DVB Logo
Home
သုံးသပျခကျြ
ဦး​သိန်း​စိန် အစိုး​ရ ဘာလုပ်​နေလဲ
DVB
·
August 31, 2011
ဦး​သိန်း​စိန် အစိုး​ရ ဘာလုပ်​နေလဲ
Donate to DVB

အခုရက်ပိုင်း​အတွင်း​ သမ္မတဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ အစိုး​ရအဖွဲ့​သစ်ရဲ့​ လှုပ်ရှား​မှု​တွေဟာ ခပ်စိပ်စိပ်ရှိလာပြီး​ ​လေ့​လာသုံး​သပ်​နေတဲ့​ နိုင်ငံ​ရေး​သမား​တွေနဲ့​ ပြည်သူ​တွေအကြား​မှာ သုံး​သပ်ရခက်တာ​တွေ ​တွေ့​မြင်လာ​နေရပါတယ်။ မကြာကာ​သေး​ခင်ကာလကပဲ ဝန်ကြီး​ ဦး​အောင်ကြည်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံပါတယ်။ အချိန်တို ကာလအတွင်း​ ၂ ကြိမ်​မြောက် ​တွေ့​တာပါ။

အဲဒီတ​နေ့​တည်း​မှာပဲ အသစ်စက်စက် ဖွဲ့​စည်း​ထား​တဲ့​ သမ္မတရဲ့​ သတင်း​ထုတ်ပြန် ​ရေး​အဖွဲ့​က ​နေပြည်​တော်မှာ ပထမဦး​ဆုံး​အကြိမ် သတင်း​စာရှင်း​လင်း​ပွဲ လုပ်ပါတယ်။ ​နောက်ထပ် သိပ်မကြာခင်မှာပဲ သမ္မတဟာ ​နေပြည်​တော်မှာ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေ အပါအဝင် အဖွဲ့​အစည်း​ပေါင်း​စုံက လူပုဂ္ဂိုလ်​တွေနဲ့​ ​တွေ့​ဆုံပြီး​ မိန့်​ခွန်း​ပြောပါတယ်။ အဲဒီပွဲ မှာပဲ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေကို သီး​သန့်​တွေ့​ဆုံပါတယ်။

နောက် ရက်ဆက်ဆိုသလိုပါပဲ၊​ ​နေပြည်​တော်မှာ စီး​ပွား​ရေး​ဆိုင်ရာ အမျိုး​သား​အ ဆင့်​ အလုပ်ရုံ​ဆွေး​နွေး​ပွဲတခု ကျင်း​ပပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဖိတ်ပါတယ်။ ​ဒေါ် ​အောင်ဆန်း​စုကြည်ကလည်း​ တက်​ရောက်ပါတယ်။ ဒါတင်မက ​နေပြည်​တော်မှာ ​ဒေါ် ​အောင်ဆန်း​စုကြည်ကို သမ္မတဦး​သိန်း​စိန်က လက်ခံ​တွေ့​ဆုံပါတယ်။

ဒီအ​ခြေအ​နေ​တွေ၊​ ဒီအ​ပေါ်က ထွက်လာတဲ့​ သတင်း​တွေကိုကြည့်​ပြီး​ တချို့​က ​တော့​ အစိုး​ရဟာ တကယ်ပဲ တိုင်း​ပြည်ကို ​ကောင်း​စေချင်တယ်၊​ အ​ပြောင်း​အလဲလည်း​ စ လုပ်​နေပြီ စသဖြင့်​ မြင်ကြပါတယ်။ တချို့​က​တော့​ နှစ်​ပေါင်း​ ၅၀ ​လောက် ခံစား​ခဲ့​ရတဲ့​ အ​တွေ့​အကြုံ​တွေအရ စစ်ဗိုလ်ချုပ်​ဟောင်း​တွေဦး​စီး​တဲ့​ အစိုး​ရအဖွဲ့​သစ်ဆိုတာကို မယုံ ကြည်ကြပါဘူး​။ ဘယ်ဟာ အမှန်ဖြစ်ပါမလဲဆိုတာ ​ဆွေး​နွေး​သုံး​သပ် တင်ပြပါမယ်။

အ​ကောင်း​ဘက်ကကြည့်​မယ်ဆိုရင်​တော့​ ​စောင့်​ကြည့်​နေသူတချို့​ပြောသလို သမ္မတကိုယ်တိုင်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မြန်မြန်ဆန်ဆန် ​တွေ့​ဆုံတယ်၊​ အန် အယ်လ်ဒီကိုလည်း​ အ​ရေး​မယူ​သေး​ဘဲ ထား​တယ်၊​ အ​ဝေး​ရောက်​နေသူ​တွေကိုလည်း​ ပြစ်မှုတစုံတရာ ကျူး​လွန်ထား​တာ မရှိရင် ပြန်လာခွင့်​ပေး​တယ်၊​ စီး​ပွား​ရေး​နဲ့​ ပတ်သက်ပြီး​ ပြုပြင်​ပြောင်း​လဲမှု​တွေ အဆက်မပြတ် လုပ်​နေတယ် စတာ​တွေကို မြင်ကြမှာဖြစ်ပါတယ်။ အခြား​တဖက်မှာ ကြည့်​ရင်​တော့​ ဒီလိုမဟုတ်​တော့​ပါဘူး​။ လက်ရှိ တိုင်း​ရင်း​သား​လက် နက်ကိုင်​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေနဲ့​ ပတ်သက်ရင် အစိုး​ရအဖွဲ့​သစ်ရဲ့​ သ​ဘောထား​ ကို ရှင်း​ရှင်း​လင်း​လင်း​ ထုတ်​ဖော်လာတာ ​တွေ့​ရပါတယ်။

အဲဒါနဲ့​ပတ်သက်ပြီး​ ပထမဦး​ဆုံး​ လုပ်ရပ်က​တော့​ ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​က ​နေပြည်​တော်မှာ ​ရေး​ရာ​ကော်မတီ အစည်း​အ​ဝေး​ ​ခေါ်ထား​လို့​ ​ရောက်​နေတဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေကို သူတို့​ အသင့်​ရေး​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​အတွက် ပန်ကြား​ချက် လက်မှတ်​ရေး​ထိုး​ခိုင်း​တဲ့​ ကိစ္စပါ။ အဲဒီပန်ကြား​ချက်ဆိုတာမှာ ဖြစ်ပွား​နေတဲ့​ ပဋိပက္ခ​တွေနဲ့​ ပတ်သက်ပြီး​ အစိုး​ရက လုပ်တာ​တွေမှန်တယ်၊​ တိုင်း​ရင်း​သား​လက်နက်ကိုင် ​တွေကသာ မှား​တယ်ဆိုတာမျိုး​ ​ဖော်ပြထား​ပါတယ်။ ဒါကို ပြည်သူ့​လွှတ်​တော်ကိုယ်စား​ လှယ် အ​ယောက် ၂၀ ကလည်း​ လက်မှတ်​ရေး​ထိုး​ပေး​လိုက်ပါတယ်။ အဲဒီ​နောက် အရင် စစ်အစိုး​ရနဲ့​ ပူး​ပေါင်း​ခဲ့​ပြီး​ အခု အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်​တွေအဖြစ် ​နေရာ​ပေး​ ထား​တဲ့​ ကချင်အထူး​ဒေသ ၁ က ဦး​ဆခုံတိန့်​ယိန်း​၊​ အရင် ​ကေအန်ယူ​ဟောင်း​ ဦး​မန်း​ ​အောင်တင်မြင့်​၊​ အရင် ပအို့​ဝ်အဖွဲ့​က ဦး​နေဝင်း​ထွန်း​တို့​ ၃ ဦး​ကိုလည်း​ လက်မှတ်​ရေး​ထိုး​ ခိုင်း​ပြီး​ သတင်း​စာ​တွေထဲ ထည့်​ကြော်ငြာပါတယ်။ ​နောက် ပုဂ္ဂလိက ဂျာနယ်​တွေကိုလည်း​ မထည့်​မ​နေရ ထည့်​ခိုင်း​ပါတယ်။

အဲဒါပြီး​နောက် သိပ်မကြာခင် သမ္မတရဲ့​ သတင်း​ထုတ်ပြန်​ရေး​အဖွဲ့​ခေါင်း​ဆောင် ပြန် ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က ​ကေအိုင်​အေဟာ သိပ်ပြီး​ဆိုး​သွမ်း​ကြောင်း​၊​ တပ်မ​တော် က​တော့​ စိတ်ရှည်သည်း​ခံ​နေ​ကြောင်း​ ရှည်ရှည်လျား​လျား​ ထုတ်​ဖော်​ပြောဆိုပါတယ်။ ဒါတင်မကပါဘူး​၊​ အဖွဲ့​အစည်း​ပေါင်း​စုံကို သမ္မတက မိန့်​ခွန်း​ပြောတဲ့​အခါမှာလည်း​ ​ကေအိုင် ​အေနဲ့​ပတ်သက်ပြီး​ ​ကေအိုင်​အေဘက်က အကြမ်း​ဖက်မှု လိုလား​သ​ယောင်​ယောင် အတိ အလင်း​ ​ပြောဆိုတာ​တွေ လုပ်လာပါတယ်။ အဲဒါနဲ့​ ဆက်တိုက်ပါပဲ။ အစိုး​ရပိုင် သတင်း​စာ ​တွေရဲ့​ ​နောက်​ကျောဖုံး​တွေမှာ ​ကေအိုင်​အေက အကြမ်း​ဖက်တာ​တွေ၊​ ၀ တပ်ဖွဲ့​က မိုင်း​ ​ထောင် ​ဖောက်ခွဲတာ​တွေ၊​ အက်စ်အက်စ်​အေက ပစ်ခတ်တာ​တွေကို ဆက်တိုက် ​ဖော်ပြ ပြန်ပါတယ်။ ဒါ​တွေကို ခြုံငုံသုံး​သပ်ကြည့်​ရင် ဦး​သိန်း​စိန်အစိုး​ရဟာ ကျင်း​ပ​နေဆဲ လွှတ်​တော်အစည်း​အ​ဝေး​မှာ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေနဲ့​ ပတ်သက်ပြီး​ တစုံတရာ အ​ရေး​ယူမယ့်​ ဆုံး​ဖြတ်ချက် ချဖို့​ ပြင်ဆင်​နေတယ်လို့​ ခန့်​မှန်း​နိုင်ပါတယ်။

နောက်ထပ် အ​ရေး​ကြီး​တာတခုလည်း​ လက်ရှိကျင်း​ပ​နေတဲ့​ လွှတ်​တော်အစည်း​ အ​ဝေး​ ကာလအတွင်း​မှာ ဖြစ်ပျက်ခဲ့​ပါတယ်။ အဲဒါက​တော့​ အရင် စစ်အစိုး​ရလက်ထက် ဝန်ကြီး​တွေ ဖြစ်ခဲ့​ပြီး​ အစိုး​ရအဖွဲ့​သစ် ဖွဲ့​တဲ့​အခါ ပါမလာတဲ့​ ဝန်ကြီး​ အား​လုံး​နီး​ပါး​လောက် ကို လွှတ်​တော်​ရေး​ရာ​ကော်မတီဥက္ကဋ္ဌ​တွေအဖြစ် ခန့်​ထား​လိုက်ခြင်း​ပါ။ အဲဒီအထဲမှာ ဦး​ဌေး​ဦး​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်​သောင်း​၊​ ဦး​စိုး​သာ၊​ ဦး​အောင်သိန်း​လင်း​နဲ့​ ဝန်ကြီး​ဟောင်း​ ​တွေ ပါဝင်ပြီး​ အား​လုံး​လိုလိုဟာ လက်ရှိ ကြံ့​ဖွံ့​ပါတီ ဗဟို​ကော်မတီဝင်​တွေ ဖြစ်​နေကြပါ တယ်။ ဒါ​တွေကိုကြည့်​ရင် အရင်စစ်ဗိုလ်ချုပ်​ဟောင်း​တွေ ဦး​ဆောင်တဲ့​ ဦး​သိန်း​စိန်အစိုး​ရ ဟာ သူတို့​အင်အား​ကို အဘက်ဘက်က​နေ ခိုင်မာ​အောင် တည်​ဆောက်​နေတာ ​တွေ့​နိုင်ပါ တယ်။

အရင်အာဏာရှင် ဗိုလ်ချုပ်​နေဝင်း​ ၁၉၆၂ အာဏာသိမ်း​တော့​လည်း​ မြို့​ပေါ်က နိုင်ငံ ​ရေး​ခေါင်း​ဆောင်​တွေ၊​ အစိုး​ရ​ခေါင်း​ဆောင်​တွေ အား​လုံး​ကိုဖမ်း​ပြီး​ လက်နက်ကိုင် တိုက် ခိုက်​နေသူ​တွေကို ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ဆိုပြီး​ ဖိတ်​ခေါ်ခဲ့​ဖူး​ပါတယ်။ ​နောက်ပိုင်း​ သူ့​အင်အား​ ခိုင်မာပြီဆိုတဲ့​အခါကျမှသာ မြို့​ပေါ်နိုင်ငံ​ရေး​သမား​တွေကို​ရော ​တောတွင်း​ လက်နက်ကိုင်အဖွဲ့​တွေကိုပါ ဘယ်သူ့​ကိုမှ ဂရုမစိုက်ဘဲ တိုင်း​ပြည်ကို လုပ်ချင်တာ လုပ်ခဲ့​ တဲ့​သာဓက ရှိပါတယ်။

အလား​တူပါပဲ၊​ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်း​လိုက်တဲ့​ စစ်အုပ်စုဟာလည်း​ ပြည်တွင်း​နိုင်ငံ​ရေး​အင်အား​စု​တွေ အင်အား​ကြီး​ အား​ကောင်း​လွန်း​အား​ကြီး​ ​တော့​ ၁၉၈၉ ခုနှစ်​နှောင်း​ပိုင်း​ကစလို့​ လက်နက်ကိုင်အင်အား​ကြီး​မား​တဲ့​ ၀ အပါအဝင် ဗကပ တပ်ဖွဲ့​ဟောင်း​တွေနဲ့​ အပစ်အခတ်ရပ်စဲတာ လုပ်ခဲ့​ပါတယ်။ အပစ်အခတ် ရပ်စဲ​ပေး​ လိုက်တာနဲ့​အတူ ဘယ်တုန်း​က၊​ ဘယ်အစိုး​ရကမှ လိုက်​လျော​ပေး​ခဲ့​ဖူး​ခြင်း​ မရှိတဲ့​ ကိုယ့်​ လက်နက်ကိုင်တပ် ကိုယ်တည်ရှိခွင့်​၊​ ကိုယ့်​နိုင်ငံ​ရေး​ပါတီနဲ့​ ကိုယ်လှုပ်ရှား​ခွင့်​၊​ ကိုယ့်​နယ် ​မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်​ စတာ​တွေပါ ​ပေး​အပ်ခဲ့​ပါတယ်။ ဒါတင်မက အစိုး​ရ ထိန်း​ချုပ် ထား​ရာ မြို့​ပေါ်မှာ​တောင် စီး​ပွား​ရှာခွင့်​ပြုခဲ့​တာဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်မှု​တွေ ကြီး​ကြီး​ကျယ်ကျယ် မလုပ်ရ​တော့​တဲ့​ အခါကျမှ သာ စစ်အစိုး​ရဟာ ​မြေ​ပေါ်က ​ဒေါ်​အောင်ဆန်း​စုကြည်​ခေါင်း​ဆောင်တဲ့​ အန်အယ်လ်ဒီ၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ အုပ်စု​တွေနဲ့​ အတိုက်အခံ အင်အား​စုမှန်သမျှကို ရက်ရက်စက်စက် ​ချေမှုန်း​ခဲ့​တာဖြစ်ပါတယ်။ စစ်အစိုး​ရ အဆက်ဆက်ဟာ စစ်​ရေး​အမြင် သ​ဘောတရား​အရ ရန်သူလို့​ သူတို့​သတ်မှတ်သူ​တွေကို အဘက်ဘက်က​နေ စစ်မျက်နှာမဖွင့်​ဘဲ စစ်မျက်နှာ ကျဉ်း​ပြီး​ အချိန်ဆွဲ ​ချေမှုန်း​လို့​ရ​အောင် လုပ်ကိုင်တဲ့​ နည်း​ပရိယာယ်တမျိုး​ကို ကျင့်​သုံး​ခဲ့​တာ ပဲဖြစ်ပါတယ်။

အခုလည်း​ ဒီလိုပါပဲ၊​ မြို့​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီကို အကြမ်း​ ဖက် အ​ရေး​ယူတာမျိုး​ မလုပ်ဘဲ ​ချွေး​သိပ်ထား​ပြီး​ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​ လက်နက်ကိုင်​တွေကို ​ချေမှုန်း​ဖို့​ ပြင်ဆင်​နေခြင်း​ပဲလို့​ ယူဆနိုင်ပါတယ်။ ဒါ​ပေမယ့်​ ​ခေတ်အ ခါက ​ပြောင်း​ခဲ့​ပြီမို့​ လက်ရှိ ဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ စစ်တပ်​ကျော​ထောက်​နောက်ခံပြု စစ်ဗိုလ်ချုပ်​ဟောင်း​များ​အစိုး​ရဟာ အန်အယ်လ်ဒီနဲ့​ ပြည်သူ​တွေကိုပဲ ဆက်လက် ​ချွေး​သိပ် ထား​နိုင်ဦး​မလား​၊​ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေကို အရင်တုန်း​ကလိုပဲ အပစ်အခတ်ရပ်စဲ​အောင် လှည့်​ဖြား​နိုင်ဦး​မလား​ ဆိုတာကို​တော့​ ​စောင့်​ ကြည့်​ရဦး​မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013