Email This Story :
မေ ၉ ရက်က အမေရိကန်ပြည်ထောင်စု အိုကလာဟိုးမား ၀င်နီဝှဒ်မှာ လူတဦးသေဆုံးပြီး အိမ်တွေ အမြောက်အမြား ပျက်စီးသွားစေတဲ့ လေဆင်နှာမောင်း တိုက်ခတ်နေတာကို ကင်မရာနဲ့ လိုက်လံ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
သေဆုံးသွားသူဟာ အသက် ၇၀ အရွယ် အမျိုးသားတဦး ဖြစ်သလို တခြား အိမ်မွေးတိရစ္ဆာန် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် လေဆင်နှာမောင်း ဖြတ်တိုက်ခဲ့တဲ့ ကော်နာဗေးမှာလည်း လူတဦး သေဆုံးခဲ့ပါသေးတယ်။
ဝင်နီဝှဒ်မှာ တိုက်ခတ်ခဲ့ပြီးတော့ လေဆင်နှာမောင်းဟာ အရှေ့ဘက်ကို ဦးတည်သွားတာ ဖြစ်ပါတယ်။
ရာသီဥတု ခန့်မှန်းသူတွေကလည်း ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်တဲ့အတွက် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
လေဆင်နှာမောင်းကြောင့် ဖြစ်ပွားနိုင်တဲ့ အပျက်အစီးနဲ့ သေဆုံးမှုစာရင်းတွေကို ကောက်ခံ စုံစမ်းနေတယ်လို့ ဆိုပါတယ်။