မြစ်ကြီးနားတွင် မိုးသီးမိုး ၃ ကြိမ်မြောက် ရွာ




5.6K
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက မိုးသီးမိုး ရွာသွန်းခဲ့ပြီး ဒါဟာ မြစ်ကြီးနားမှာ တတိယအကြိမ်မြောက် မိုးသီးမိုးရွာခဲ့ခြင်း ဖြစ်တယ်လို့ မြစ်ကြီးနား သတင်းဂျာနယ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြို့ပေါ်မှာကျတဲ့ မိုးသီးတွေဟာ အနည်းငယ်သေးပြီး မြို့နဲ့ ၁၀ မိုင်ပတ်လည်လောက်ဝေးတဲ့ ကျေးရွာများမှာ ကျတဲ့ မိုးသီးတွေက ပိုကြီးတယ်လို့ သတင်းမှာ ရေးသားဖော်ပြပါတယ်။
မိုးလေ၀သဌာနက အခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သတင်းဓာတ်ပုံ - Myitkyina News Journal