DVB Logo
Home
မြန်မာသတင်း
ခုခံကာကွယ်စစ်အရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး
DVB
·
August 26, 2011
ခုခံကာကွယ်စစ်အရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ  ဆွေးနွေး
Donate to DVB

နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံဘဲ စစ်အစိုးရလက်ထက်ကနေ ခုအစိုးရအထိ ပြန်လည်တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော်) တို့ တွေ့ဆုံပြီး မြို့တွင်းတိုက်ပွဲ ဆင်နွှဲပြီး ခုခံကာကွယ်စစ် တိုးမြှင့်မယ်လို့ သတင်းရရှိပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။

“အက်စ်အက်စ်အေ တပ်မှူးကြီးတွေနဲ့ ကျနော်တို့ဆီက ဗျူဟာမှူးအဆင့် ရှိတဲ့ ဗိုလ်မှူးကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီးကပ်ဆုံး အနာဂတ်မှာ အာဏာရှင်စနစ် ပြိုလဲဖို့အတွက် ဘယ်လိုတိုက်မလဲ၊ ဘယ်လိုချေမှုန်းမလဲဆိုတာ သွားပြီး ညှိနှိုင်းတိုင်ပင်ခဲ့တယ်။”

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေးတံခါး ဖွင့်ထားတယ်လို့ ကြေညာပေမယ့် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ တာကြောင့် အချိန်ကိုက် တိုက်ပွဲဖော်နိုင်အောင် ခုလို ပူးပေါင်းဆွေးနွေးရတာလို့ ဒီကေဘီအေက သတင်းထုတ်ပြန်ပါတယ်။

“တနေ့နေ့ တချိန်ချိန်မှာ အာဏာရှင် စစ်အစိုးရက ကျနော်တို့ တိုင်းရင်းသားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန်တဲ့ နည်းတွေနဲ့ ရက်စက်ဦးမယ်ဆိုရင် ကျနော်တို့ အက်စ်အက်စ်အေနဲ့တကွ ကျန်တဲ့တိုင်းရင်းသား အသီးသီးလည်း မြို့တွင်း တိုက်ပွဲတို့ တောင်တန်းဒေသ သူတို့ရဲ့ ထိုးစစ်တွေကို နည်းအမျိုးမျိုးနဲ့ ခုခံတိုက်ခိုက်မယ်။ ကျန်တာတွေလည်း ခံစစ်အသေမဟုတ်ဘဲနဲ့ ထိုးစစ်နဲ့ ဆက်လက်တိုက်ဖို့ ကျနော်တို့ တိုင်ပင် ညှိနှိုင်းကြတယ်။”

အက်စ်အက်စ်အေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဒီနှစ်အတွင်း တဖွဲ့တည်း ပြန်လည် ပေါင်းစည်းခဲ့ပါတယ်။

ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး)ကနေ ခွဲထွက်လာခဲ့တဲ့ ဒီကေဘီအေ ကတော့ နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပေမယ့် နယ်ခြားစောင့် တပ် ဖွဲ့စည်းရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံနိုင်လို့ တိုက်ပွဲပြန်ဝင်လာခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013