DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနယ်​မြေထဲ အစိုး​ရတပ်အင်အား​တိုး​ချဲ့
DVB
·
August 29, 2011
ကေအိုင်​အေနယ်​မြေထဲ အစိုး​ရတပ်အင်အား​တိုး​ချဲ့
Donate to DVB

ကချင်ပြည်နယ်ထဲက အစိုး​ရတပ်​တွေ အင်အား​တိုး​ချဲ့​ထား​ပြီး​ တိုက်ပွဲငယ်​တွေ ဆက်ဖြစ်​နေတယ်လို့​ ကချင်ပြည်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို) က ​ပြောပါတယ်။

ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်မှာ မ​နေ့​က ဖြစ်သွား​တဲ့​ ရင်ဆိုင်တိုက်ပွဲ အ​ကြောင်း​ ​ကေအိုင်အို တွဲဖက်အတွင်း​ရေး​မှူး​ ဦး​လနန်း​က အခုလို ​ပြောပါတယ်။

“သူတို့​ စစ်​ကြောင်း​တွေ ဝင်လာတဲ့​အခါမှာ ကျ​နော်တို့​ အဖွဲ့​တွေနဲ့​ ​တွေ့​ကြပြီး​ ပစ်ခတ်ကြတာပါ။ သူတို့​က​တော့​ တပ်ဖွဲ့​ဝင် တရာ​ကျော်၊​ နှစ်ရာနီး​ပါး​နဲ့​ စစ်​ကြောင်း​ ထွက်လာတာမျိုး​ရှိတယ်။ သူတို့​နောက်ပိုင်း​ လှုပ်ရှား​လာတာ​တော့​ တပ်အင်အား​က ရာဂဏန်း​ပေါ့​။ အင်အား​အပြည့်​နဲ့​ လှုပ်ရှား​ကြတာ။ အရင်တုန်း​က​တော့​ ငါး​ဆယ်၊​ ​ခြောက်ဆယ်ပဲ။ အရင်တုန်း​က အများ​ဆုံး​ အဲဒီ​လောက်ပါပဲ။”

ကေအိုင်​အေနှင့်​ အစိုး​ရတပ်တို့​ ဇွန်လဆန်း​ပိုင်း​စလို့​ တိုက်ပွဲ​တွေ ပြန်စခဲ့​ပြီး​ ဇွန်လကုန်နဲ့​ ဩဂုတ်လဆန်း​ပိုင်း​က အပစ်ခတ်ရပ်စဲ​ရေး​အတွက် ​ဆွေး​နွေး​ခဲ့​ပေမယ့်​ သ​ဘောတူညီချက် အဆင့်​ကို မ​ရောက်ရှိ ဖြစ်ခဲ့​ပါတယ်။

အခုရက်ပိုင်း​မှာ​တော့​ အစိုး​ရစစ်တပ်ရဲ့​ စစ်​ရေး​လှုပ်ရှား​မှု​တွေ ပြန်စိပ်လာတယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

“စစ်​ရေး​က​တော့​ သူတို့​က အခုတ​လော လှုပ်ရှား​မှု​တွေ နည်း​နည်း​စိပ်လာတယ်။ ဗမာပြည်​အောက်ပိုင်း​က တပ်​တွေလည်း​ ​ရောက်လာတာ ရှိတယ်။ ​ရှေ့​တန်း​က ရဲ​ဘော်​တွေက ဘယ်တပ်ရင်း​ ဘယ်တပ်မ ဆိုတာ မခွဲခြား​တတ်​ပေမယ့်​ သူတို့​ တံဆိပ်မှာ​တော့​ ​နေကြာတံဆိပ်ကပ်ထား​တယ် ​ပြောတယ်။ ​မြောက်ပိုင်း​တိုင်း​မှာ အဲဒီတံဆိပ် တပ်ထား​တာ မရှိဘူး​လေ။ အဲဒါ​တွေက ဗန်း​မော်ခရိုင် မိုး​မောက်မြို့​နယ်အတွင်း​မှာ သူတို့​တွေ ​တော်​တော်​လေး​ လှုပ်ရှား​လာတာ ရှိတယ်။ မြစ်​ကြောင်း​က​နေ တဆင့်​တက်လာတဲ့​ အဖွဲ့​တွေ။”

ကေအိုင်အိုရဲ့​ လက်နက်ကိုင်တပ်ဖြစ်တဲ့​ (​ကေအိုင်​အေ)ကို အစိုး​ရဘက်က နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ခိုင်း​မှု​ကြောင့်​ တင်း​မာ​နေရာက ဇွန်လဆန်း​ပိုင်း​က စလို့​ ​နေ့​စဉ်လိုလို ပစ်ခတ်မှု​တွေဖြစ်ပြီး​ ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ တရုတ်-မြန်မာနယ်စပ်ကို ထွက်​ပြေး​ ခိုလှုံ​နေကြပါတယ်။

ဩဂုတ် ၂၇ ရက်​နေ့​က မြစ်ကြီး​နား​မြို့​မှာလုပ်တဲ့​ လူထုရှင်း​လင်း​ပွဲမှာ ပြည်နယ်ဝန်ကြီး​ချုပ် ဦး​လဂျွန်ငန်ဆိုင်း​က ​ကေအိုင်အိုနဲ့​ အစိုး​ရကြား​ ဖြစ်​နေတဲ့​ ပြဿနာ​တွေနဲ့​ ပတ်သက်လို့​ ​ကေအိုင်အိုကို အပြစ်ဖို့​ခဲ့​တယ်လို့​ အစည်း​အ​ဝေး​တက်​ရောက်ခဲ့​တဲ့​ ​ဒေသခံတ​ယောက်က ​ပြောပါတယ်။

“သတင်း​စာ ရှင်း​လင်း​ပွဲပုံစံမျိုး​ ပြည်သူလူထုကို ရှင်း​လင်း​တဲ့​ အစည်း​အ​ဝေး​ပွဲ​ပေါ့​။ ​ကေအိုင်​အေစစ်တပ်က မီး​ရှို့​သွား​တာမျိုး​ မဖြစ်သင့်​ဘူး​ပေါ့​။ အဲဒါမျိုး​တွေ​ခေါ်ပြီး​ ​ပြောပြသွား​တယ်။ သူတို့​ရည်ရွယ်ချက်က ​ကေအိုင်​အေကို သူတို့​က အခွင့်​အ​ရေး​ပေး​၊​ အ​လျှော့​ပေး​ပြီး​မှ အမျိုး​မျိုး​ဆွေး​နွေး​တာကို လက်မခံချင်ဘူး​ ဆိုတာကို ပုံ​ဖော်ချင်တဲ့​သ​ဘော ​ရောက်တယ်။ ”

ကချင်ပြည်နယ်ဝန်ကြီး​ချုပ် စွပ်စွဲသွား​တဲ့​ အိမ်​ခြေ ၂၀ ကို ​ကေအိုင်​အေက မီး​ရှို့​သွား​တယ်ဆိုတာနဲ့​ပတ်သက်ပြီး​ ​လော​လောဆယ်သိထား​သ​လောက်က​တော့​ စစ်အစိုး​ရတပ်​တွေ စခန်း​ချသွား​တဲ့​ စစ်တန်း​လျား​ကို မီး​ရှို့​တာဖြစ်ပြီး​ အ​သေး​စိတ်ကို စုံစမ်း​နေဆဲဖြစ်တယ်လို့​ ဦး​လနန်း​က ​ပြောပါတယ်။

ဩဂုတ် ၁၂ ရက်​နေ့​က ​နေပြည်​တော်မှာလုပ်တဲ့​ အစိုး​ရသစ်ရဲ့​ ပထမဆုံး​ သတင်း​စာရှင်း​လင်း​ပွဲမှာ အစိုး​ရ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​ကျော်ဆန်း​က ငြိမ်း​ချမ်း​ရေး​သ​ဘောတူညီချက်​တွေကို ​ကေအိုင်အိုက ချိုး​ဖောက်တယ်လို့​ စွပ်စွဲခဲ့​ပါတယ်။

ဒီစွပ်စွဲချက်အ​ပေါ် ​ကေအိုင်အို ဘက်ကလည်း​ အစိုး​ရဆီမှာ တိုင်း​ရင်း​သား​ပြဿနာကို နိုင်ငံ​ရေး​ နည်း​လမ်း​ဖြင့်​ ​ဖြေရှင်း​ချင်တဲ့​ဆန္ဒမရှိဘူး​လို့​ ပြန်လည် စွပ်စွဲထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013