DVB Logo
Home
မြန်မာသတင်း
ဆင်း​ရဲသား​ချေး​ငွေ ထုတ်​ပေး​ရာ၌ မတရား​မှုများ​ ဖြစ်​နေ
DVB
·
August 31, 2011
ဆင်း​ရဲသား​ချေး​ငွေ ထုတ်​ပေး​ရာ၌ မတရား​မှုများ​ ဖြစ်​နေ
Donate to DVB

ပဲခူး​တိုင်း​ သာယာဝတီမှာ ဆင်း​ရဲမှုတိုက်ဖျက်​ရေး​ ​ချေး​ငွေထုတ်​ပေး​ရာမှာ ခွဲခြား​မှု၊​ ဘက်လိုက်မှု​တွေ ဖြစ်ပွား​နေတယ်လို့​ ​ဒေသခံလယ်သမား​တွေက ​ပြောပါတယ်။

သာယာဝတီမြို့​နယ်၊​ ဂုံမင်း​မြောင်​ကျေး​ရွာအုပ်စုက ရွာသား​တဦး​က “ပိုက်ဆံ သိန်း​ ၁၀၀ ကို ကျ​နော်တို့​ကျေး​ရွာကို လွှဲလိုက်​တော့​ ဒီရွာထဲကလူကြီး​ ​တွေက သူတို့​နီး​စပ်ရာ ၁၀ ဦး​စီဖွဲ့​ပြီး​တော့​ သူတို့​ ပထမလုပ်ဖို့​အစီအစဉ်က လူ ၄၀ လုပ်ဖို့​အစီအစဉ်။ ကျ​နော်တို့​ သွား​ ​ပြောတာနဲ့​ ၁၀၀ ဖြစ်သွား​ပြီး​တော့​ တ​ယောက်ကို ၁ သိန်း​နှုန်း​ ရတယ်။ မရတဲ့​လယ်သမား​ ​တွေ အများ​ကြီး​ရှိတယ်” လို့​ ​ပြောပါတယ်။

မြို့​နယ် ​ကျေး​ရွာအုပ်စု ၄၈ ခုထဲက ဂုံမင်း​မြောင်၊​ ငဖြူ​လေး​၊​ ​ရေတွင်း​ကုန်း​၊​ သာယာ ​အေး​ စတဲ့​ ၄ အုပ်စုတည်း​ကို ​ငွေထုတ်​ချေး​နေပြီး​ အဲဒီမှာလည်း​ ​ချေး​ငွေရလိုသူ တဝက် ​လောက်ပဲ ရတယ်လို့​ သာယာဝတီနယ်ခံတဦး​က ​ပြောပါတယ်။

“​ကျေး​ရွာအုပ်စု​တွေ အများ​ကြီး​ရှိတဲ့​ထဲမှာ ဘာဖြစ်လို့​ ၄ အုပ်စုပဲ ​ပေး​တာလဲ။ အဲဒီ ၄ အုပ်စုမှာမှ တအုပ်စုကိုဆိုရင် အရည်အချင်း​တွေ တူ​နေလျက်သား​နဲ့​ လူကို လက်တို့​ပြီး​ ​ရွေး​ပေး​တာလဲဆိုတဲ့​ ပြဿနာ​တွေ ဖြစ်လာတယ်။ ဆင်း​ရဲမွဲ​တေမှု ​လျှော့​ချ​ရေး​ဆိုတာက လူကြား​အောင်ပဲ လုပ်တာလား​။”

ငွေထုတ်​ချေး​ရာမှာလည်း​ တ​နေ့​ဝင်​ငွေ ဘယ်​လောက်ရှိသူကို ဘယ်​လောက်​ချေး​ မယ် စတဲ့​ တိကျတဲ့​စည်း​မျဉ်း​စည်း​ကမ်း​ မရှိဘူး​လို့​လည်း​ သာယာဝတီနယ်ခံက ​ဝေဖန်ပါတယ်။

သာယာဝတီမြို့​သား​တဦး​က​တော့​ အခု​ချေး​ငွေကိစ္စ ​ဆောင်ရွက်​နေတဲ့​ ​ကျေး​ရွာအာ ဏာပိုင်​တွေထဲမှာ ​ခေတ်အဆက်ဆက် မသမာမှု ကျူး​လွန်ခဲ့​သူ​တွေ ပါဝင်​နေတာ ​တွေ့​ရ တယ်လို့​ ​ပြောပါတယ်။

“မဆလ​ခေတ်က လယ်သမား​တွေကို သွပ်ထုတ်​ပေး​တဲ့​အခါမှာ အလွဲသုံး​စား​လုပ် တဲ့​လူ၊​ ပြစ်ဒဏ်ကျဖူး​တဲ့​လူ၊​ နဝတ အစိုး​ရ​ခေတ်မှာလည်း​ လယ်သမား​တွေ ပဲဖိုး​ဆပ်တဲ့​ငွေ ​တွေကို အလွဲသုံး​စား​လုပ်ပြီး​တော့​ အမှုအခင်း​လူ​တွေ၊​ အဲဒီလိုလူ​တွေကို ဥက္ကဋ္ဌအဖြစ် ခန့်​ ထား​တာ ကျ​နော်တို့​တွေ့​ရတယ်။”

ချေး​ငွေပြဿနာနဲ့​ ပတ်သက်လို့​ ကူညီ​ဆောင်ရွက်​ပေး​ဖို့​ သာယာဝတီက လွှတ် ​တော်ကိုယ်စား​လှယ် ၂ ဦး​ကို ​ချေး​ငွေမရတဲ့​သူ ၂၀ ​ကျော်က အကူအညီ​တောင်း​ထား​တယ် လို့​လည်း​ သိရပါတယ်။

လော​လောဆယ် အစိုး​ရရဲ့​ ဆင်း​ရဲမှုတိုက်ဖျက်​ရေး​အတွက် ​ချေး​ငွေဘယ်​လောက် သုံး​စွဲမလဲဆိုတာ ရှင်း​ရှင်း​လင်း​လင်း​မသိရပါဘူး​။

ကုလသမဂ္ဂဖွံ့​ဖြိုး​ရေး​အစီအစဉ် (ယူအန်ဒီပီ) က အ​သေး​စား​ ​ချေး​ငွေလုပ်ငန်း​အ တွက် သုံး​ထား​တဲ့​ ကျပ် ၃၆ ဘီလီယံဟာ တနိုင်ငံလုံး​ ဆင်း​ရဲသား​တွေရဲ့​ လိုအပ်ချက်ရဲ့​ ၁၀ ရာခိုင်နှုန်း​ကိုပဲ ကာမိ​သေး​တယ်လို့​ လွန်ခဲ့​တဲ့​တပတ်က ထုတ်​ဖော်​ပြောဆိုခဲ့​ပါတယ်။

မြန်မာပြည်မှာ တ​နေ့​ဝင်​ငွေ တ​ဒေါ်လာ (ကျပ်တ ​ထောင်​အောက်) ပဲ ဝင်​ငွေရှိတဲ့​ ဆင်း​ရဲသား​အ​ရေအတွက်ဟာ ၂၀၀၅ ခုနှစ်က ၃၂ ရာခိုင် နှုန်း​ရှိပြီး​၊​ ၂၀၁၀ မှာ ၂၆ ရာခိုင်နှုန်း​ ရှိတယ်လို့​ ယူအန်ဒီပီ စစ်တမ်း​တွေအရ သိရပါတယ်။ (မြန်မာပြည်မှာ လက်ရှိ လူဦး​ရေ ၅၄ သန်း​နီး​ပါး​ရှိပါတယ်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013