DVB Logo
Home
မြန်မာသတင်း
ထောင်တွင်းဆူပူမှုဖြစ်စေ၍ အကျဉ်းထောင်လက်စွဲဥပဒေ မကျင့်သုံးဟုဆို
DVB
·
August 30, 2011
Donate to DVB

ထောင်တွင်းဆူပူမှုတွေ ဖြစ်စေတာကြောင့် အင်္ဂလိပ်ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ အကျဉ်းထောင်လက်စွဲဥပဒေကို မကျင့်သုံးတော့ဘူးလို့ အစိုးရသစ်က ပြောပါတယ်။

အကျဉ်းထောင်လက်စွဲဥပဒေပါ ဧည့်သည်များဘုတ်အဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိမရှိ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီပါတီသစ် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က မေးမြန်းတာကို ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကို ကိုက ပြန်လည်ဖြေကြားခဲ့တာပါ။

၁၈၉၄ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေအတိုင်း ဘုတ်အဖွဲ့ကို ၁၉၇၅ နောက်ပိုင်းမှာ မကျင့်သုံးတော့ဘူးလို့ ၀န်ကြီးက ပြောကြောင်း ဦးဘုန်းမြင့်အောင် က ရှင်းပြပါတယ်။

“ဒီဥပဒေအတိုင်း ဧည့်သည်များဘုတ်အဖွဲ့ဖွဲ့တာတွေ၊ လက်စွဲဥပဒေအတိုင်း လုပ်မယ်ဆိုရင် အကျဉ်းသားတွေက ဆူဆူပူပူတွေရှိတော့ သူတို့ ရှင်းလင်းရခက်ပါတယ်။ ဒီဥပဒေကလည်း နယ်ချဲ့ဗြိတိသျှတွေ ရေးဆွဲခဲ့တဲ့ဥပဒေ ဖြစ်နေတယ်ဆိုပြီး အချက်အ လက်တွေနဲ့ အကြောင်းပြပါတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနက အကျဉ်းထောင်လက်စွဲဥပဒေ သစ် ရေးဆွဲနေပြီး လွှတ်တော်ကို တင်ပြမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောကြားပြီး လွှတ် တော်ဥက္ကဋ္ဌကလည်း အမြန်ဆုံး ရေးဆွဲတင်သွင်းဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

“ဘုတ်မရှိပေမယ့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ကလူတွေ၊ သာသနာ့ ဆရာတော်တွေ ထောင်ထဲကိုကြွပြီးတော့ ပြင်ပအလှူရှင်တွေကလည်း ရေသန့်စက်တွေ တပ်ပေးတာတွေ လုပ်ပေးတာရှိပါတယ်၊ ထောင်ထဲမှာလည်း အလှူပွဲတွေ၊ တရားပွဲတွေ ကျင်းပနိုင်တယ် ပြောပါတယ်။”

ပြည်ထောင်စုလွှတ်တော်မှာ မနေ့က တင်ပြတဲ့ အကျဉ်းထောင်အက်ဥပဒေသစ် မူကြမ်းရေးဆွဲရေးကိုလည်း ဒီဥပဒေမူကြမ်းကို ရေးဆွဲနေပြီလို့ ပြည်ထဲရေးဝန်ကြီးက တင်ပြပြီး လွှတ်တော်ဥက္ကဌက အဆိုရုပ်သိမ်းခိုင်းခဲ့ပါတယ်။

အမျိုးသားလွှတ်တော်အစည်းအဝေးမှာလည်း ခရိုင်တရား​သူကြီး​တွေ ပြည်ထောင် စုတရား​လွှတ်​တော်ကို အကျဉ်းထောင်အစီရင်ခံစာ တင်ပြတာကို ဆက်ပြီး​ ​ဆောင်ရွက်ဖို့​ ရှိမရှိမေး​မြန်း​ချက်ကိုလည်း ဆက်လုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ဖြေ သွားပါတယ်။

အင်းစိန်ထောင်အပါအ၀င် အကျဉ်းထောင်တွေမှာ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတချို့က ထောင်လက်စွဲဥပဒေအတိုင်း အခွင့်အရေးပေးဖို့၊ လူဂုဏ်သိက္ခာနဲ့ညီတဲ့ အစားအသောက်နဲ့ အ၀တ်အထည်တွေ လုံလုံလောက်လောက်ပေးဖို့ လွန်ခဲ့တဲ့လပိုင်းအ တွင်း အစာငတ်ခံဆန္ဒပြတောင်းဆိုကြဖူးပါတယ်။

အကျဉ်းဦးစီးဌာနကတော့ အစိုးရဘတ်ဂျက်နဲ့ လုံခြုံရေးကို အကြောင်းပြပြီး တောင်းဆိုချက် တွေကို မလိုက်လျောခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013