DVB Logo
Home
မြန်မာသတင်း
ပွင်းလင်းမြင်သာစွဲဆောင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်ရန် ပညာရှင်တိုက်တွန်း
DVB
·
August 27, 2011
ပွင်းလင်းမြင်သာစွဲဆောင်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်ရန် ပညာရှင်တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြုပြင်ပြောင်းလဲဖို့နဲ့ ကုန်သွယ်မှု လွယ်ကူလျင်မြန်စေမယ့် အပြောင်းအလဲတွေကို လုပ်ဆောင်ဖို့ စီးပွားရေးပညာရှင် ဦးဆက်အောင်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ ဩဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ “နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ”မှာ  သူပြုစုတင်သွင်းတဲ့ (မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရာတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုကဏ္ဍ) စာတမ်းမှာ  ရေးသား အကြံပြုလိုက်တာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ နိုင်ငံပေါင်းစုံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာအောင် မြန်မာနိုင်ငံတွင်းရှိ ရင်းနှီးမြှုပ်နှံ့မှုနဲ့ ပတ်သက်တဲ့ ရေခံမြေခံ ကောင်းမွန်ဖို့ အထူးတလည် လိုအပ်တယ်လို့ ဆိုပါတယ်။

တနည်းအားဖြင့်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေတွေ ရှိဖို့လိုတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ ကြိုတင်အသိပေးခြင်း မရှိဘဲ ရှောင်တခင် ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်တာတွေကိုလည်း ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါတယ်။

မိမိတို့ရဲ့ နောင်လာနောက်သားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ လိုအပ်ချက်တွေကို  ထိခိုက်လျော့ပါးမှု မရှိဘဲ လက်ရှိ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်တဲ့   ကုန်သွယ်မှုကို မြှင့်တင်သင့်တယ်လို့ ဆိုပါတယ်။၏
စီးပွားရေးကဏ္ဍ တခုတည်း မဟုတ်ဘဲ လူမှုရေးကဏ္ဍနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေးတို့ ဟန်ချက်ညီညီ တိုးတက်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရမှာဖြစ်တယ်လို့ အကြံပေးထားပါတယ်။

ပညာရှင်ဦးဆက်အောင်က ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး အကျပ်အတည်းကာလ-မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုကျသလို အာဆီယံနိုင်ငံတွေမှာလည်း ရင်းနှီးမှုကျတယ်ဆိုတာကို ဥပမာပေးပြီး ဗီယက်နမ်နိုင်ရဲ့ ဆောင်ရွက်ချက်ကြောင့် ရင်းနှီးမြှုပ်နှံမှု တဟုန်ထိုး တိုးတက်ခဲ့ပုံကို မြန်မာပြည်နဲ့ ဥပမာပေး နှိုင်းယှဉ်ပြထားပါတယ်။

ထုတ်ကုန်နဲ့ ပတ်သက်လို့တော့ မြန်မာရဲ့ အဓိကထုတ်ကုန်တွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ အထည်အလိပ်၊ သစ်နဲ့ သစ်ချောထည်၊ ငါးပုစွန်စတဲ့ ရေထွက်ပစ္စည်းနဲ့ ပဲမျိုးစုံသာ ဖြစ်နေပြီး သဘာဝအရင်းအမြစ်တွေကို အားထားနေရတယ်လို့ တင်ပြထားပါတယ်။

မြန်မာ့ထုတ်ကုန်ကဏ္ဍရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ တရုတ်၊ အိန္ဒိယ၊ ထိုင်း သုံးနိုင်ငံကိုသာ အားကိုးနေရပြီး အဲဒီထဲက နိုင်ငံတခုခုက ပြဿနာတခုခု ကြုံရရင် စားသုံးမှုနည်းခြင်း၊ သွင်းကုန်လျော့ခြင်း စတဲ့ ဂယက်တွေဟာ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍကို သိသိသာသာ ထိခိုက်စေနိုင်ခြင်းဟာ ပိုမို စိုးရိမ်စရာ ကောင်းတယ်လို့ ပညာရှင် ဦးဆက်အောင်က ထောက်ပြထားပြီး နိုင်ငံရဲ့ ထုတ်ကုန်ဈေးကွက်ကို ဒီထက်ချဲ့ထွင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တင်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013