DVB Logo
Home
မြန်မာသတင်း
လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုများ​ စစ်​ဆေး​ရန် ကင်တား​နား​ ​တောင်း​ဆို
DVB
·
August 25, 2011
လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှုများ​ စစ်​ဆေး​ရန် ကင်တား​နား​ ​တောင်း​ဆို
Donate to DVB

အစိုး​ရသစ်လက်ထက် မြန်မာပြည်မှာ တိုး​တက်မှု​တွေ ရှိလာတယ် ဆို​ပေမယ့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေဟာ အလွန်စိုး​ရိမ်​နေရတုန်း​ဖြစ်လို့​ အမြန်ဆုံး​ စစ်​ဆေး​ဖော်ထုတ်ဖို့​ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ အထူး​ကိုယ်စား​လှယ် ကင်တား​နား​က အစိုး​ရကို ​တောင်း​ဆိုလိုက်ပါတယ်။

[caption id="attachment_14755" align="alignleft" width="300" caption="မစ္စတာ ကင်တားနား သတင်းစာရှင်းပွဲ ပြုလုပ်နေစဉ်"][/caption]

မြန်မာပြည်ခရီး​စဉ်အပြီး​ ပြန်လည်ထွက်ခွာခါနီး​ ရန်ကုန် မင်္ဂလာဒုံ​လေဆိပ် သတင်း​စာရှင်း​လင်း​ပွဲမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့​အခွင့်​အ​ရေး​ ​ထောမတ်စ် အို​ဟေး​ ကင်တား​နား​က ဒီလို​ပြောကြား​သွား​တာပါ။

လူ့​အခွင့်​အ​ရေး​ကိစ္စ​တွေ အများ​ကြီး​ဖြေရှင်း​၊​ ​ဖော်ထုတ်ဖို့​ ရှိ​နေတုန်း​ပဲလို့​ ကင်တား​နား​က ​ပြောကြား​သွား​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂,၀၀၀ နီး​ပါး​ကို လွှတ်ဖို့​လည်း​ ​တောင်း​ဆို​ကြောင်း​ သတင်း​ထောက်​တွေကို ​ပြောသွား​ပါတယ်။

ကင်တား​နား​နဲ့​ အဖွဲ့​ဟာ ရန်ကုန် အင်း​စိန်အကျဉ်း​ထောင်ထဲကို သွား​ရောက် ​လေ့​လာသွား​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​နဲ့​ ​တွေ့​ဆုံခွင့်​ ရသွား​ပါတယ်။ စစ်​ကြော​ရေး​ကာလမှာ ရက်​ပေါင်း​များ​စွာ မအိပ်ရတာ၊​ နူး​ညံ့​တဲ့​ ခန္ဓာကိုယ်အပိုင်း​တွေ မီး​တို့​တာ အပါအဝင် ညှဉ်း​ပန်း​နှိပ်စက်ခံရတာ​တွေကို ကြား​သိခဲ့​ရတယ်လို့​ ကင်တား​နား​က ​ပြောပါတယ်။

အကျဉ်း​သား​တွေကို စစ်တပ်က ​ပေါ်တာအဖြစ် ခိုင်း​စေတာ​တွေကိုလည်း​ သိလာရတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် တိုင်း​ရင်း​သား​ဒေသ​တွေက စစ်မက်ပဋိပက္ခဖြစ်ရာ ​ဒေသ​တွေမှာ ပြည်သူ​တွေ သတ်ဖြတ်မှု၊​ အဓမ္မပြုခံမှု၊​ ဖမ်း​ဆီး​ညှဉ်း​ပန်း​မှု၊​ က​လေး​တွေကို စစ်သား​အဖြစ်​ရော အဓမ္မလုပ်အား​ပေး​အဖြစ်ပါ ခိုင်း​စေမှု​တွေ ကျူး​လွန်​နေတာ​တွေကိုလည်း​ သတင်း​ထောက်​တွေကို ထုတ်​ဖော် ​ပြောကြား​သွား​ပါတယ်။

မစ္စတာကင်တား​နား​ဟာ မြန်မာပြည် ၅ ရက်ခရီး​စဉ်အတွင်း​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပထမဆုံး​အကြိမ် ​တွေ့​ဆုံသွား​ပါတယ်။

 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013