DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို ​ထောင်ဒဏ် ၁၀ နှစ် ချမှတ်
DVB
·
August 26, 2011
ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို ​ထောင်ဒဏ် ၁၀ နှစ် ချမှတ်
Donate to DVB

ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို ​မြောက်ပိုင်း​ခရိုင်တရား​ရုံး​တရား​သူကြီး​ ဦး​ခင်​မောင်ရုံး​ထိုင် အင်း​စိန်​ထောင်တွင်း​တရုံး​က အီလက်ထ​ရောနစ်ပုဒ်မ ၃၃ (က) နဲ့​ ဒီ​နေ့​ခင်း​ ၂ နာရီမှာ ​ထောင်ဆယ်နှစ်ချမှတ်တယ်လို့​ ကို​နေမျိုး​ဇင်ရဲ့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

“အီလက်ထ​ရောနစ် ဥပ​ဒေပုဒ်မ ၃၃ (က) အရပဲ ​ထောင်ဒဏ် ၁၀ နှစ်ချလိုက်ပါတယ်။ ဥပ​ဒေနဲ့​အညီ​ပြောမယ်ဆိုရင် rule of law မရ​သေး​ဘူး​ပေါ့​။”

ကို​နေမျိုး​ဇင်ဟာ အစိုး​ရသစ်လက်ထက်မှာ ပထမဆုံး​ စွဲဆိုအပြစ်စီရင်ခံရတဲ့​ နိုင်ငံ​ရေး​အမှုဖြစ်ပါတယ်။

သူဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကလုပ်​ဆောင်​နေတဲ့​ ​သွေး​ကူ​ပေး​ရေး​ပရဟိတလုပ်ငန်း​မှာ ကူညီ​နေရင်း​ ပြီး​ခဲ့​တဲ့​ ဧပြီလဆန်း​မှာ ရဲက ဝရမ်း​မပါ ဖမ်း​ဆီး​တာခံရပါတယ်။

စစ်​ကြော​ရေး​မှာ ညှဉ်း​ပန်း​စစ်​ဆေး​ခံရသလို ဥပ​ဒေနဲ့​မညီညွတ်တဲ့​ ပစ္စည်း​သိမ်း​ဆည်း​မှု​တွေကို ရင်ဆိုင်ရပြီး​တဲ့​နောက် တရား​စွဲဆိုခံရတာဖြစ်ပါတယ်။

အမိန့်​ချမှတ်ချက်​တွေမှာ ကို​နေမျိုး​ဇင်ဟာ ဗွီအို​အေသတင်း​ဌာနမှာလုပ်​နေတဲ့​ ဦး​ရော်နီငြိမ်း​ ​ခေါ် ဦး​သောင်း​ငြိမ်း​မနဲ့​ ဆက်သွယ်ပြီး​ ပြည်ပ​ရောက် မျိုး​ချစ်စစ်သည်​ဟောင်း​များ​အဖွဲ့​မှာ ဝင်​ရောက်ခဲ့​တယ်ဆိုတဲ့​ စွပ်စွဲချက်လည်း​ ပါတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် ကို​နေမျိုး​ဇင်ရဲ့​ အင်တာနက်အ​ကောင့်​နဲ့​ ပတ်စဝက်ကို စစ်​ကြောရယူပြီး​ ​ရွေဘန်း​၊​ ညီတိုး​ငြိမ်း​ စတဲ့​ က​လောင်အမည်နဲ့​ ​ရေး​တဲ့​ ​ဆောင်း​ပါး​တွေကို အင်တာနက်က​နေ ကို​နေမျိုး​ဇင်က ​ရေး​သား​တယ်ဆိုတဲ့​ စွပ်စွဲချက်​တွေအ​ပေါ် အီလက်ထ​ရောနစ် ဥပ​ဒေနဲ့​ စွဲဆိုစီရင်ခဲ့​တာဖြစ်ပါတယ်။

အခုပြစ်ဒဏ်စီရင်ခံရတဲ့​ စွပ်စွဲချက်​တွေကို တရား​ခွင်မှာ ထု​ချေရှင်း​လင်း​ခဲ့​ရာမှာ

အ​ထောက်အထား​မခိုင်လုံတာ​တွေကို ​ဖော်ထုတ်ထု​ချေခဲ့​တယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

အစိုး​ရသစ်လက်ထက် ဒီစီရင်ချက်နဲ့​စပ်လျဉ်း​ပြီး​ တရား​ခွင်မှာ စစ်​ကြောတဲ့​ ကာလတ​လျှောက် ​ကျေနပ်​လောက်​အောင် တရား​ရေး​ဝန်ထမ်း​ တာဝန် ထမ်း​နိုင်ရဲ့​လား​လို့​ ​မေး​မြန်း​ချက်ကို ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

“တပ်မ​တော်သား​ တ​ယောက်က​နေပြီး​တော့​ တပ်မ​တော်ကို သိက္ခာကျတဲ့​ အ​ရေး​အသား​တွေ ​ရေး​တယ်ဆိုပြီး​တော့​ သူ့​ကို အဓိက အီလက်ထ​ရောနစ် ဥပ​ဒေနဲ့​စွဲတာ​ပေါ့​။ သူက နိုင်ငံ​ရေး​အရ ပြစ်ဒဏ်ချခံရတာ။ သူ့​ယုံကြည်ချက်နဲ့​ သူ့​ဟာသူလုပ်တယ်။ ပြီး​တော့​ သူမ​ရေး​တဲ့​စာရွက် စာတမ်း​တခုကို သူ​ရေး​ပါတယ်ဆိုပြီး​ တရား​မဝင်ပြစ်ဒဏ်ချမှတ်တယ်လို့​ ကျ​နော်တို့​က သုံး​ပါတယ်။ ဥပ​ဒေနဲ့​မညီတဲ့​ စာရွက်စာတမ်း​ကို အ​ခြေပြုပြီး​တော့​ ပြစ်ဒဏ်စီရင်တယ်ဆို​တော့​ ဥပ​ဒေနဲ့​မညီဘူး​ပေါ့​။ ​လျှောက်လဲချက်မှာလည်း​ တင်ပြထား​တယ်။ ပြစ်ဒဏ်ကြီး​ကို မချသင့်​ပါဘူး​။ ဘာလို့​လဲဆို​တော့​ ကျန်း​မာ​ရေး​လည်း​ မ​ကောင်း​ဘူး​။ ဒုက္ခိတ ဖြစ်​နေတယ်။”

အီလက်ထ​ရောပုဒ်မ ၃၃ (က) ဟာ ထင်ရှား​တဲ့​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ နိုင်ငံ​ရေး​သမား​တွေ၊​ ​ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ဦး​ဆောင်သံဃာ​တွေကို တပ်မ​တော်အစိုး​ရလက်ထက်တရား​ရုံး​တွေမှာ ချမှတ်​လေ့​ရှိတဲ့​ ပုဒ်မဖြစ်ပါတယ်။ အမြင့်​ဆုံး​ပြစ်ဒဏ်အဖြစ် ​ထောင်ဒဏ် ၁၅ နှစ်သတ်မှတ်ထား​ပြီး​ အနိမ့်​ဆုံး​ ၇ နှစ် ချမှတ်နိုင်ပါတယ်။

ကို​နေမျိုး​ဇင်ရဲ့​ညီ ကိုခင်​မောင်​ထွေး​က သူ့​အစ်ကို​ထောင်ကျတာဟာ နိုင်ငံအကျိုး​အတွက် ပရဟိတအလုပ် ​လျော့​ကျသွား​စေတယ်လို့​ ​ပြောပါတယ်။

“ဒါဟာ သမ္မတ နိုင်ငံ​တော်လည်း​ ဖြစ်လာပြီ။ သန့်​ရှင်း​တဲ့​အစိုး​ရဆိုတာလည်း​ သူတို့​က ​ကြွေး​ကြော်ထား​တယ်။ သန့်​ရှင်း​လား​ မသန့်​ရှင်ဘူး​လား​ဆိုတာ သက်​သေပြတဲ့​ သ​ဘောလည်း​ သက်​ရောက်တယ်။”

ကို​နေမျိုး​ဇင်ကိစ္စကို မြန်မာပြည်လာသွား​တဲ့​ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး​ကိုယ်စား​လှယ် မစ္စတာကင်တား​နား​ကို မိသား​စုနဲ့​ နီး​စပ်သူ​တွေက တင်ပြအသိ​ပေး​ခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013