DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာတချို့ ရေရှားပါးမှုဆက်တိုက်ကြုံနေရ
DVB
·
May 2, 2016
တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာတချို့ ရေရှားပါးမှုဆက်တိုက်ကြုံနေရ
1 / 4
Donate to DVB

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အလိုက် ကျေးရွာအချို့မှာ ဧပြီလ နှောင်းပိုင်းနဲ့ မေလကနေ စတင်ကာ ရေရှားပါးမှု ဆက်တိုက်ကြုံနေရတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ထံက သိရပါတယ်။

ထားဝယ်ခရိုင်တွင် မောင်မယ်ရှောင်၊ ရှင်မုတ္ထီး၊ ကနိုင်ဒါ၊ ကူတို့၊ စော်ဝ၊ ရောင်းမော်၊ ညောင်ဇင်၊ ဝေဒီ၊ ကညုံကျွန်းနှင့် အခြားကျေးရွာများ၊ မြိတ်ခရိုင် ကွမ်းသီးချောင်း၊ ရွာသစ်၊ ကျောက်ဖြူတောင်၊ ကျွဲကူး၊ ပသောင်း၊ တုံးဗျောကျေးရွာအုပ်စုက မွှေ့ရှောင်၊ ချောင်းဝပြင်၊ အင်္ဂမော်ကျေးရွာနှင့် အခြားကျေးရွာတွေမှာ ရေပြတ်လပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကော့သောင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ဘုတ်ပြင်းမြို့နယ်၊ ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်ကာ ပြတ်လပ်နေတယ်လို့ မီးသတ်ဦးစီးဌာနတို့ထံမှ သိရပါတယ်။

မြိတ်မြို့နယ်အတွင်းရှိ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာအချို့မှာ အဝေစီတွင်းတွေ ခမ်းခြောက်နေပြီး၊ ရေတွင်းရေကန်များလည်း ခန်းခြောက်နေကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်၊ ထိုအပြင် အချို့သော တွင်းရေဟာလည်း အချည်ဓာတ်များဖြစ်နေတယ်လို့ ဒေသခံရွာသားများထံက သိရပါတယ်။

တိုင်းအတွင်းရှိ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတဲ့ မြို့နယ်အချို့မှာ ရေအလှူရှင်တွေ လိုအပ်နေပြီး၊ မြိတ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ခရိုင်နဲ့ ရပ်ကျေးမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပရဟိတ စေတနာရှင်အဖွဲ့အစည်းတွေက အသီးသီးသွားရောက်ကာ ရေရှားပါးတဲ့ ကျေးရွာတွေကို အခမဲ့ သွားရောက်လှူဒါန်းနေကြတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအတွင်း ထားဝယ်ခရိုင်မှာ ၂၂ ရွာ၊ မြိတ်ခရိုင်မှာ ၃၂ ရွာ၊ ကော့သောင်းခရိုင်မှာ ၁၀ ရွာတို့မှာ ရေရှားပါးနိုင်တဲ့အတွက် အယ်နီညိုစီမံချက်မှာ ထည့်သွင်းရေးဆွဲထားတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။

သတင်း - မြတ်ထွဋ်  (မြိတ်)

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013