DVB Logo
Home
မြန်မာသတင်း
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်က ဖော်ဆောင်နိုင်မည်ဟုဆို
DVB
·
August 26, 2011
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် လွှတ်တော်က ဖော်ဆောင်နိုင်မည်ဟုဆို
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အပါအ၀င် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်မျိုး လွှတ်တော်ကနေ ဖော်ဆောင်ပေးနိုင်တော့မယ်လို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ပေးရေး အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်က အရေးတယူ ဆောင်ရွက်လုပ်ကိုင်ပုံကို အဆိုတင်သွင်းခဲ့သူ ဦးသိန်းညွန့်က ခုလို ရှင်းပြပါတယ်။

“ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ကျနော့်အဆိုနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒကို နားလည်တယ်ဆိုတာ ထုတ်ပြောတယ်။ အဲဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌကနေ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးထံကို ဒီအဆိုကို အမြန်ဆုံးပေးပို့ဖို့ ပြည်ထဲရေးဝန်ကြီးကို ဆက်လက် ဆောင်ရွက်ဖို့ မေတ္တာရပ်ခံတာကို လွှတ်တော် လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားပါမယ်။ မကြာခင် နိုင်ငံရေး အကျဉ်းသားတွေအတွက် ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် သို့မဟုတ် အလားတူ ကိစ္စမျိုး ထွက်လာပြီးတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ ၀မ်းမြောက်မယ့် သတင်းတွေကို လွှတ်တော်ကနေ တိုင်းပြည်ကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်မယ်လို့ အဲလို သဘောရပါတယ်။”

ဒီအဆိုကို ကြာသပတေးနေ့က တင်သွင်းခဲ့တာဖြစ်ပြီး ပထမက လာမယ့် တနင်္လာနေ့ကျမှ ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုတော့ ဒီနေ့ ဆွေးနွေးဖြစ်တာလို့ ပြောပါတယ်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်ရေး ဆိုရာမှာ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးဖို့တင် မကဘဲ ပြည်ပရောက် အတိုက်အခံ အင်အားစုတွေ ပြည်တော်ပြန်လာရေးပါ အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။

တကယ်ပဲ လွှတ်တော်က အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုန်ပြန်နိုင်ရေး ဖော်ဆောင်နိုင်မလား ဆိုတာကိုတော့ ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကတော့ ခုလို မှတ်ချက်ပေးပြောပါတယ်။

“အဓိကကတော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပါဝါအပြည့်ရှိတာပေါ့နော်။ လွတ်တော်ကနေ တိုက်တွန်းခြင်း အားဖြင့် သူမှာလည်း  ပိုပြီးတော့လုပ်အား ရှိလိမ့်မယ်၊ လုပ်ရတာ ပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ တခုတော့ ရှိတာပေါ့လေ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာက သမ္မတအနေနဲ့ အစကတည်းကလည်း ရည်ရွယ်ပြီးသား ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ လွှတ်တော်က တင်ပြတဲ့ဟာလည်း သမ္မတကလည်း ပိုပြီးတော့ ခိုင်မာတာပေါ့ဗျာ။ တာဝန်ယူရတဲ့ အပိုင်းမှာ တယောက်တည်း မဟုတ်ဘဲနဲ့ လွှတ်တော်အနေနဲ့ပါ ၀ိုင်းပြီးတော့ ဖြည့်ဆည်းပြီးမှာ ဒီဟာကို လုပ်ပေးကြတယ်ဆိုတဲ့ သဘောမျိုးတော့ ဆောင်သွားတာပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013