DVB Logo
Home
မြန်မာသတင်း
အ​မေရိကား​ရောက် မြန်မာများ​ ဟာရီကိန်း​မုန်တိုင်း​ကြောင့်​ ​ဘေး​လွတ်ရာကို ​ရှောင်တိမ်း​နေ
DVB
·
August 28, 2011
အ​မေရိကား​ရောက် မြန်မာများ​ ဟာရီကိန်း​မုန်တိုင်း​ကြောင့်​ ​ဘေး​လွတ်ရာကို ​ရှောင်တိမ်း​နေ
Donate to DVB

အ​မေရိကန်ပြည်​ထောင်စု အတ္တလန္တိတ် ကမ်း​ရိုး​တန်း​ တ​လျှောက်က ပြင်း​အား​ အဆင့်​ ၃ ရှိ ဟာရီကိန်း​ မုန်တိုင်း​ကြီး​ အ​ရှေ့​ဘက်ကမ်း​ရိုး​တန်း​ကို စ​နေ​နေ့​ညကတည်း​က စတင် ဝင်​ရောက်​နေတာ​ကြောင့်​ အ​မေရိကား​ရောက် မြန်မာတချို့​ မြန်မာဘုန်း​ကြီး​ကျောင်း​တွေမှာ သွား​ရောက် ခိုလှုံနေကြတယ်လို့​ သိရပါတယ်။

[caption id="attachment_14813" align="alignright" width="310" caption="ဓာတ်ပုံ-ရိုက်တာ"][/caption]

မြောက်ကာရိုလိုင်း​နား​၊​ ဗာဂျီး​နီး​ယား​၊​ ​မေရီလင်း​၊​ ကွန်နက်တီကပ်၊​ နယူး​ယောက်နဲ့​ နယူး​ဂျာစီ စတဲ့​ ပြည်နယ် ၁၀ ခုကို ​ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့​တွေက အ​ရေး​ပေါ် အ​ခြေအ​နေ တရပ်အဖြစ် ​ကြေညာထား​ပြီး​ လာ​ရောက်ခိုလှုံနိုင်ဖို့​ အတွက်လည်း​ ​ကျောင်း​တွေမှာ ​နေစရာ​တွေ စီစဉ်​ပေး​ထား​ပါတယ်။

မုန်တိုင်း​မဖြစ်ခင် ကြိုတင်ပြီး​ အစိုး​ရပိုင် ရုပ်သံလိုင်း​တွေက​နေ ပြည်သူ​တွေ ကြိုတင် ပြင်ဆင်ထား​သင့်​တာ​တွေကို အဆက်မပြတ် ​ကြေညာ​နေပြီး​ မုန်တိုင်း​ကျ​ရောက်တဲ့​ အချိန်မှာလည်း​ မုန်တိုင်း​အ​ခြေအ​နေ​တွေကို တိုက်ရိုက်ထုတ်လွှင့်​ ပြသ​နေတာ​ကြောင့်​ ကြိုတင် ပြင်ဆင်ထား​နိုင်ကြတယ်လို့​ အ​မေရိကန်နိုင်ငံ ​မေရီလင်း​မှာ ​နေထိုင်တဲ့​ ဦး​ယဉ်​ထွေး​က ​ပြောပါတယ်။

“မုန်တိုင်း​လာမယ်။ ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့​။ ပြတင်း​ပေါက်တို့​၊​ တံခါး​ပေါက်တို့​ နား​မှာ မ​နေပါနဲ့​။ ​ရေ​တွေ အစား​အ​သောက်​တွေ၊​ ကား​ဆိုရင်လည်း​ ဆီဖြည့်​ထား​ကြပါ​ပေါ့​။ အစား​အ​သောက်​တွေ အ​ခြောက်အခြမ်း​တွေကို ​လှောင်ထား​ကြပါ ​ပြောတယ်။ တချို့​ဆိုင်​တွေမှာဆိုရင် ​ရေ​တွေ ..။ နယူး​ယောက်မှာဆိုရင် ​သောက်​ရေ​တွေ ပြတ်သွား​တယ်။ နယူး​ယောက်မှာက ဒီလိုမုန်တိုင်း​ဒဏ် မကြုံဖူး​တဲ့​အတွက် ​ကြောက်ကြတယ်။ နယူး​ယောက်မြို့​က မြို့​တော်​ဟောင်း​လည်း​ ဖြစ်တာကို။ မီး​ရထား​လမ်း​၊​ ကား​လမ်း​ အား​လုံး​ စ​နေ့​နေ့​ ​နေ့​လည်ကတည်း​က ပိတ်ထား​တယ်။ ဝါရှင်တန်ဒီစီမှာဆိုရင် ​ရောင်း​နေတဲ့​ဆိုင်မှာ သဲအိတ်​တွေ ပြတ်သွား​ပြီ။ သဲအိတ်​တွေလည်း​ ပြတ်​ရော အစိုး​ရကိုယ်တိုင် သဲအိတ်​တွေ လာယူဖို့​ တီဗွီမှာ ​ကြေညာတယ်။ အဲသတင်း​ရတာနဲ့​ တချို့​က သွား​ယူကြတယ်။ ကား​တွေနဲ့​ လာတာနဲ့​ ကား​တစီး​ကို ၅ အိတ်နှုန်း​ ​ပေး​တယ်။ အဲဒါကိုလည်း​ တီဗွီက ပြတယ်။”

အခု​လော​လောဆယ် အစိုး​ရရုပ်သံလိုင်း​ ​ကြေညာချက်အရ လူ​လေး​ဦး​ ​သေဆုံး​တယ်လို့​ သိရပြီး​ မုန်တိုင်း​ကြောင့်​ သစ်ပင်​တွေပြိုလဲတာ လျှပ်စစ်မီး​ပြတ်​တောက်​တွေ ရှိ​နေတဲ့​အတွက် သက်ဆိုင်ရာ ကူညီ​ဖြေရှင်း​မှု​တွေ ရှိ​နေတယ်လို့​လည်း​ ဆိုပါတယ်။

“ခုနက တီဗွီမှာ လာသွား​တာ သမ္မတကိုယ်တိုင် ရုံး​မှာထိုင်ပြီး​တော့​ သတင်း​ဌာန​တွေက လွှင့်​တာ​တွေကို ကြည့်​ပြီး​တော့​ ဖြစ်နိုင်ရင် ဘယ်လို​နေကြပါ။ ဘယ်လိုထိုင်ကြပါဆိုပြီး​။ သူကိုယ်တိုင်လိုက်ပြီး​ ကွပ်ကဲ​နေတာ​ပေါ့​။ ပြီး​တော့​ အ​ရေး​ပေါ် ဖြစ်တဲ့​နေရာဆိုရင် ချက်ချင်း​သွား​ဖို့​ မီး​သတ်သမား​တွေ​ရော၊​ ရဲ​တွေ​ရော၊​ မီး​ပြင်တဲ့​သူ​တွေ အား​လုံး​လည်း​ အဆင့်​သင်လုပ်ထား​ကြတယ်။ အခုဆိုရင် ​နေရာတိုင်း​မှာ ဥဩသံ​တွေက ကြား​နေရတယ်။ ဘာဖြစ်လို့​လဲ ဆို​တော့​ သဘာဝ​ဘေး​အန္တရာယ်ဖြစ်လို့​ ကြုံ​တွေ့​တဲ့​ဟာ​တွေကို ​ဖြေရှင်း​နေကြတယ်​ပေါ့​ဗျာ။ အဲဒါ​တော့​ ​တွေ့​ရတယ်။ အခုအဆိုး​ဆုံး​က​တော့​ ကမ်း​ရိုး​တန်း​တွေ​ပေါ့။ ​မြောက်ကာရိုလိုင်း​နား​ဆိုရင် အထိ ​တော်​တော် နာ​နေတယ်။ ​မြောက်ကာရိုလိုင်း​နား​နဲ့​ ဗာဂျီး​နီး​ယား​က အပျက်အစီး​ ​တော်​တော်များ​တယ်။”

ဟာရီကိန်း​မုန်တိုင်း​သင့်​ ​ဒေသ​တွေမှာ ​ရောက်ရှိ​နေတဲ့​ မြန်မာ​တွေထဲမှာ​တော့​ ​သေဆုံး​ဒဏ်ရာရတာ​တွေ မကြား​ရ​သေး​ဘူး​လို့​လည်း​ ​ပြောပါတယ်။

မုန်တိုင်း​တိုက်ခတ်ရာ ​နေရာမှာ မြန်မာပြည်သား​တွေ အများ​အပြား​ ရှိ​နေပြီး​ ဆူရှီလုပ်ငန်း​ လုပ်ကိုင်​နေကြပြီး​ သက်ဆိုင်ရာက အချိန်မီ ​ရွှေ့​ပြောင်း​ခိုင်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013