DVB Logo
Home
မြန်မာသတင်း
ဗြောင်မဲ​ပေး​စနစ်ကို လွှတ်​တော်ကိုယ်စား​လှယ်များ​ ​ဝေဖန်
DVB
·
August 31, 2011
ဗြောင်မဲ​ပေး​စနစ်ကို လွှတ်​တော်ကိုယ်စား​လှယ်များ​ ​ဝေဖန်
Donate to DVB

လွှတ်​တော်မှာ လျှို့​ဝှက်မဲစနစ်အစား​ ​ဗြောင်မဲ​ပေး​စနစ် ကျင့်​သုံး​နေတာကို လွှတ်​တော် ကိုယ်စား​လှယ်တချို့​က ​ဝေဖန်​နေပါတယ်။

အခုကျင်း​ပ​နေတဲ့​ ဒုတိယအကြိမ် ပြည်သူ့​လွှတ်​တော်ပုံမှန်အစည်း​အ​ဝေး​မှာ အဆို ပြုချက်တချို့​ကို မဲခွဲရာမှာ လျှို့​ဝှက်မဲ​ပေး​စက်ခလုတ် ရှိပါရက်နဲ့​ မတ်တတ်ရပ်ပြ​နေရတာလို့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။

“စက်က​တော့​ မပျက်ပါဘူး​။ သူတို့​ မ​နေ့​ကစမ်း​ကြည့်​တာ အား​လုံး​မှန်ပါတယ်။ ဒါ ​ပေမယ့်​ ဘာ​ကြောင့်​ဆိုတာ​တော့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေကြား​ထဲမှာ ​ဝေဖန်​နေကြ တာ​ပေါ့​။ ဒီစက်ခလုတ်​တွေကို ဘာလုပ်ထား​တာလဲ ဆိုပြီး​။”

အကျဉ်း​ထောင်ဥပ​ဒေပြင်ဆင်​ရေး​နဲ့​ အ​ရေး​ပေါ်စီမံချက် အက်ဥပ​ဒေရုပ်သိမ်း​ရေး​ အဆိုတင်ရာမှာ မဲအပြတ်နဲ့​ ရှုံး​နိမ့်​ထား​တဲ့​ သင်္ဃန်း​ကျွန်း​ မဲဆန္ဒနယ်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က​တော့​ ဒီမဲ​ပေး​စနစ်ဟာ လွှတ်​တော်ဥက္ကဋ္ဌရဲ့​ အဆုံး​အဖြတ်ဖြစ်​နေတယ်လို့​ ​ပြောပါ တယ်။

“လွှတ်​တော်ကိုယ်စား​လှယ်ဆိုတာ လွှတ်​တော်ဥက္ကဋ္ဌရဲ့​ အဆုံး​အဖြတ်ကို နာခံရမှာ ပဲ။ ဒီကိစ္စ ဘာမှ​ပြောစရာမရှိဘူး​။ ​ပြောစရာရှိတာက​တော့​ ​ဗြောင်မဲ​ပေး​စနစ်​အောက်မှာ ကျ​နော့်​အဆိုကို ​ထောက်ခံခဲ့​တဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်များ​ကို​တော့​ သိပ်​ကျေး​ဇူး​တင်ပါတယ်။”

လွှတ်​တော်ကိုယ်စား​လှယ် အများ​ဆုံး​ဖြစ်တဲ့​ ပြည်ခိုင်ဖြိုး​ပါတီကိုယ်စား​လှယ်​တွေက တင်ပြတဲ့​ ဥပ​ဒေပြု​ရေး​ အဆို​တွေက​တော့​ အား​လုံး​လိုလို အနိုင်ရ​နေပါတယ်။ လျှို့​ဝှက်မဲ စနစ်သာသုံး​ရင် အခုရှုံး​နိမ့်​သွား​တဲ့​ အဆိုပြုချက်​တွေကို ​ထောက်ခံသူ ခုထက်ပိုလာနိုင် တယ်လို့​ လွှတ်​တော်ကိုယ်စား​လှယ်တဦး​က ​ပြောပါတယ်။

“စပ်ကူး​မတ်ကူး​ကာလဆို​တော့​ လူ​တွေက ပွင့်​ပွင့်​လင်း​လင်း​ မရှိကြ​သေး​ဘူး​။ စက် ခလုတ်သုံး​ရင်လည်း​ ကျ​နော်တို့​ အဆိုက​တော့​ ရှုံး​မှာပဲ။ ဘာလို့​လဲဆို​တော့​ ဟိုဘက်က အင်အား​များ​နေတာကို။ သုံး​စေချင်တာ​ပေါ့​ဗျာ။ စက်ခလုတ်ခုံကြီး​ ​ရှေ့​မှာထား​ပြီး​ လူက မတ်တတ်ရပ်​နေတယ်ဆို​တော့​ သဘာဝသိပ်မကျဘူး​။ သုံး​စေချင်တယ်၊​ ဖြစ်​စေချတယ်။ အဲလိုမျိုး​ဆိုရင်​တော့​ ဒီထက်ပိုပြီး​ ​ထောက်ခံမဲ ပိုလာနိုင်တယ်လို့​ ကျ​နော်တို့​ မြင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013