DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ်ဝင် ဦးဖိုးထောင် ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခံရ
DVB
·
August 26, 2011
Donate to DVB

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဖိုးထောင် (ခေါ်) ဦးလှမြင့်ကို တပ်ကုန်းမြို့ အာဏာပိုင်တွေက ဒီနေ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၁၉ ရက်က  မိထ္တီလာမြို့နယ် အဖွဲ့ချုပ်ရုံး အာဇာနည်နေ့ အခမ်းအနား သွားတက်ပြီးအပြန် ဩဂုတ် ၂၀ ရက်မှာ ဦးဖိုးထောင် ဖမ်းဆီးခံခဲ့ရပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (၅)-၁ (နိုင်ငံခြားသားခရီးသွားလာခွင့် တိုင်ကြားရာ ပျက်ကွက်မှု) နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

မိထ္တီလာမြို့နယ် အဖွဲ့ချုပ်ဝင် ဒေါ်မြင့်မြင့်အေးတို့ရဲ့ အကူအညီကြောင့် အာမခံနဲ့ ပြန်လွတ်ခဲ့ပေမယ့် ဒီနေ့ ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံလိုက်ရတာလို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ တယောက်ဟာ တခြားမြို့ကို သွားမယ်ဆိုရင် လ၀ကရုံးကို အသိပေးရမယ်၊ ခွင့်ပြုချက် ရယူရမယ်ဆိုတဲ့ ကိစ္စကို ပျက်ကွက်တယ်ဆိုပြီး တပ်ကုန်းမြို့နယ် လ၀ကဦးစီးမှူး ဦးညီညီက တရားလိုလုပ်ပြီး တရားစွဲတာပဲ။ တရားစွဲပြီး အခု ထောင် တနှစ်ခွဲချတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ မတ်လ ၅ ရက်နေ့က အဖွဲ့ချုပ် မန္တလေးတိုင်းနဲ့ မြို့နယ် စည်းအဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကို တက်ရောက်ပြီးအပြန်မှာ အလားတူအမှုနဲ့ တရားစွဲဆိုခံရပြီး  ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။

ထောင်တွင်း ၁၃ လ နေခဲ့ရပြီး ဒီနှစ် ဧပြီလတုန်းက စစ်ကိုင်းတိုင်း ကသာထောင်ကနေ ပြန်လွတ်မြောက်ပြီး ၃ လအကြာမှာ ထမ်မံဖမ်းဆီး တရားဆွဲဆိုခံရတာပါ။

ဦးဖိုးထောင်ဟာ မြန်မာနိုင်ငံမှာ မွေးသူဖြစ်ပေမယ့် ဧည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်တဲ့ မွတ်စလင် ဖြစ်ပါတယ်။ သူ့ကို အခုလို အရေးယူတာဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဖြစ်တာကြောင့်လို့လည်း ဒေါ်မြင့်မြင့်အေးက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013