DVB Logo
Home
မြန်မာသတင်း
ကျပ်ငွေဈေးတက်မှုပြဿနာ အမြန်ဖြေရှင်းရန်လိုဟု သမ္မတအကြံပေးပြော
DVB
·
August 26, 2011
ကျပ်ငွေဈေးတက်မှုပြဿနာ အမြန်ဖြေရှင်းရန်လိုဟု သမ္မတအကြံပေးပြော
Donate to DVB

မြန်မာငွေလဲနှုန်းတက်တဲ့ ပြဿနာကို အချိန်ကိုက် ဖိဖိစီးစီး ဖြေရှင်းဖို့နဲ့ အကိုင်အတွယ်နှေးရင် ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး​ ပြဿနာအဖြစ် ကူးပြောင်းသွားနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးမြင့်က သတိပေးလိုက်ပါတယ်။

[caption id="attachment_14763" align="alignright" width="300" caption="စီးပွား​ရေး​ ​အကြံပေး ဦး​မြင့်​"][/caption]

ဩဂုတ် ၂၂ ရက်က ကျင်းပတဲ့ “နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု​ အတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ​ ဆွေးနွေးပွဲ”မှာ သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးမြင့် ပြုစုတင်သွင်းတဲ့ (မြန်မာကျပ်ငွေ​ လဲလှယ်နှုန်းကိစ္စ) စာတမ်းမှာ  သတိပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးလဲလှယ်မှု​ နှုန်းထား တောက်လျှောက်​ တက်နေတာကို မကိုင်တွယ်နိုင်ရင် ၁၉၉၇ - ၉၈ ခုနှစ် အာရှ ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်တုန်းက အင်ဒိုနီးရှားမှာ ကြုံသလို ငွေကြေး ပြဿနာကနေ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး​ ပြဿနာတွေ​ အဖြစ်ကို အသွင်ကူးပြောင်း​ သွားတတ်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ရင် ကုမ္ပဏီလုပ်ငန်းတွေ ရပ်သွားနိုင်ပြီး လူအများ အလုပ်လက်မဲ့ဖြစ်ကာ စီးပွားရေးခက်ခဲရာက လူမှုရေး ပြဿနာတွေ ပေါ်ပေါက်နိုင်သလို အဲဒီကတဆင့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရမှာ ဖြစ်တယ်။

ဒါကြောင့် အစိုးရက ကုမ္ပဏီတွေနဲ့ ဘဏ်တွေကို ကယ်တင်ခဲ့ရပုံတွေကို  အမေရိကန်၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေရဲ့ ဖြစ်စဉ်တွေနဲ့ ဥပမာ ပေးထားပါတယ်။

လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းမှာ မြန်မာကျပ်ငွေလဲလှယ်နှုန်း သိသိသာသာ တောက်လျှောက် တက်လာတာဟာ ၁၉၆၀ ခုနှစ်လောက်က နယ်သာလန် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းသုံးငွေ (ဂီလ်ဒါ) ငွေလဲလှယ်နှုန်း ထိုးတက်ခဲ့တာနဲ့ ဆင်တူနေတယ်လို့ ဦးမြင့်က ဥပမာပေး ရှင်းပြပါတယ်။

နယ်သာလန်မှာ ဖြစ်ခဲ့တဲ့အခြေအနေကို ဘောဂဗေဒ သဘောတရားမှာ ဒတ်ခ်ျရောဂါလို့ အမည်ပေးထားပြီး အခုလက်ရှိ မြန်မာနိုင်ငံမှာ အဲဒီဝေဒနာမျိုး ခံစားနေရပြီဆိုတဲ့ သံသယ ဖြစ်စရာအကြောင်းတွေ တွေ့ထားတယ်လို့ အလေးအနက် သတိပေးထားပါတယ်။

ဒတ်ခ်ျရောဂါကို အဓိပ္ပာယ် ဖွင့်ဆိုရှင်းလင်းရာမှာ နိုင်ငံရဲ့ သဘာဝဓနကို နိုင်ငံခြားကို ရောင်းချခြင်းကြောင့် သာမကဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပါအ၀င် ပြည်တွင်းကို ၀င်လာတဲ့ နိုင်ငံခြားငွေတွေကြောင့် ပြဿနာတွေ ပေါ်လာခြင်းလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရက ဘယ်နိုင်ငံမှာမှ ကျင်းသုံးခြင်းမရှိတဲ့ ပို့ကုန်အခွန် ဆယ်ရာခိုင်နှုန်း ကောက်ခံတာကို ရပ်တန့်ဖို့၊ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ရတဲ့စနစ်ကို ပယ်ဖျက်ဖို့၊ အစိုးရက ပြည်တွင်းဈေးကွက်က ဒေါ်လာတွေ ၀ယ်ယူမှု၊ ကျောက်မျက်လေလံပွဲ အကြိမ်အရေအတွက် လျှော့ချဖို့၊ လူအမြောက်အမြား စိုးရိမ်နေတဲ့ ကျပ်ငွေလဲလှယ်နှုန်းမြင့်တဲ့ကိစ္စကို အစိုးရက ကြေညာချက်ထုတ်ပြန်ဖို့၊ လူတွေ သတင်းအချက်အလက် အမှန်ရဖို့၊ အဓိက နိုင်ငံအဆင့် စီးပွားရေး အချက်အလက်တွေကို ပုံမှန်ထုတ်ဝေဖို့ အကြံပြုထားပါတယ်။

တဖက်ကလည်း မြန်မာကျပ်ငွေလဲလှယ်နှုန်း ပြဿနာကို  မြန်မာငွေ လဲလှယ်နှုန်းစနစ် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် စတင်ဖို့ အခွင့်ကောင်းတခုလို ယူဆပြီး  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း စီးပွားရေးပညာရှင် ဦးမြင့်က  ရေးသားတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013