DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စု အင်္ဂါစဉ်သတ်မှတ်ချက် မဏ္ဍိုင်ကြီး ၃ ရပ်ကို အခြေခံဟု သမ္မတရုံးပြော
DVB
·
April 30, 2016
ပြည်ထောင်စု အင်္ဂါစဉ်သတ်မှတ်ချက် မဏ္ဍိုင်ကြီး ၃ ရပ်ကို အခြေခံဟု သမ္မတရုံးပြော
1 / 2
Donate to DVB

 

ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်ဟာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို နံပါတ် ၂ နေရာမှာ ထားတာကလွဲပြီး အရင် အစိုးရလက်ထက် အင်္ဂါစဉ်နဲ့ ကွားခြားချက် မရှိဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။

ဧပြီ ၂၇ ရက်ရက်စွဲနဲ့ သမ္မတရုံးကထုတ်ပြန်ခဲ့တဲ့  ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ-၁၊ ဒုသမ္မတ-၂ စသဖြင့် အစဉ်လိုက်ဖော်ပြထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ တရားသူကြီးချုပ်ရဲ့နောက် နံပါတ် ၈ နေရာမှာ ရှိပါတယ်။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ သူတို့အနေနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကိုကြည့်ပြီး အင်္ဂါစဉ်တာလို့ ပြောပါတယ်။

“မဏ္ဍိုင်ကြီး ၃ ရပ်ကို ကျနော်တို့ တည်လိုက်တယ်၊ တည်လိုက်တော့ အစိုးရဘက်မှာ သမ္မတ၊ ဒုသမ္မတ ၃ ဦးရှိမယ်၊ လွှတ်တော်ဘက်မှာ လွှတ်တော်ဥက္ကဋ္ဌတွေရှိမယ်၊ ပြီးရင် တရားရေးမဏ္ဍိုင် ပြည်ထောင်စုတရားသူကြီးချုပ်ရှိမယ်၊ ပြီးတော့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စသဖြင့် ၀င်တာ ဖြစ်ပါတယ်။”

အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံဥပဒေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပေါ်ပေါက်လာတဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နေရာအတွက် စဉ်းစားပြီး ထုတ်ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတိုင်းမှာ ပြည်ထောင်စုအင်္ဂါစဉ်ဆိုတာ ရှိကြသလို မြန်မာနိုင်ငံမှာလည်း ရှိပြီး အရင် စစ်အစိုးရအဆက်ဆက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တို့မှာ အခုလို တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

1

2

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013