ်​ဆေး

ပဲခူး​တိုင်း​က လူငယ်နှစ်ဦး​ကို အာဏာပိုင်​တွေက ဖမ်း​သွား​ပြီး​နောက် ၂ ရက်ဆက်တိုက် အစာမ​ကျွေး​၊​ ​ရေမတိုက်၊​ အိပ်ခွင့်​မ​ပေး​ဘဲ ညှဉ်း​ပန်း​စစ်​ဆေး​တယ်လို့​ စုံစမ်း​သိရှိရ​ကြောင်း​ ဒီလူငယ်​တွေရဲ့​ မိသား​စုနဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။ ပဲခူး​တိုင်း​ ပြည်မြို့​က ​မောင်ဇာနည်ထွန်း​နဲ့​ အုတ်ဖိုက ​မောင်​ဝေဖြိုး​တို့​ကို ခုလ ၁၂ ရက်မှာ အင်း​မမြို့​မှာ ဖမ်း​သွား​ပြီး​နောက် အင်း​မရဲစခန်း​နဲ့​ ပြည်အမှတ် ၁ ရဲစခန်း​တို့​မှာ စစ် ​ဆေး​တာလို့​ ဆိုပါတယ်။ သူတို့​ ၂ ဦး​ကို မိသား​စုနဲ့​ ​တွေ့​ခွင့်​မ​ပေး​ဘူး​လို့​လည်း​ ​ပြောပါတယ်။ ဖမ်း​ဆီး​စဉ်က သူတို့​စီး​လာတဲ့​ ဆိုင်ကယ်ကိုယ်ထည်ထဲက နိုင်ငံ​ရေး​ အကျဉ်း​သား​ လွတ်​မြောက်​ရေး​လှုံ့​ဆော်တဲ့​ ပိုစတာ ၃ ခုကို ရဲက သိမ်း​ဆည်း​ရမိပြီး​ သူတို့​ပစ္စည်း​ ဟုတ် မဟုတ်ဆိုတာ မသိရဘူး​လို့​ ဆိုပါတယ်။ မောင်ဇာနည်ထွန်း​နဲ့​ ​မောင်​ဝေဖြိုး​တို့​ကို ပြည်အကျဉ်း​ထောင်မှာ ချုပ်​နှောင်ထား​ပြီး​ စက်တင်ဘာ ၁၄ ရက်မှာ တရား​ရုံး​ထုတ်မယ်လို့​ သိရပြီး​ မတရား​အသင်း​နှင့်​ဆက်သွယ်မှု ပုဒ်မ ၁၇၊​၁ နဲ့​ တရား​စွဲခံရဖွယ်ရှိတယ်လို့​ မိသား​စုဝင်တဦး​က ​ပြောပါတယ်။ အာဏာပိုင်​တွေကိုယ်နှိုက်က ဥပ​ဒေမလိုက်နာဘဲ ညှဉ်း​ပန်း​နှိပ်စက် စစ်​ကြောမှု ​ကြောင့်​ အသက်ဆုံး​ရမှု​တွေနဲ့​ပတ်သက်လို့​ ပြည်ပအ​ခြေစိုက် အာရှလူ့​အခွင့်​အ​ရေး​ကော်မ ရှင်က ​ရှေ့​နေဦး​မင်း​လွင်က ​ဝေဖန်​ပြောကြား​ပါတယ်။ “ဥပ​ဒေထဲမှာပဲ ရှိ​နေပြီး​တော့​ လက်​တွေ့​ လိုက်နာကျင့်​သုံး​ခြင်း​ မရှိဘဲနဲ့​ သက်ဆိုင် ရာ အာဏာပိုင်​တွေကိုယ်တိုင် ကျူး​လွန်​ဖောက်ဖျက်​နေဆဲ ဖြစ်တယ်ဆိုတာကို ကျ​နော်တို့​ ​တွေ့​ရတယ်။ ကျူး​လွန်​ဖောက်ဖျက်တဲ့​ကိစ္စ​တွေကို အ​ရေး​ယူဖို့​ တိုင်တန်း​တဲ့​အခါ​တွေမှာ လည်း​ အ​ရေး​ယူခြင်း​မရှိတာကို ​တွေ့​ရတယ်။” စစ်​ထောက်လှမ်း​ရေး​ရဲ့​ စစ်​ကြော​ရေး​မှာ နည်း​မျိုး​စုံ ညှဉ်း​ပန်း​နှိပ်စက်လို့​ အသက် ဆုံး​ရသူတွ၊​ စိတ်ကျန်း​မာ​ရေး​ဆေး​ရုံ​ရောက်ရသူ​တွေ၊​ ခန္တာကိုယ်ကို မီး​ရှို့​နှိပ်စက်ခံရသူ​တွေ ရှိခဲ့​ပါတယ်လို့​ ဦး​မင်း​လွင်က ​ပြောပါတယ်။ မြန်မာပြည်ကို ဒီလအတွင်း​ လာ​ရောက်သွား​တဲ့​ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ မစ္စတာကင်တား​နား​က​တော့​ အကျဉ်း​ထောင်နဲ့​ စစ်​ကြော​ရေး​စခန်း​ တို့​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ညှဉ်း​ပန်း​ နှိပ်စက်မှု​တွေအတွက် စိုး​ရိမ်​ကြောင်း​ ​ပြောကြား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up