အိန္ဒိယ အဂတိလိုက်စားမှု ဆန့်ကျင်ရေး လှုပ်ရှားမှု
DVB
·
August 31, 2011

အိန္ဒိယနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစာငတ်ခံ ဆန္ဒပြလှုပ်ရှားသူ အန်နာ ဟဇရေးကို လူတန်းစားပေါင်းစုံက အာရုံစိုက်နေပါတယ်။ ဒီလှုပ်ရှားမှုကြောင့် မစ္စတာ ဟဇ ရေးကို လူမှုပြုပြင် ပြောင်းလဲရေးသမားကနေ အမျိုးသား ခေါင်းဆောင် တဦးအဖြစ် ပြောင်း လဲသွားစေပါတယ်။
[caption id="attachment_14924" align="alignleft" width="300" caption="အန်နာ ဟဇရေး"]
[/caption]
အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ တည်ထောင်ဖို့ ဥပဒေမူကြမ်းကို ဒီလ နှောင်းပိုင်း လွှတ်တော်မှာ ပြဌာန်းပေးဖို့ ဟဇရေးက တောင်းဆိုထားပါတယ်။
အဂတိလိုက်စားမှု စစ်ဆေးရေးအဖွဲ့ဟာ ဝန်ကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် အပါ အဝင် အစိုးရအဖွဲ့ ကဏ္ဍတိုင်းကို စစ်ဆေးခွင့်ရှိဖို့၊ အဂတိလိုက်စားမှုကို အစိုးရက တာဝန် ယူဖြေရှင်းဖို့နဲ့ ဒီစစ်ဆေးရေးအဖွဲ့ဟာ တိုင်းပြည်ရဲ့ အဓိကမဏ္ဍိုင်တခု ဖြစ်လာဖို့လည်း တင်ပြထားပါတယ်။
အိန္ဒိယကို ကိုင်လှုပ်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု နောက်ဆုံး အခြေအနေတွေကို သတင်းထောက် ဘစ်မီလ်လာ ဂီလာနီ (Bismillah Geelani) က နယူးဒေလီမြို့ကနေ တင်ပြထားပါတယ်။
(အေးရှားကောလင်းရဲ့ အစီအစဉ်ကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုးက စီစဉ် တင်ဆက်ထားတာပါ။)
အသံ နားဆင်ရန်
