DVB Logo
Home
မြန်မာသတင်း
ဥပဒေနှင့်အညီ စီရင်ရေး ကူညီရန် ကင်တားနားကို ကိုဖြိုးဝေအောင် တောင်းဆို
DVB
·
August 26, 2011
Donate to DVB

ဥပဒေနှင့်အညီ စီရင်ခွင့်ရဖို့ ကူညီပါလို့ မနှစ် သင်္ကြန် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ ကိုဖြိုးဝေအောင်က ပြောတယ်လို့ သူ့ဇနီး မဌေးဌေးက ပြောပါတယ်။

အင်းစိန်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို  ဩဂုတ် ၂၄ ရက်မှာ သွားရောက် တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးသူ တောမတ်စ် အိုဟေးကင်တားနားကို ကိုဖြိုးဝေအောင်က ခုလိုပြောပြ အကူအညီတောင်းလိုက်တာလို့ ဆိုပါတယ်။

မနေ့က တရားရုံးထုတ်ချိန် ကိုဖြိုးဝေအောင်ကို တွေ့ဆုံချိန်မှာ ခုလို ပြောပြလိုက်တာလို့ ပြောပါတယ်။

“သူကတော့ အစက အချိန်တော်တော်များများ ရမယ်ထင်ပြီးတော့ အမှုတွဲတွေ အကုန်လုံးကို ယူသွားတယ်။ ထောင်ပိုင်ကတောင် ယူခွင့်မရှိဘူးပြောလို့ ပြဿနာ တက်သေးတယ်။ အချိန်ရတာနည်းလို့ ချုံ့ပြောရတော့ တရားရုံးမှာ တရားစီရင်နေတာမှ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေး ဘာမှမရဘူး။ အဲလိုဖြစ်နေတာကိုပဲ အဓိကထား ပြောလို့ ပြောတယ်။ ကင်တားနားကနေ ဘာကူညီပေးရမလဲလို့ မေးတဲ့အချိန်မှာ သူ့ကိုစီရင်နေတဲ့ တရားစီရင်ရေးကို ဥပဒေနဲ့အညီ စီရင်ပေးရင်တော့ သူ့အတွက်ကောင်း တယ်လို့ ပြောတယ်။ ”

မစ္စကင်တားနား အင်းစိန်ထောင်တွင်း သွားစဉ် ကိုဖြိုးဝေအောင်၊ ကိုစည်သူဇေယျ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၇ ဦးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ကိုဖြိုးဝေအောင်ရဲ့ အမှုကို မနေ့က ထပ်ပြီး ရုံးထုတ် စစ်ဆေးရာမှာ ပြန်ခေါ် သက်သေတွေကို ထပ်စစ်ဆေးတယ်လို့ ဆိုပါတယ်။

ကိုဖြိုးဝေအောင်ကတော့ သူ့ကို ဥပဒေအရ မှန်မှန်ကန်ကန် စစ်ဆေးမယ်ဆိုရင် ပြန်လွတ်မယ်လို့ ယုံကြည်ကြောင်းလည်း မဌေးဌေးက ပြောပါတယ်။

“အမှုတွဲကတော့ ပြန်ခေါ်တွေကို စစ်နေတာပေါ့။ အခုလောလောဆယ် စွဲချက်တင်တဲ့ အနေအထားပေါ့။ ကျန်တဲ့သူတွေက ဗုံးဖောက်တယ်ပေါ့။ သူက ကူညီပေးတယ်ပေါ့။”

ကိုဖြိုးဝေအောင်အပေါ် လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု စတဲ့ပုဒ်မတွေနဲ့ ဆက်စပ်ပြီး အထောက်အထားမခိုင်လုံဘဲ  တရားစွဲထားတာလို့လည်း မဌေးဌေးက ပြောပါ တယ်။

“ဟိုလူတွေက လုပ်ပါတယ် ဆိုတဲ့ဟာတောင်မှ တရားရုံးမှာ စစ်ထားတဲ့ အထောက်အထား အနေနဲ့ ဘာမှမရှိဘူး။ သူပါဝင် ပတ်သက်တယ် ဆိုတာက ပိုဆိုးတယ်။ ဒါပေမယ့် ကျမတို့က ဘယ်လိုဖြစ်လဲဆိုတော့

“သက်သေက လာထွက်တယ်။ ရဲရှေ့ အစစ်ခံချက်အရ သူစစ်ကြောရေးအတွင်းမှာ သူပြောထားပါတယ်ဆိုပြီး လာထွက်တဲ့စကားတွေ သက်သေခံ ဥပဒေကြောင်းအရဆို ဒါတွေ လက်ခံလို့ မရဘူး။ အဲဒါကြောင့် ပယ်ပေးဖို့ တောင်းပေမယ့် တရားရုံးက လက်ခံတယ်။ ဥပဒေနဲ့အညီ ဒီအမှုကို စစ်ဆေးစီရင်ခွင့်တွေ ရမယ်ဆိုရင် သူ့အတွက် ကောင်းတယ်လေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013