DVB Logo
Home
မြန်မာသတင်း
ဖွင့်​မရခဲ့​သည့်​ အင်တာနက်ဝက်ဘ်ဆိုက်အချို့​ ဖွင့်​၍ရလာ
DVB
·
August 29, 2011
ဖွင့်​မရခဲ့​သည့်​ အင်တာနက်ဝက်ဘ်ဆိုက်အချို့​ ဖွင့်​၍ရလာ
Donate to DVB

ရန်ကုန်နဲ့​ မန္တ​လေး​မှာ အရင်ကဖွင့်​မရတဲ့​ အင်တာနက်ဝက်ဘ်ဆိုက်​တွေကို အခုရက်ပိုင်း​မှာ ဖွင့်​လို့​ရလာတယ်လို့​ အင်တာနက်သုံး​နေသူ​တွေက ​ပြောပါတယ်။

ရန်ကုန်မှာ ဗွီဒီယိုရုပ်သံမှတ်တမ်း​တွေကို ကြည့်​လို့​ရတဲ့​ Youtube လည်း​ ဖွင့်​လို့​ရ ပြီလို့​ ရန်ကုန်က အင်တာနက်သုံး​စွဲသူတဦး​က ​ပြောပါတယ်။

“အင်တာနက် ​ကောင်း​တာ​တော့​ မဟုတ်ပါဘူး​။ ​ရွှေဝါ​ရောင်​နောက်ပိုင်း​မှာ ပိတ်ထား​တဲ့​ဟာ​တွေ ပြန်ပွင့်​လာတာ။ ဟိုတုန်း​က ဘ​လော့​ဂ်ကဏ္ဍက ပိတ်ထား​တယ်။ အခု အား​လုံး​ပြန်ဖွင့်​လို့​ရတယ်။ Youtube ရ​ပေမယ့်​ ကွန်နက်ရှင်​နှေး​နေ​တော့​ အဆင်မ​ပြေပါဘူး​။ သီချင်း​တပုဒ်ကြည့်​မယ်ဆိုရင်​တောင် ​တော်​တော်အချိန်​ပေး​စောင့်​ရတယ်။ ဟိုတုန်း​က ရံဖန်ရံခါ ပွင့်​တုန်း​က​တော့​ အကုန်လုံး​ပွင့်​ထား​တယ်။ ပိတ်ထား​တဲ့​ဆိုဒ်​တွေ မရှိဘူး​။ အကုန်လုံး​ပေး​ထား​တယ်။ ဆာဗာ​ပြောင်း​တဲ့​အခါ​တွေကျရင် အခုက တမင်ပဲ ဖွင့်​ပေး​တာလား​ မသိဘူး​။ အကုန်လုံး​မပွင့်​ဘဲ တချို့​ဆိုက်​တွေပဲ ပွင့်​တာဆို​တော့​ တမင်ပဲဖွင့်​လား​၊​ database မှာ တခုခုလွဲ​ချော်လို့​ပဲလား​ ​သေချာ​တော့​မသိ​သေး​ဘူး​။”

မန္တ​လေး​က အင်တာနက်သုံး​စွဲသူတဦး​ကလည်း​ “ကျ​နော်က WiMax ​ကော်နက် ရှင်က မဇ္ဖျိမရတယ်။ ဧရာဝတီရတယ်။ ​နောက် youtube ရတယ်။ BBC world ရတယ်။ ဘီဘီစီမြန်မာဆိုက်က​တော့​ မရ​တော့​ဘူး​။ ဗွီအို​အေ မရဘူး​။ စီအန်အန်မရဘူး​” လို့​ ​ပြောပါ တယ်။

အင်တာနက်မြန်နှုန်း​တော့​ တက်မလာဘူး​လို့​ ဆိုပါတယ်။

“မြန်တာ​တော့​ မမြန်ဘူး​။ youtube က audio file ​လောက်ပဲ​ကောင်း​တယ်။ video file ကျရင်​တော့​ ​တော်​တော်​စောင့်​ရတယ်။ WiMax ရုံး​ကို​မေး​တော့​ အင်တာနက် အတွက် လိုင်း​ကြီး​တွေ ​ပြောင်း​နေတယ်လို့​ပြောတယ်။ ရတနာပုံဆိုက်က လုပ်တဲ့​ဟာ​တွေ မပြီး​မချင်း​ မ​ပြောနိုင်​သေး​ဘူး​။”

အင်တာနက် ဆာဗာကို ပြုပြင်ထိန်း​သိမ်း​ရေး​ လုပ်​နေတုန်း​ ခုလို ဝက်ဘ်ဆိုက် တချို့​ ပွင့်​လာတာ ဖြစ်နိုင်တယ်လို့​လည်း​ ဆိုပါတယ်။

“တချို့​ဘ​လော့​ဂ်​တွေ​တွေ့​တော့​ စာ​တွေကသာ ​ပေါ်တာ access denied ဖြစ်​နေတုန်း​ပဲ။ Security Protocol ​တွေ အလုပ်​ကောင်း​ကောင်း​ မလုပ်တာမျိုး​ ဖြစ်နိုင်တယ်။”

ဝက်ဘ်ဆိုက်​တွေ ဖွင့်​လို့​ရလာတယ်လို့​ ဆိုသူ​တွေဟာ ရတနာပုံတယ်လီပို့​က အင်တာနက် ရယူသုံး​နေကြသူ​တွေချည်း​ဖြစ်ပါတယ်။

ပြည်တွင်း​မှာ အင်တာနက်သုံး​သူ​တွေဟာ မြန်မာ့​ဆက်သွယ်​ရေး​လုပ်ငန်း​နဲ့​ ဖက်စပ်​ဆောင်ရွက်​နေတဲ့​ ရတနာပုံတယ်လီပို့​က ရယူသုံး​စွဲကြရတာဖြစ်ပါတယ်။

ဖွင့်​မရဖူး​တဲ့​ ဝက်ဘ်ဆိုက်​တွေ ခဏတဖြုတ်ပွင့်​လာတာမျိုး​ အရင်ကလည်း​ဖြစ်ဖူး​ပြီး​ အထူး​သဖြင့်​ ဆာဗာပြုပြင်ထိန်း​သိမ်း​ရေး​လုပ်တဲ့​အခါမျိုး​တွေမှာဖြစ်တတ်​ကြောင်း​၊​ ခုလည်း​ အဲဒီလိုပဲဖြစ်နိုင်​ကြောင်း​ အင်တာနက်ကုမ္ပဏီတခုက ကျွမ်း​ကျင်သူတဦး​က ​ပြောပါတယ်။

ခုလအတွင်း​ အစိုး​ရအဖွဲ့​ရဲ့​ ပထမအကြိမ် သတင်း​စာရှင်း​လင်း​ပွဲမှာ အင်တာနက် ဝက်ဘ်ဆိုက်​တွေ လွတ်လွတ်လပ်လပ် အသုံး​ပြုခွင့်​ပေး​နိုင်မလား​လို့​ သတင်း​ထောက် တဦး​ရဲ့​ ​မေး​မြန်း​ချက်ကို ဆက်သွယ်​ရေး​က တာဝန်ရှိသူ မလာဘူး​လို့​ဆိုပြီး​ ပြန်လည်​ဖြေ ကြား​ခြင်း​မပြုပါဘူး​။

မြန်မာနိုင်ငံဟာ အင်တာနက်သုံး​သူ ​လေး​သိန်း​လောက်ရှိပြီး​ အာဆီယံအဖွဲ့​ဝင် နိုင်ငံ​တွေထဲမှာ အနည်း​ဆုံး​နိုင်ငံဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013