DVB Logo
Home
မြန်မာသတင်း
မြန်မာတိုင်းမ်နှင့် The Voice သတင်းထောက်များ အစုအပြုံလိုက် အလုပ်ထွက်
DVB
·
August 30, 2011
မြန်မာတိုင်းမ်နှင့် The Voice သတင်းထောက်များ အစုအပြုံလိုက် အလုပ်ထွက်
Donate to DVB

မြန်မာတိုင်းမ်နဲ့ The Voice ဂျာနယ်တို့က သတင်းထောက်တွေ အစုအပြုံလိုက် နုတ်ထွက်ပြောင်းရွှေ့သွားတယ်လို့ ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

တတိုက်ကို  သတင်းထောက် ၁၀ ဦးကနေ ၁၅ ဦးအထိ ပြောင်းရွှေ့ကုန်ကြတာလို့ အဲဒီအယ်ဒီတာက ပြောပါတယ်။

“မြန်မာတိုင်းမ်က သတင်းထောက်တွေကတော့ ဒေါ်လာဈေးတွေလည်း ကျနေ တော့ လစာတွေက ကျနေတယ်၊ ဒီအချက်တွေကြောင့် ပြောင်းတာဖြစ်မယ် တော်တော် များတယ်။  ဂျာနယ်ကထွက်ဖို့ ပြင်နေတာကြာပြီ။”

ဒီသတင်းထောက်တွေဟာ အမှတ် ၁ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ထုတ်မယ့် သတင်းဂျာနယ်ကို ပြောင်းဖို့ အလုပ်ထွက်သွားကြတာဖြစ် ကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။

ဦးအောင်သောင်းရဲ့သား ဦးနေအောင် ထုတ်မယ့် ဂျာနယ်က သတင်းထောက်တ ဦးကို လစာ ကျပ် ၇၀၀,၀၀၀ ထိပေးပြီး ခေါ်နေတာဖြစ်ပြီး ဒါဟာ လက်ရှိ အောင်မြင်တဲ့ သတင်းဂျာနယ် အယ်ဒီတာတဦးရဲ့ လစာနဲ့ ညီမျှပါတယ်။

ခုလို လစာကောင်းကောင်းပေးပြီး ခေါ်နေတာကြောင့် တခြားဂျာနယ်တိုက်တွေဟာ သူတို့သတင်းထောက်တွေကို ရေရှည်မှာ ထိန်းထားဖို့ခက်လာမယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပါတယ်။

“စီးပွားရေးသဘောအရ လုပ်တဲ့သူတွေကိုတော့ ထိန်းထားဖို့ဆိုရင်တော့ မလွယ် ဘူး။ တခုတော့ရှိတယ်၊ ကိုယ့်တိုက်က ကောင်းကောင်းမွန်မွန် အလုပ်လုပ်တယ်၊ မှန်တဲ့သ တင်းတွေ ဖော်ထုတ်တယ်၊ တိုင်းပြည်အတွက် ပြည်သူတွေ သတင်းအမှန်သိရဖို့ လုပ် တယ်ဆိုတဲ့ ဂုဏ်တွေနဲ့ ထိန်းရင်တော့ ရချင်ရမှာပေါ့။ ငွေရတိုင်းလည်း သတင်းထောက်ဆို တာက ပျော်တဲ့အမျိုး မဟုတ်ဘူး။ အမျိုးမျိုးတော့ ကြံဆရမှာပေါ့။”

သက်ဆိုင်ရာ ဂျာနယ်တိုက်တွေကို ဆက်သွယ်မေးမြန်းတော့ ပြန်မဖြေဘဲ တယ်လီ ဖုန်းချသွားကြပါတယ်။

၂၀၀၅ ခုနှစ်ကလည်း ဂျာနယ်တွေက သတင်းထောက်တွေ ထွက်ကြတာမျိုး ဖြစ်ဖူးပါတယ်။ ခုချိန်မှာတော့ သတင်းလောကသား များနေတာမို့ ဖြေရှင်းဖို့ အခက်အခဲမ ရှိနိုင်ပါဘူးလို့ စာနယ်ဇင်းသမားတချို့က ပြောပါတယ်။

ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ၂ ဦး ဂျာနယ် ၁၀ စောင်ထက်မနည်း ထုတ်ဝေခွင့် ရထားတယ်လို့လည်း သတင်းရပါတယ်။

ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ဂျာနယ်ပေါင်း ၁၅၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013