Live
Home
မြန်မာသတင်း
ကေအိုင်အေနှင့် အစိုးရတပ် ၁၀ ရက်အတွင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွား
DVB
·
May 12, 2016
မြန်မာတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့အကြား ပြီးခဲ့တဲ့ မေ ၁ ရက်မှ ၁၀ ရက်ထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားပြီး ကေအိုင်အေဘက်က ၁ ဦးသေဆုံးကာ အစိုးရတပ်ဘက်က စစ်သည်တချို့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း ကေအိုင်အေ သင်တန်းကျောင်း ၁ ကျောင်း၊ စခန်းပုန်း ၅  ခု၊ လက်နက်မျိုးစုံ ၄ လက်နဲ့ ကျည်ဆန်၊ အာရ်ပီဂျီဗုံး၊ ဒေသန္တရမိုင်းတွေအပြင်  မော်တော်ယာဉ် ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးတို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ကေအိုင်အေအဖွဲ့ဝင်တွေဟာ ဧပြီ ၂၉ ရက် ညက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်ယားကျေးရွာအုပ်စု၊ စဘော့မှော်ကျေးရွာကနေ လူ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေ ၂ ရက်မှာ ၅ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ပြီး အမျိုးသား ၂ ဦးကိုတော့ ယခုတိုင် ပြန်မလွှတ်ပေးသေးဘူးလို့လည်း မြ၀တီသတင်းမှာ ဖော်ပြပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မေလ ၈ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကေအိုင်အေဘက်ကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024