DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် လေပြင်းတိုက်၍ ရှေးဟောင်းဟော်နန်းပြိုကျ
DVB
·
May 2, 2016
ပင်လောင်းတွင် လေပြင်းတိုက်၍ ရှေးဟောင်းဟော်နန်းပြိုကျ
1 / 3
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်မှာ မေလ ၁ ရက်နေ့ညက လေပြင်းတိုက်တဲ့အတွက်  အရှေ့ပိုင်းရပ်ကွက်ရှိ ပင်လောင်းစော်ဘွားတွေနေထိုင်ခဲ့ရာ ရှေးဟော်နန်း အဆောက်အဦ ပြိုကျပျက်စီးခဲ့ပါတယ်။

မနေ့ညက မိုးရောလေပါတိုက်ခတ်တဲ့အတွက် ဟော်နန်းရဲ့ အနောက်ဘက် အဆောင်ပြိုကျသွား တာလို့ ပင်လောင်းစော်ဘွားရဲ့ သားဖြစ်သူ စ၀်မောက်ခမ်းဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ည ၆ နာရီကျော်မှာ မိုးသားတွေတက်လာတဲ့အတွက် ကျနော်တို့လည်းဟော် အတွက် စိုးရိမ်ပြီး အထဲက အရေးကြီးပစ္စည်းနဲ့ ဘုရားဆင်းထုတော်တွေ ရွှေ့ထားတယ်။ မိုးက ၁ နာရီကျော်ကြာရွာတယ်၊ မိုးသီးတွေလည်းပါတယ်။ သိပ်တော့မကြီးပါဘူး။ ဒါပေမယ့်ဟော်ရဲ့ အနောက်ဘက်အဆောင်ပြိုသွားတယ်။”

လေပြင်းတွေကြောင့် သစ်ပင်နဲ့ ဓာတ်တိုင်တချို့ ယိုင်နဲ့ ကျိုးကျပေမယ့်လည်း တခြားလူနေအိမ်နဲ့စိုက်ပျိုး ခင်းတွေတော့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါဟော်နန်းမှာ လူနေထိုင်ခြင်းမရှိဘဲ နောင်လာနောက်သားတွေ လေ့လာနိုင်တဲ့နေရာ တစ်ခုအဖြစ် မိသားစုက ထိန်းသိမ်းထားတာပါ။

ဒါပေမယ့်  ငွေကြေးအခက်အခဲကြောင့် ထိထိရောက်ရောက်မွမ်းမံထိန်းသိမ်းနိုင်ခြင်းမရှိကြောင်း ၊  အခုလို ပြိုကျသွားတဲ့အခါမှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့  ၀ိုင်းဝန်းပြုပြင်ထိန်းသိမ်းပေးဖို့ ဆန္ဒရှိတယ်လို့ စ၀်မောက်ခမ်းဆိုင်က ပြောပါတယ်။

ပင်လောင်းစော်ဘွား ၁၆ ဆက်ရှိပြီး နောက်ဆုံးစော်ဘွားက သီရိပျံချီစ၀်မိုးကျော်ဖြစ်ပါတယ်။ စော်ဘွားကြီးဟာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက် အာဏာသိမ်းစဉ် အခြား ရှမ်း စော်ဘွားများနဲ့အတူ ဖမ်းဆီးထောင်ချခံရပါတယ်။

ထောင်ကပြန်လွတ်အပြီး ၂ နှစ်အကြာ မှာ စော်ဘွားကြီးကွယ်လွန်သွားပြီး  ကြင်ယာတော် စ၀်နန်းလှတင်နဲ့ သားတော် ၃ ဦး သမီးတော် ၁  ဦး ကျန်ရစ်ပါတယ်။

ဓာတ်ပုံ - ZOMZ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013