Sunday, June 11, 2023
Homeမွနျမာသတငျးရခိုင်တွင် လျှပ်စစ်မီတာခ အဆမတန် ​ဈေး​ကြီး

ရခိုင်တွင် လျှပ်စစ်မီတာခ အဆမတန် ​ဈေး​ကြီး

ရခိုင်ပြည်နယ် မြို့​အ​တော်များ​များ​မှာ တခြား​ဒေသ​တွေနဲ့​မတူဘဲ ဆယ်ယူနစ်ခန့်​အထိ မီတာတယူနစ်ကို ၂၅ ကျပ်နှုန်း​ကျခံ​စေပြီး​ ကျန်ယူနစ်ပို​တွေအတွက် တယူနစ် ကျပ် ၄၀၀ ​ကျော် ကျသင့်​နေပါတယ်။

အစိုး​ရ အဆိုအရ မဟာဓာတ်အား​လိုင်း​ မ​ရောက်တာ​ကြောင့်​ ​လောင်စာအား​ပြု မီး​စက်​တွေကို အား​ပြုပြီး​ မီး​ပေး​နေတာ​ကြောင့်​လို့​ သိရပါတယ်။

အရင်က မီး​လင်း​ရေး​ကော်မတီ​တွေဖွဲ့​ပြီး​ ကိုယ်ထူကိုယ်ထလုပ်ရာက ကုမ္ပဏီ​တွေကို ချ​ပေး​တာ​ကြောင့်​ ဝန်​ဆောင်မှု​တွေ​ကောင်း​ တ​နေကုန်မီး​လာ​ပေမယ့်​ မီတာခက​တော့​ မကျပါဘူး။

အ​ခြေခံဆင်း​ရဲသား​တွေ မီး​သုံး​နိုင်​အောင် ဆယ်ယူနစ်ထိ သုံး​သူကို တယူနစ် ၂၅ ကျပ်အထိ ​ပေး​တဲ့​စနစ် စတင်ခဲ့​ပြီး​တဲ့​နောက် လွန်ခဲ့​တဲ့​သီတင်း​ပတ်ကစလို့​ ​မြောက်ဦး​မြို့​မှာ တ​နေ့​ကို မီး​ သုံး​နာရီပဲ ရ​တော့​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“၂၅ ကျပ်နှုန်း​နဲ့​ ၁၀ မီတာ ​ပေး​မယ်လို့​ အစိုး​ရနဲ့​ စာချုပ် ချုပ်ထား​တယ်။ မ​ပေး​နိုင်လို့​ ဒီမှာ ပြဿနာ​တွေ ဖြစ်​နေပြီ။ သုံး​နာရီမှာ​တောင်မှ သူတို့​က ၂ နာရီပဲ ​ပေး​တာ။ ​နောက်တနာရီက အုပ်ချုပ်​ရေး​မှူး​က သူ့​ဆီက ​ပေး​တယ်လို့​ပြောတယ်။ ၂၅ ကျပ်နှုန်း​နဲ့​ ​လျှော့​လိုက်​တော့​ ကုမ္ပဏီက မကိုက်လို့​ဆိုပြီး​ အချိန်ကို ​လျှော့​လိုက်တယ်။ ​နေ့​ပိုင်း​ဆို လုံး​ဝကို မလင်း​တော့​ဘူး​။ ညပိုင်း​ဆိုရင်​တော့​ ၇ နာရီ​လောက်က​နေ ၁၀ နာရီ​လောက်အထိ​တော့​ လင်း​ပါတယ်။”

ပုံမှန်အား​ဖြင့်​ အိမ်တအိမ်ဟာ မီတာယူနစ် နှစ်ဆယ်​ကျော် သုံး​စွဲ​လေ့​ရှိတယ်လို့​ သူက ​ပြောပါတယ်။

စစ်​တွေမြို့​မှာ​တော့​ တလကို မီတာ ခုနှစ်ယူနစ်ထိ တယူနစ် ၂၅ ကျပ်နှုန်း​နဲ့​ ကျသင့်​စေပြီး​ ကျန်ယူနစ်​တွေအတွက် တယူနစ် ၄၆၀ သတ်မှတ် ​ကောက်ယူ​နေတယ်။ မီး​က​တော့​ ၂၄ နာရီ လာ​နေတယ်လို့​ စစ်​တွေသား​တဦး​က ​ပြောပါတယ်။

“၇ ယူနစ်ထက် ပိုတဲ့​ဟာ​တွေကို ၄၆၀ နှုန်း​ပေါ့​။ နဝတ လက်ထက်က ခွဲတမ်း​ဆီ​တွေ အကုန်လုံး​ကို ဒီဘက်ကို မ​ပေး​သေး​ဘဲ ယူထား​တဲ့​သ​ဘော ရှိတာ​ပေါ့​။ အဲဒါကို အစိုး​ရက ပြန်စိစစ်လိုက်​တော့​ ဆီခွဲတမ်း​တွေ ထွက်လာတာ​ပေါ့​။ အဲဒီခွဲတမ်း​တွေကိုပဲ ပြည်သူလူထု ခံစား​ခွင့်​ရှိတယ်။ အဲဒီအတိုင်း​အတာ ယူနစ်​လောက်ပဲ ရတာ​ပေါ့​။”

သံတွဲမြို့​ဟာ မြန်မာနိုင်ငံမှာ မီတာခ​ဈေး​အမြင့်​ဆုံး​ဖြစ်ပြီး​ တယူနစ်ကို ကျပ်ငါး​ရာ ​ကောက်ခံ​နေပါတယ်။ သူလည်း​ ဆယ်မီတာ​လောက်ထိ ၂၅ ကျပ်နှုန်း​ ဖြတ်​ပေမယ့်​ ကျန်မီတာ​တွေအတွက် ငါး​ရာနီး​ပါး​ကျခံ​နေရဆဲပါ။

မြို့​ခံတဦး​က “အခုဟာက ဘယ်လိုဖြစ်လဲဆို​တော့​ ကုမ္ပဏီ အ​နေနဲ့​ ရှိတာ​ပေါ့​။ ပြည်သူ​တွေအ​နေနဲ့​က​တော့​ ၂၄ နာရီ ​ပေး​တဲ့​အ​ပေါ်မှာ ​တော်​တော်​လေး​တော့​ သ​ဘောကျတဲ့​ အ​နေအထား​ ရှိတယ်။ ကိုယ်က မသုံး​နိုင်​တော့​လည်း​ မီး​ကို ပိတ်ထား​ပေါ့​။ ​နေ့​လယ်ပိုင်း​ကို မ​ပေး​တော့​ဘူး​ဆိုတဲ့​ သတင်း​တွေ ကျ​နော်တို့​ ကြား​နေရတယ်” လို့​ ​ပြောပါတယ်။

အစိုး​ရ လျှပ်စစ်ဌာနက မီတာပုံး​တလုံး​ကို မီတာထိန်း​သိမ်း​စောင့်​ရှောက်ခအဖြစ် ပြည်သူ​တွေထံက​နေ ကျပ်​ငွေ ၁၀၀၀ လစဉ်​ကောက်ယူ​နေတယ်လို့​ မြို့​ခံက ​ပြောပါတယ်။

“၁၀၀၀ ​ပေး​ရ​တော့​ မီတာပုံး​က အလုံး​ ၄၀၀၀ ​လောက် ရှိ​တော့​ သိန်း​ ၄၀ ရတယ်။ အဲ​တော့​ ကုမ္ပဏီက ဘာတင်ပြလဲဆို​တော့​ ကျ​နော်တို့​မှာ နည်း​နည်း​ အရှုံး​ပေါ်တဲ့​ အ​နေအထား​မှာ ရှိတဲ့​အတွက် ဒီမီတာပုံး​ ကိစ္စ​ပေါ့​။ ၁၀၀၀ ကိုလည်း​ ကျ​နော်တို့​ ကုမ္ပဏီကိုလည်း​ ​ပေး​နိုင်မယ်ဆိုရင် အရှုံး​နည်း​နည်း​ ကာမိမယ်​ပေါ့​။ သူတို့​တင်ပြတယ် ​ပြောတယ်။ ကျ​နော်တို့​ အမြင်မှာ​တော့​ သူတို့​ ဝန်​ဆောင်မှု ​တော်​တော် ​ကောင်း​တယ်ဗျ။”

ကျန်​ဒေသ​တွေမှာ တယူနစ်ကို ၂၅ ကျပ်နှုန်း​နဲ့​ ​ပေး​နေ​ပေမယ့်​ ရခိုင်ပြည်နယ်မှာ တယူနစ်ကို ကျပ် ၅၀၀-၄၅၀ အထိ ကျသင့်​နေတာ​ကြောင့်​ လျှပ်စစ်မီတာကို အမှီပြုတဲ့​လုပ်ငန်း​တွေ မတိုး​တက်ဘဲ ဟန့်​တား​ထား​သလို ဖြစ်​နေဆဲပါ။

ဒီကိစ္စကို လွှတ်​တော်မှာ ရခိုင်အမတ်​တွေက တင်ပြ​ပေမယ့်​ မဟာဓာတ်အား​လိုင်း​ မ​ရောက်လို့​ မ​ပေး​နိုင်​ကြောင်း​ အ​ဖြေရခဲ့​ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular