DVB Logo
Home
မြန်မာသတင်း
ဗုံး​ခွဲမှုနှင့်​ စွပ်စွဲခံရသူ၏ တရား​ခွင်ကို နား​ထောင်ခွင့်​ရရန် ဇနီး​တောင်း​ဆို
DVB
·
August 29, 2011
Donate to DVB

ဗုံး​ခွဲမှု၊​ လူသတ်မှုတို့​နဲ့​ စွပ်စွဲခံရပြီး​ အင်း​စိန်​ထောင်တွင်း​ အထူး​တရား​ရုံး​မှာ အမှုရင်ဆိုင်​နေရတဲ့​ ကိုဖြိုး​ဝေ​အောင်ရဲ့​အမှု တရား​ခွင်ကို ဝင်​ရောက် နား​ထောင်ခွင့်​ရဖို့​ သူ့​ဇနီး​က ​တောင်း​ဆို​ပေမယ့်​ ခွင့်​ပြုချက်မရဘူး​ပါဘူး​။

ဒီ​နေ့​ရုံး​ချိန်း​မှာ တရား​သူကြီး​ကို ​တောင်း​ဆိုတဲ့​အ​ကြောင်း​ကို ဇနီး​ဖြစ်တဲ့​ မ​ဌေး​ဌေး​က ​ပြောပါတယ်။

“တရား​သူကြီး​မင်း​ရှင်၊​ တင်ပြစရာရှိလို့​ဆိုပြီး​ တရား​စစ်​ဆေး​တဲ့​ အ​ပေါက်ဝမှာ ရပ်ပြီး​တော့​ ဒီအချက်ကို တင်ပြချင်ပါတယ်ဆိုပြီး​ ​ပြောတယ်။ အဲဒါကို စာနဲ့​တင်ပြပါလို့​ပြောပါတယ်၊​ ကျမခင်ပွန်း​က တရား​သူကြီး​ရဲ့​ လွှတ်​တော်မှာ​ပြောကြား​ချက်အရ ကျ​နော့်​ရဲ့​ ညီနဲ့​ ဇနီး​သည်ကို တရား​ခွင်ထဲ ဝင်​ရောက်နား​ထောင်ခွင့်​ပြုပါဆိုပြီး​ သူစာ​ရေး​တင်ခဲ့​တယ်။”

အရင် တရား​သူကြီး​ ဦး​ကိုကိုဦး​ရဲ့​ ဆုံး​ဖြတ်ချက်ကို ပြင်လို့​မရဘူး​လို့​ အ​ကြောင်း​ပြပြီး​ လက်ရှိ တရား​သူကြီး​ ဦး​ခင်​မောင်က ​တောင်း​ဆိုချက်ကို ပယ်ချတာပါ။

ကိုဖြိုး​ဝေ​အောင်ကို ၂၀၁၀ သင်္ကြန်ကာလ ရန်ကုန်မြို့​က ဗုံး​ခွဲလက်သည်အဖြစ် ဖမ်း​ဆီး​ရုံး​တင်​နေတာပါ။ အဲဒီဗုံး​ပေါက်ကွဲမှုမှာ အနည်း​ဆုံး​ လူ ၈ ဦး​သေဆုံး​ပြီး​ ၁၇၀ ဒဏ်ရာရခဲ့​ပါတယ်။

ကိုဖြိုး​ဝေ​အောင်ကို သက်​သေမခိုင်လုံဘဲ ဖမ်း​ဆီး​ထား​တာဖြစ်ပြီး​ စစ်​ကြော​ရေး​ကာ လမှာလည်း​ နည်း​မျိုး​စုံ ညှဉ်း​ပန်း​နှိပ်စက်ပြီး​ ​ဖြောင့်​ချက်​ပေး​ခိုင်း​ခဲ့​တယ်လို့​ ကိုဖြိုး​ဝေ ​အောင်ရဲ့​ မိခင်က မနှစ်ဩဂုတ်မှာ အဲဒီတုန်း​က စစ်​ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး​ကြီး​ သန်း​ရွှေဆီ စာပို့​ဖူး​ပါတယ်။

“အရင်တုန်း​က မိသား​စုနား​ထောင်ခွင့်​ မရတာ​တွေ၊​ ဥပ​ဒေအရ အခွင့်​အ​ရေး​တွေ ဘာမှမရဘူး​၊​ အခု​တော့​ သမ္မတလည်း​ တက်လာပြီ၊​ တရား​စီရင်​ရေး​ကလည်း​ အ​ခြေခံဥပ​ဒေအတိုင်း​ ​ပေါ်​ပေါက်လာပြီဆို​တော့​ ​မျှော်လင့်​ချက်ထား​တယ်​ပေါ့​။ ကျမခင်ပွန်း​သည် အမှုမှာ သက်​သေခံဥပ​ဒေ​တွေ၊​ ပြစ်မှုဆိုင်ရာ ကျင့်​ထုံး​ဥပ​ဒေ​တွေ၊​ ရဲလက်စွဲ​တွေ ချွတ်​ချော်​နေတာ​တွေ အများ​ကြီး​၊​ အဲဒါ​တွေကို အခု သမ္မတအသစ်လက်ထက်မှာ တရား​စီရင်​ရေး​ ဥပ​ဒေအသစ်​တွေလည်း​ ​ပေါ်လာ​တော့​ မိသား​စုဝင်ခွင့်​တို့​၊​ ခုခံ​ချေပခွင့်​တို့​ ဘာမှမရခဲ့​တာ​တွေကို စပြီး​တောင်း​ဆိုတာမျိုး​လုပ်ချင်တာ​ပေါ့​၊​ ဒီလိုမျိုး​ လုပ်ဖို့​အတွက်ကို မရ​သေး​ဘူး​ဖြစ်​နေတယ်၊​ အမိန့်​ချဆို​တော့​လည်း​ မချ​သေး​ဘူး​။”

ဒီ​နေ့​တရား​ခွင်ကို အရင်တရား​ခွင်​တွေအတိုင်း​ပဲ မိသား​စုဝင်တ​ယောက်မှ ဝင်​ရောက်နား​ထောင်ခွင့်​မရခဲ့​ဘဲ အမှုကို တနင်္လာ​နေ့​ ထပ်ပြီး​ ရုံး​ချိန်း​တယ်လို့​ မ​ဌေး​ဌေး​ က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013