DVB Logo
Home
မြန်မာသတင်း
ထိုင်း ကရင်လူမျိုးစုကွန်ရက် ၄၅ ဖွဲ့  ဆန္ဒပြ
DVB
·
August 30, 2011
ထိုင်း ကရင်လူမျိုးစုကွန်ရက် ၄၅ ဖွဲ့  ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံမှာ ဌာနေကရင်တိုင်းရင်းသားတွေအပေါ် သစ်တောနှင့် သဘာဝသယံ ဇာတဌာနက လူ့အခွင့်အရေးချိုးဖောက်နေမှုကို ထိုင်းနိုင်ငံရှိ ကရင်လူမျိုးစုကွန်ရက် ၄၅ ဖွဲ့ က နိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရုံးရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။

[caption id="attachment_14904" align="alignright" width="310" caption="မီးရှို့ခံရသည့် နေအိမ်တလုံး"][/caption]

ပက်ခ်ျဘူရီခရိုင် ကဲန်ကကျန် သစ်တောကြိုးဝိုင်းနေ ကရင်တိုင်းရင်းသားတွေဟာ သစ်တောပြုန်းတီးအောင် လုပ်နေမှု စတဲ့စွပ်စွဲချက်တွေနဲ့ ဒီတိုင်းရင်းသားတွေရဲ့ တောင် ယာတွေ၊ အိမ်တွေကို မီးရှို့တဲ့အပြင် လူတွေကိုလည်း ဖမ်းဆီးနေတာကြောင့် စစ်ဆေးအ ရေးယူပေးဖို့ အစိုးရကို တောင်းဆိုဆန္ဒပြကြတာပါ။

ဆန္ဒပြပွဲဦးဆောင်တဲ့ ထိုင်းနိုင်ငံ အမျိုးသား လူမှုရေးနဲ့ စီးပွားရေးအကြံပေးအဖွဲ့ဝင် မစ္စတာဝိုင်ရင်က ဒီကိစ္စကို ချင်းမိုင်ခရိုင်ဝန်ကတဆင့် ၀န်ကြီးချုပ်ဆီ တောင်းဆိုချက်တွေ တင်ပြထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ ညီအစ်ကို ကရင်တွေကို သဘ၀သစ်တောထိန်းသိမ်းရေး ဌာနအမှု ထမ်းတွေက သစ်တောပြုန်းအောင် လုပ်သူတွေလို့ မတရားစွပ်စွဲတယ်။ အထောက်အ ထား ဓာတ်ပုံတွေကိုကြည့်တော့ သစ်တောထိန်းသိမ်းတဲ့ အလှည့်ကျ ရွှေ့ပြောင်းတောင် ယာ အမျိုးအစားတွေဗျ။ သစ်ပင်ကလည်း ငယ်ငယ်လေးတွေပါ။”

ဒါ့အပြင် ဒီဒေသမှာ နေထိုင်သူတွေဟာ မြန်မာပြည်ဘက်က ကေအန်ယူတပ်ဖွဲ့ဝင် တွေ၊ ထိုင်းနိုင်ငံထဲခိုးဝင်နေသူတွေ၊ မူးယစ်ဆေးစိုက်ပျိုးသူတွေလို့လည်း စွပ်စွဲပေမယ့် အ ကြောင်းပြချက်တွေဟာ မခိုင်လုံပါဘူးလို့လည်း  မစ္စတာဝိုင်ရင်က ပြောပါတယ်။

ကဲန်ကကျန် သဘာဝသစ်တော ထိန်းသိမ်းရေးဌာနမှူး နိုင်ချိုင်ဝပ်ကတော့ ဒီသစ် တောကြိုးဝိုင်းထဲမှာ နေထိုင်သူတွေဟာ သစ်တောကိုဖျက်ဆီးပြီး ဘိန်းပင်တွေစိုက်လို့ ခုလို အရေးယူနေတာပါလို့ ထိုင်းသတင်းဌာနတွေကို ပြောထားပါတယ်။ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် မြေယာနှင့်သစ်တောဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ နိရန်ဒေါင်ဖိတပ်ဝတ်ချရကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အထူးအစည်းအ ဝေး ချက်ခြင်းခေါ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

၂၀၁၁ ခုနှစ် သန်းခေါင်စာရင်းအရ ထိုင်းနိုင်ငံမှာ ကရင်လူမျိုး ၄ သိန်းလောက် ရှိပြီး ထိုင်းနိုင်ငံရဲ့ လူဦးရေအများဆုံး တောင်ပေါ်လူမျိုးစုဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ဘက်စွန်းကနေ တောင်ဘက်စွန်းအထိ ထိုင်း-မြန်မာ နယ်စပ် ဒေသတွေ၊ ထိုင်း-လာအိုနယ်စပ်နဲ့ နိုင်ငံအတွင်းပိုင်းဒေသတချို့မှာ ကရင်တိုင်းရင်းသားတွေဟာ နှစ်ပေါင်းရာနဲ့ချီ နေထိုင်ကြတာဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013