DVB Logo
Home
မြန်မာသတင်း
တ​ဒေါ်လာ ကျပ် ၉၀၀ နှင့်​ ၁၀၀၀ ကြား​ သတ်မှတ်ရန်ရှိဟုဆို
DVB
·
August 29, 2011
တ​ဒေါ်လာ ကျပ် ၉၀၀ နှင့်​ ၁၀၀၀ ကြား​ သတ်မှတ်ရန်ရှိဟုဆို
Donate to DVB

အ​မေရိကန်​ဒေါ်လာနဲ့​ ကျပ်​ငွေ လဲလှယ်နှုန်း​ကို တ​ဒေါ်လာ ကျပ် ၉၀၀ နဲ့​ ၁၀၀၀ ကြား​ ထား​ရှိသတ်မှတ်ဖို့​ ရှိတယ်လို့​ အစိုး​ရဝန်ကြီး​တဦး​က ​ပြောပါတယ်။

အမှတ် ၁ နဲ့ အမှတ် ၂ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်တွင်း​စာနယ်ဇင်း​တချို့​ကို ​တွေ့​ဆုံ ရာမှာ ဒီလို ​ပြောလိုက်တာလို့​ ​တွေ့​ဆုံပွဲတက်တဲ့​ ဂျာနယ် အယ်ဒီတာချုပ်တဦး​က ​ပြောပါတယ်။

“သွင်း​ကုန်ထုတ်ကုန် လုပ်ငန်း​ရှင်​တွေလည်း​ မထိပါး​စေရဘူး​။ စား​သုံး​သူ​တွေလည်း​ ထိပါး​မှု မရှိ​စေရဘူး​။ အထဲမှာ နိုင်ငံခြား​ငွေ ကိုင်​ဆောင်ထား​တဲ့​ ပြည်တွင်း​သုံး​ငွေ ကိုင် ​ဆောင်ထား​တဲ့​ လူ​တွေလည်း​ ထိပါး​မှု မရှိ​စေရဘူး​၊​ ​နောက်ပြီး​ နိုင်ငံရဲ့​ ကုန်ထုတ်လုပ်မှု၊​ ကုန်သွယ်မှုနဲ့​ ​ငွေ​ရေး​ကြေး​ရေး​ ကဏ္ဍများ​မှာ ထိပါး​မှုမရှိ​စေရဘူး​၊​ အဘက်ဘက်က ဘက်စုံ ​ထောင့်​စုံ ​ဆောင်ရွက်မယ်။ သူ့​ရဲ့​ တဦး​တည်း​အမြင်အရ ​ပြောမယ်ဆိုရင် ​ငွေလဲနှုန်း​ကို ၉၀၀ နဲ့​ ၁၀၀၀ ကြား​ထဲ မှန်း​တယ်တဲ့​။”

ပို့​ကုန်သွင်း​ကုန် လုပ်ငန်း​ရှင်​တွေအ​နေနဲ့​ စိုး​ရိမ်စိတ်မထား​ဘဲ လုပ်ကိုင်​ဆောင်ရွက် ကြဖို့​လည်း​ ဝန်ကြီး​က ​ပြောတယ်လို့​ ဆိုပါတယ်။

တ​ဒေါ်လာကို ၇၁၈ ကျပ်နှုန်း​အထိ ​ငွေလဲနှုန်း​ ကျ​နေတာ​ကြောင့်​ ဒီကိစ္စကို အ​ဆော တလျင် အ​ရေး​ယူ​ဆောင်ရွက်ဖို့​ စီး​ပွား​ရေး​ပညာရှင်​တွေက အစိုး​ရကို တိုက်တွန်း​ထား​ပြီး​ ​ဆောင်ရွက်ချက်ကိုလည်း​ ပြည်သူ​တွေကို အလျင်အမြန် အသိ​ပေး​ဖို့​ ​ပြော​နေပါတယ်။ အစိုးရနှုန်းကတော့ ကမ္ဘာ့ဘဏ်ဖော်ပြချက်အရ တဒေါ်လာကို ၅ ကျပ်ခွဲကျော်နှုန်းလို့ သိရ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013