DVB Logo
Home
မြန်မာသတင်း
စိတ်မနှံ့သူတဦးက အဖေအရင်းကို ဓားဖြင့်ခုတ်သတ်
DVB
·
May 2, 2016
စိတ်မနှံ့သူတဦးက အဖေအရင်းကို ဓားဖြင့်ခုတ်သတ်
1 / 2
Donate to DVB

ညီအစ်ကို ၂ ဦး အချေတင်စကားများရန်ဖြစ်ရာကနေ စိတ်မနှံ့တဲ့ညီဖြစ်သူက ဓားနဲ့ ခုတ်လိုက်တဲ့အတွက် ကြားဝင်ဖြောင်းဖျပေးတဲ့ ဖခင်ဖြစ်သူ နေရာမှာ ဓားဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မင်းပြားမြို့မရဲစခန်းက ပြောပါတယ်။

ဧပြီ ၃၀ ရက်ည ၈ နာရီက ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ငတက်ကျေးရွာမှာ စိတ်မနှံ့သူက အိမ်မှာရှိတဲ့ သုံးပေလောက်ရှည်တဲ့ တောင်ယာခုတ်ဓားနဲ့ ဖခင်ဖြစ်သူကို ၃ ချက်ခုတ်လိုက်ရာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ နေရာမှာပင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မင်းပြားမြို့မရဲစခန်း ရဲအုပ်စိန်ထွန်းဦးက “ညီအစ်ကို ၂ ဦးရန်ဖြစ်နေတာကို အဖေဖြစ်သူက တားတယ်။ အဲ့ဒီမှာ အဖေဖြစ်သူကို ခုတ်တယ်။ နောက်ပြီး အစ်ကိုဖြစ်သူကို ထပ်ပြီးခုတ်တယ်။ အဖေကတော့ နေရာမှာ သေဆုံးသွားတယ်။ ကျနော်တို့ ရဲတပ်ဖွဲတွေသတင်းရလို့ ရောက်သွား တာက မနေ့က မနက် ၅ နာရီပေါ့လေ။ သူက အိမ်ပေါ်မှာ ရှိနေတုန်း။ သူ့ကို ကျနော်တို့ ၂ နာရီကျော်လောက် အိမ်အောက်ကနေ ဖြောင်းဖျပေးတယ်။ ဖြောင်းဖျလို့ မရဘူး။ နောက်ဆုံး တော့အိမ်ပေါ်ကနေ ဓားရှည်နဲ့ပြေးဆင်းလာတယ်။ အနားမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေ အကုန်ခုတ် တယ်။ ရဲတွေက အကုန်ထွက်ပြေးကြတယ်။ နောက်ဆုံး ရဲအုပ်တစ်ယောက်ကိုခုတ်မလို့လုပ် နေတုန်း ကျနော်တို့ဖက်က ကာကွယ်တဲ့အနေနဲ့ ခါးအောက်ပိုင်းကို သေနတ်နဲ့ပစ်လိုက်ရပါတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်လိုက်တာကြောင့် ညာဖက်ပေါင်ကို ထိသွားပြီး ညာဖက်ပေါင်က ထွက်လာတဲ့ ကျည်က ၀ဲပေါင်ကို ရှပ်ထိသွားတယ်လို့ ဆိုပါတယ်။ ဓားခုတ်ခံရတဲ့အတွက် ဖခင်ဖြစ်သူ ဦးခိုင်ထွန်းဦး သေဆုံးခဲ့ပြီး အစ်ကိုဖြစ် သူသိန်းထွန်းအေးမှာတော့ လက်မောင်းပြတ်ရှဒဏ်ရာနဲ့ မင်းမြားမြို့ ဆေးရုံမှာအတွင်းလူနာအဖြစ် ဆေးကုသမှုခံနေတယ်လို့ ပြောပါတယ်။

မိသားစုဝင်တွေက တရားလိုပြုတိုင်တန်းတဲ့အတွက် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (ပ) ၇၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ ၃၂၆ လူသတ်မှုတို့နဲ့ မင်းပြားမြို့မရဲစခန်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - လင်းသူရ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013