DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​၊​ အင်း​လေး​ဒေသနှင့်​ ​တောင်တွင်း​ကြီး​တို့​၌ ​ရေကြီး​နေ
DVB
·
August 29, 2011
မန္တ​လေး​၊​ အင်း​လေး​ဒေသနှင့်​ ​တောင်တွင်း​ကြီး​တို့​၌ ​ရေကြီး​နေ
Donate to DVB

မန္တ​လေး​နဲ့​ အင်း​လေး​ဒေသမှာ ​ရေကြီး​နေမှု​ကြောင့်​ ​ရေ​ဘေး​ဒုက္ခသည်​တွေ အိမ်မပြန်နိုင်​သေး​သလို လယ်ဧက ​ထောင်ချီ ပျက်စီး​သွား​ပါတယ်။

မန္တ​လေး​မြို့​မှာ မိုး​သည်း​ထန်မှုနဲ့​ ဆည်​ရေလွှတ်တာ​ကြောင့်​ အခုလ ၂၅ ရက် ​နေ့​ကတည်း​က မြို့​တွင်း​ရပ်ကွက်တချို့​ ​ရေလွှမ်း​မိုး​မှု ဖြစ်ပွား​ခဲ့​ပြီး​ ခုချိန်ထိ ​ရေမကျ​သေး​တဲ့​အတွက် ​လှေ​တွေနဲ့​ သွား​နေရတယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

[caption id="attachment_14851" align="alignright" width="310" caption="မန္တလေးမြို့ ​ရေကြီးနေစဉ်"][/caption]

“ဆည်​တွေက​နေ ​ရေလွှတ်တဲ့​ပြဿနာပဲ။ ​ရေက စီး​ဆင်း​နိုင်တာမျိုး​ မရှိ​တော့​ အခုဆိုရင် ကြံခင်း​ဘက်၊​ ကျူံး​ရဲ့​အ​နောက်ဘက် ဧရာဝတီ မြစ်ကမ်း​ဘေး​နား​လောက်မှာ တာ​ဘောင်ရိုး​ဘေး​နား​မှာဆိုရင် ​လှေ​တွေနဲ့​သွား​လာ​နေရတယ်။ ​ရေက လူတရပ်စာ ​လောက်ကို ရှိ​နေတယ်” လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“စိုး​ရိမ်​ရေမှတ်မှာ ရှိ​နေတဲ့​အတွက် ဖယ်​ပေး​ဖို့​ကို အဲဒီမှာ ရှိ​နေတဲ့​အိမ်​တွေကို လက်မှတ်ထိုး​ခိုင်း​တာ​တွေ ကြား​သိရတယ်။ စိုး​ရိမ်​ရေမှတ်မျိုး​ ဖြစ်လာရင် ​ရွှေ့​ပြောင်း​ရမယ့်​ အ​နေအထား​မျိုး​။ လူ​တွေကလည်း​ ​နေစရာမရှိ​တော့​ ​ရွှေ့​ဖိုအ​နေအထား​ မ​တွေ့​ရဘူး​။ ကန်သာယာတို့​ဘက်​တော့​ ​ရေ​တော့​ကြီး​တယ်။ ဒါ​ပေမယ့်​ သွား​လာလို့​ရ​သေး​တယ်။”

ရေမြုပ်တဲ့​ ကြံခင်း​ရပ်ကွက်နဲ့​ ဥပုသ်​တော်ရပ်ကွက်တို့​က ​ရေ​ဘေး​ဒုက္ခသည်​တွေ နီး​စပ်ရာ ဘုန်း​ကြီး​ကျောင်း​တွေမှာ ခိုလှုံ​နေကြပြီး​ အစိုး​ရအဖွဲ့​အစည်း​တွေနဲ့​ လူမှု​ရေး​အဖွဲ့​အ စည်း​တွေက အစား​သောက်နဲ့​ ကျန်း​မာ​ရေး​ကိစ္စ​တွေ ကူညီ​နေတယ်လို့​ မြို့​ခံက ​ဒေသခံ​တွေ တုပ်​ကွေး​ရောဂါခံစား​နေရတယ်လို့​လည်း​ ဆိုပါတယ်။

မန္တ​လေး​မြို့​မှာ ဒီလလယ်တုန်း​က ​ရေတခါကြီး​ခဲ့​ပြီး​ အခု ၂၅ ရက်​နေ့​ ဒုတိယအကြိမ် ​ရေကြီး​မှုဟာ အရင်တ​ခေါက်ထက် ပိုဆိုး​တယ်လို့​ ဆိုပါတယ်။

ရှမ်း​ပြည်နယ် ​ညောင်​ရွှေမြို့​ ​အောက်ဘက် အင်း​လေး​ဒေသမှာ ပြီး​ခဲ့​တဲ့​ တပတ်က ၄ ရက်ဆက်တိုက် မိုး​ရွာတာ​ကြောင့်​ အင်း​လေး​ကန်နဲ့​ ဆက်စပ်​နေတဲ့​ ရွာသာ​ကျေး​ရွာအုပ်စု၊​ ဆီ​လှော်​ကျေး​ရွာအုပ်စုနဲ့​ ​ရွှေ​ညောင်မြို့​ပေါ် ရပ်ကွက် ၄ ခုမှာ ​ရေနစ်မြုပ်​နေတုန်း​ ဖြစ်ပါတယ်။

အခုလ ၂၄ ရက်​နေ့​ကတည်း​ကစပြီး​ ​ရေနစ်မြုပ်တာ ခုထိ ​ရေမကျ​သေး​ဘဲ ​ညောင်​ရွှေ-​ခေါင်တိုင် တာပတ်လမ်း​ရဲ့​ ​မြောက်ဘက်က ​ကျေး​ရွာ​တွေ ​ရေမြုပ်မှာ စိုး​ရိမ်ရတယ်လို့​ အင်း​တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“တာပတ်လမ်း​ရဲ့​ ​တောင်ဘက်မှာ ရှိတဲ့​ ​ကျေး​ရွာအုပ်စု​တွေက​တော့​ သိပ်မဆိုး​ဘူး​။ ဒီ​ရေက အဲဒီတာပတ်လမ်း​ကြီး​ကို မ​ကျော်နိုင်​တော့​ အဲဒီ တာပတ်လမ်း​မြောက်ဘက် ရွာသာဘက်က ​ကျေး​ရွာအုပ်စုက တဝက်​ကျော်​ကျော်​လောက်၊​ ​နောက်ပြီး​ မြို့​ပေါ် ၄ ရပ်ကွက်​လောက် ​ရေကနည်း​နည်း​ဆိုး​တယ်။ ​ညောင်​ရွှေမြို့​ အနီး​အနား​ ပတ်ဝန်း​ကျင်ဖြစ်တဲ့​ ​တောင်ကြီး​၊​ ရပ်​စောက်မြို့​နယ်၊​ က​လောမြို့​နယ်တို့​မှာလည်း​ မိုး​တော်​တော်ရွာတယ်။ ရွာ​ပေါင်း​ ၁၂ ရွာမှာ​တော့​ ​ရေနစ်မြုပ်​နေတယ်။”

ရွာသာ၊​ ဆီ​လှော်​ကျေး​ရွာအုပ်စုက ၁၂ ရွာ​လောက် ​ရေနစ်မြုပ်​နေပြီး​ ဒီရွာ​တွေရဲ့​ အိမ်​ခြေ ၃၀ ရာခိုင်နှုန်း​ဟာ ​နေထိုင်မရ​တော့​တာ​ကြောင့်​ ​ပြောင်း​ရွှေ့​နေကြရတယ်လို့​လည်း​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။ ဒါ့​အပြင် အင်း​လေး​ကန်နဲ့​ ဆက်စပ်​နေတဲ့​ လယ်​တွေလည်း​ ​ရေနစ်မြုပ်ကုန်တယ်လို့​ ​ပြောပါတယ်။

“ရွာသာ​ကျေး​ရွာအုပ်စုမှာ လယ်ဧက ၂,၀၀၀ နီး​ပါး​လောက်၊​ ဇီး​တော​ကျေး​ရွာအုပ်စု မှာ ၅၀၀ ​လောက်ရှိတယ်။ အဓိက​တော့​ စပါး​က အဓိကပါ။ လယ်ယာ​မြေအား​လုံး​တော့​ ​ရေမြုပ်​နေတယ်။ ​ကျေး​ရွာအုပ်စုမှာရှိတဲ့​ ၃၀ ရာခိုင်နှုန်း​လောက်က အိမ်ကြီး​တွေဆို​တော့​ ​နေရာဖယ်ရတာ အဆင်မ​ပြေတာ​တွေရှိတယ်၊​ တချို့​တော့​ ဘုန်း​ကြီး​ကျောင်း​မှာ သွား​ထား​ ​ပေး​ထား​တယ်။ စပါး​ရိတ်သိမ်း​ချိန်ဖြစ်တဲ့​အတွက် ရပြီး​သား​စပါး​ကိုလည်း​ ဘုန်း​ကြီး​ကျောင်း​ တို့​၊​ ဘုရား​တို့​မှာ ထား​နေရတယ်။”

ရွာ​ပေါင်း​ ၁၂ ရွာက မူလတန်း​ကျောင်း​တချို့​ကို ပြီး​ခဲ့​အပတ်ကတည်း​က ပိတ်ထား​ရပြီး​ ပြန်မဖွင့်​နိုင်​သေး​ဘူး​လို့​ ​ပြောပါတယ်။

မ​ကွေး​တိုင်း​ ​တောင်တွင်း​ကြီး​မြို့​မှာ​တော့​ ကန်​တော်ကြီး​နဲ့​ ဇီး​တောဆည် ​ရေလွှတ်ချ တာ​ကြောင့်​ ပြီး​ခဲ့​တဲ့​ ၃ ရက်​လောက်ကစပြီး​ မြို့​တွင်း​ရေကြီး​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“အဲဒီဆည်​ရေက​နေ မနိုင်လို့​ လွှတ်လိုက်တဲ့​နေရာမှာ ​ရေဆင်း​တဲ့​လမ်း​ကြောင်း​မှာ ရှိတဲ့​ အိမ်​တွေထဲကို ​ရေဝင်ကုန်တယ်။ ​ကြောင်လိမ်ရပ်ကွက်မှာ နှစ်စဉ်နှစ်တိုင်း​ မိုး​ကြီး​လာရင် အိမ်ထဲ​ရေဝင်တာ​တွေရှိတယ်၊​ အခုထိ​ရေ​တော့​ မကျ​သေး​ဘူး​။”

ဒီ​နေ့​ထုတ်မြန်မာ့​အလင်း​သတင်း​စာမှာ​တော့​ မိုး​နှောင်း​ကာလမှာ ဧရာဝတီ၊​ ချင်း​တွင်း​၊​ စစ်​တောင်း​၊​ ဒုဌဝတီ၊​ မြစ်ငယ်၊​ ငဝန် စတဲ့​မြစ်​တွေမှာ တကြိမ်က​နေ နှစ်ကြိမ် အထိ စိုး​ရိမ်​ရေမှတ်​ရောက်နိုင်​သေး​တယ်လို့​ မိုး​လေဝသနှင့်​ဇလ​ဗေဒညွန်ကြား​မှု ဦး​စီး​ဌာ က ခန့်​မှန်း​ဖော်ပြထား​ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013