DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​အဆင့်​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ လုပ်ရန်မရှိ​သေး
DVB
·
August 31, 2011
အမျိုး​သား​အဆင့်​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ လုပ်ရန်မရှိ​သေး
Donate to DVB

အမျိုး​သား​အဆင့်​ နိုင်ငံ​ရေး​ဆိုင်ရာ အလုပ်ရုံ​ဆွေး​နွေး​ပွဲ ကျင်း​ပဖို့​ အစီအစဉ်မရှိ​သေးဘူး​လို့​ သမ္မတရဲ့​နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​က ​ပြောကြား​လိုက်ပါတယ်။

[caption id="attachment_14956" align="alignright" width="310" caption="​ဒေါက်တာ​နေဇင်လတ်"][/caption]

ဒေါ်​အောင်ဆန်း​စုကြည်အပါအဝင် ပြည်တွင်း​ပြည်ပက နိုင်ငံ​ရေး​ လှုပ်ရှား​နေသူ​တွေကိုပါဖိတ်​ခေါ်ပြီး​ အစိုး​ရသစ်က ​နေပြည်​တော်မှာ နိုင်ငံ​ရေး​အလုပ်ရုံ​ဆွေး​နွေး​ပွဲ ကျင်း​ပဖို့​ စီစဉ်​နေတယ်ဆိုတဲ့​ ပြည်ပမီဒီယာ​တွေရဲ့​ ​ဖော်ပြချက်​တွေကို နိုင်ငံ​ရေး​အကြံ​ပေး​အဖွဲ့​ဝင် ​ဒေါက်တာ​နေဇင်လတ်က ​ပြောကြား​လိုက်တာပါ။

“အမျိုး​သား​အဆင့်​ ​ဆွေး​နွေး​ပွဲကို​တော့​ ကျ​နော်တို့​က မှတ်ချက်​ပေး​လို့​ မရဘူး​ဗျ။ ဥပမာ၊​ လူတစု သူ့​ဟာသူ သီး​သီး​သန့်​သန့်​ ညှိနှိုင်း​ကြတာ​တော့​ ရှိ​ကောင်း​လည်း​ ရှိမှာ​ပေါ့​။ အမျိုး​သား​အဆင့်​သွား​မယ့်​ ​ဆွေး​နွေး​ပွဲတခုကို ​ရှေ့​လလုပ်ပါမယ်လို့​ ကျ​နော်တို့​ ဘယ်လို သွား​သိနိုင်မှာလဲ။ ကျ​နော်တို့​က လူကြီး​ရှေ့​ရောက်တဲ့​ပုံစံ ဖြစ်​နေတာ​ပေါ့​။ ကျ​နော်တို့​က အကြံ​ပေး​သက်သက်ပဲ။ အကြံဥာဏ်​တော့​ ​ပေး​တာ​ပေါ့​။ အစီအစဉ်တကျက​တော့​ ဘယ်ဟာပြီး​ရင် ဘာလုပ်မယ်ဆိုတာ​တော့​ ကျန်တာ​တော့​ သမ္မတကြီး​နဲ့​ အစိုး​ရအဖွဲ့​ကြီး​က ဆုံး​ဖြတ် မယ့်​ကိစ္စရပ်ကို။ ကျ​နော်တို့​ ဆုံး​ဖြတ်လို့​ရတဲ့​ ကိစ္စမဟုတ်ဘူး​လေ။”

မီဒီယာ​တွေရဲ့​ ​မေး​မြန်း​ချက်ကို ​ဖြေကြား​ခဲ့​ပုံကို ​ဒေါက်တာ​နေဇင်လတ်က ရှင်း​ပြပါတယ်။

“အခု​လော​လောဆယ်​တော့​ စီး​ပွား​ရေး​တို့​၊​ ကျန်း​မာ​ရေး​တို့​၊​ ပညာ​ရေး​တို့​ပေါ့​၊​ ဒါ​တွေ လည်း​ဆက်လုပ်သွား​မယ်။ ဆက်တိုက်​တော့​ ရှိ​နေမှာ​ပေါ့​၊​ ကျ​နော်က အဲဒီလို​ဖြေလိုက် တယ်၊​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲအ​ကြောင်း​ကို​တော့​ မကြား​မိ​သေး​ပါဘူး​၊​ မသိ​သေး​ပါဘူး​လို့​ ​ဖြေ လိုက်​ပေမယ့်​ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲကို လုပ်​တော့​မယ်၊​ in the near future ​ရေး​တဲ့​အခါ ကျ​တော့​ ဆန့်​ကျင်ဘက်ကြီး​ဖြစ်​နေတာ​ပေါ့​။ ”

သတင်း​ဖော်ပြခဲ့​တဲ့​ ပြည်တွင်း​ပြည်ပမီဒီယာ​တွေကိုလည်း​ ​ဒေါက်တာ​နေဇင်လတ် က ​မေတ္တာရပ်ခံ​ပြောကြား​ပါတယ်။

“ကျ​နော်တို့​ အခုလို အကူး​အ​ပြောင်း​ကာလမှာ ​တော်​တော်​လေး​ကို သတိထား​ပြီး​ ​ပြောကြဆိုကြ၊​ သတင်း​တွေ ​ပေး​ကြယူကြရင် ​ကောင်း​တာ​ပေါ့​၊​ သတင်း​ပေါ်ပြူလာဖြစ်သွား​ ​အောင်လို့​ ချဲ့​ကား​လိုက်တဲ့​အခါမျိုး​ကျ​တော့​ ကျ​နော်တို့​ဘက်က သတင်း​ပေး​ရတဲ့​အခါမှာ နည်း​နည်း​လေး​ ခက်ခဲသွား​တယ်။ တဘက်ကလည်း​ အဲဒါ​လေး​ကို အ​ပေး​အယူ​လေး​နဲ့​ မျှမျှ တတ လုပ်ကြမယ်ဆိုရင်​တော့​ ပို​ကောင်း​မယ်​ပေါ့​။ ကျ​နော်တို့​ ကျင့်​ဝတ်​တွေ ရှိကြပါတယ်။ ကျင့်​ဝတ်တိုင်း​သာ လိုက်နာနိုင်မယ်ဆိုရင်​တော့​ ကျ​နော်တို့​ အရှည်သဖြင့်​ ပို​ကောင်း​တာ ​ပေါ့​။ ”

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013