DVB Logo
Home
မြန်မာသတင်း
ဗကသ တရား​ဝင်ရပ်တည်ခွင့်​ရ​ရေး​ လုပ်​ဆောင်မည်
DVB
·
August 29, 2011
ဗကသ တရား​ဝင်ရပ်တည်ခွင့်​ရ​ရေး​ လုပ်​ဆောင်မည်
Donate to DVB

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ် (ဗကသ) ကို တရား​ဝင်ရပ်တည်လို့​ရတဲ့​ အဖွဲ့​အစည်း​ဖြစ်ဖို့​ လုပ်​ဆောင်သွား​မယ်လို့​ ​ပြောပါတယ်။

ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အရပ်သား​အစိုးရသစ်က​နေ ဗကသကို တရား​ဝင် ရပ်တည်ခွင့်​ ပြုခဲ့​ရင် တရား​ဝင် အဖွဲ့​အစည်း​အဖြစ် ရပ်တည်သွား​မယ်လို့​ ဗကသများ​အဖွဲ့​ချုပ် ​ပြောခွင့်​ရသူ မကြည်သာတင့်​က ​ပြောပါတယ်။

“ကျမတို့​ အ​နေနဲ့​ လုပ်​ဆောင်လို့​ ရရင် ဆက်လက်ပြီး​ တရား​ဝင် လုပ်​ဆောင်ဖို့​လည်း​ ရှိပါတယ်။ တကယ်လို့​ သူတို့​ ခွင့်​မပြုဘူး​ဆိုရင် ကျမတို့​က ရတဲ့​နေရာမှာ ဆက်ပြီး​တော့​ ​ဆောင်ရွက်သွား​မှာ ဖြစ်ပါတယ်။”

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်ဟာ အင်္ဂလိပ် ကိုလိုနီ​ခေတ်ကတည်း​ မြန်မာပြည် လွတ်လပ်ဖို့​အတွက် လှုပ်ရှား​ဆောင်ရွက်ခဲ့​တဲ့​ ထင်ရှား​တဲ့​ နိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ အဖွဲ့​အစည်း​ ဖြစ်ခဲ့​ပါတယ်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်း​ပြီး​ခဲ့​တဲ့​ ​နောက်ပိုင်း​မှာ ​မြေ​ပေါ်မှာ တရား​ဝင် ရပ်တည်ခွင့်​ မရ​တော့​ဘဲ ၁၉၆၄ ခုနှစ်ကတည်း​က ​မြေ​အောက်လှုပ်ရှား​မှုဖြင့်​ စစ်အာဏာရှင် ဆန့်​ကျင့်​ရေး​၊​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ရေး​အတွက် လှုပ်ရှား​ခဲ့​ပါတယ်။

၁၉၈၈ လူထုလှုပ်ရှား​မှုအတွင်း​ ဩဂုတ်လ ၂၈ ရက်​နေ့​မှာ ကိုမင်း​ကိုနိုင်ကို ဥက္ကဋ္ဌ အဖြစ် တင်​မြှောက်ပြီး​ ပြန်လည်ဖွဲ့​စည်း​ခဲ့​ပါတယ်။ ၂၀၀၇ သံဃာလှုပ်ရှား​မှု မတိုင်ခင် ဩဂုတ်လ ၂၈ ရက်မှာ ဗကသအဖွဲ့​ချုပ်ကို ပြန်လည်ဖွဲ့​စည်း​နိုင်ခဲ့​ပြီး​ ဒီက​နေ့​ဟာ ၄ နှစ်ပြည့်​မြောက်တဲ့​နေ့​လည်း​ ဖြစ်ပါတယ်။

၎ နှစ်ပြည့်​မြောက်တဲ့​နေ့​မှာ ဗကသများ​ အဖွဲ့​ချုပ်က​နေ ​ကြေညာချက်တ​စောင်ကို ထုတ်ပြန်ခဲ့​ပြီး​ ​ကြေညာချက်နဲ့​ ပတ်သက်လို့​ မကြည်သာတင့်​က အခုလို ​ပြောပါတယ်။

“၂၀၀၇ မှာ ပြန်လည်ဖွဲ့​စည်း​ခဲ့​တဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂ ၄ နှစ်​မြောက်​နေ့​မှာ ကျမတို့​ အဓိက ​ပြောချင်တာက ကျမတို့​တိုင်း​ပြည် ငြိမ်း​ချမ်း​ရေး​ရဖို့​ ပြည်တွင်း​စစ်ရပ်စဲဖို့​၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အား​လုံး​ ခြွင်း​ချက်မရှိ လွတ်​မြောက်ဖို့​၊​ ဧရာဝတီ မြစ်ဆုံ စီမံကိန်း​ ရပ်တန့်​ဖို့​ အပါအဝင် တိုင်း​ရင်း​သား​ပြည်သူ​တွေရဲ့​ အကျိုး​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကြိုး​ပမ်း​ဆောင်ရွက်မှု​တွေကို ကျမတို့​ ဗကသအဖွဲ့​ချုပ်က​နေ အပြည့်​အဝ ​ထောက်ခံ​ကြောင်း​ အဓိက ​ပြောချင်ပါတယ်။ ”

၂၀၀၇ ခုနှစ်မှာ ပြန်လည်ဖွဲ့​စည်း​ခဲ့​တဲ့​ ဗကသများ​အဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ကို​ကျော်ကိုကို၊​ ကိုစည်သူ​မောင်၊​ ကိုဒီငြိမ်း​လင်း​၊​ မဖြိုး​ဖြိုး​အောင်နဲ့​ မဟန်နီဦး​ အပါအဝင် ​ကျောင်း​သား​ခေါင်း​ဆောင်​တွေက​တော့​ မြန်မာပြည်က နယ်စွန်း​နယ်ဖျား​ အကျဉ်း​ထောင်​တွေမှာ နှစ်ရှည် အကျဉ်း​ကျခံ​နေရပါတယ်။

မြန်မာနိုင်ငံအတွင်း​က ​ကျောင်း​သား​အများ​စုကိုလည်း​ ​ကျောင်း​သား​ထုအခွင့်​အရေး​ကာကွယ်​ရေး​ မြန်မာပြည်ရဲ့​ လက်ငင်း​ကြုံ​တွေတဲ့​ ပြဿနာကို ​ဖြေရှင်း​ဖို့​အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်နဲ့​ လက်တွဲ လုပ်​ဆောင်သွား​ဖို့​ကိုလည်း​ တိုက်တွန်း​ပါတယ်။

“အသီး​သီး​မှာ ရှိတဲ့​ ​ကျောင်း​သား​တွေဟာဆိုရင် တိုင်း​ပြည်ကို ချစ်တဲ့​စိတ်၊​ ​ကျောင်း​သား​စိတ်ဓာတ် အပြည့်​အဝနဲ့​ သမိုင်း​မှာ အစဉ်အလာ ကြီး​မား​တဲ့​ ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂရဲ့​ ​အောက်မှာ ​ကျောင်း​သား​ထုရဲ့​ အခွင့်​အ​ရေး​တွေ၊​ အမိမြန်မာပြည်မှာ ကြုံ​တွေ့​ရတဲ့​ ပြဿနာ​တွေကို ​ကျောင်း​သား​ကျောင်း​သူ​တွေ အတူလက်တွဲပြီး​တော့​ လှုပ်ရှား​ဆောင်ရွက်ဖို့​လည်း​ ကျမတို့​ ဒီ​နေ့​မှာ အ​လေး​အနက်ထား​ တိုက်တွန်း​ချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013