DVB Logo
Home
မြန်မာသတင်း
ရှမ်း​ဒုက္ခသည်များ​ကို ကူညီရန် ရှမ်း​နိုင်ငံ​ရေး​ပါတီများ​ ​တောင်း​ဆို
DVB
·
August 25, 2011
Donate to DVB

ရှမ်း​ပြည်နယ် စစ်​ပြေး​ဒုက္ခသည်​တွေကို ကူညီ​ပေး​ဖို့​ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​ အထူး​ကိုယ်စား​လှယ် မစ္စတာကင်တား​နား​ကို ရှမ်း​နိုင်ငံ​ရေး​ပါတီ​တွေက စာ​ပေး​ပို့​ပါတယ်။

၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ရှမ်း​အမျိုး​သား​များ​ဒီမိုက​ရေစီအဖွဲ့​ချုပ် အပါအဝင် ပါတီ ၈ ခုပူး​ပေါင်း​ပြီး​ ဒီလ ၂၀ ရက်က အိတ်ဖွင့်​ပေး​စာ ​ပေး​ပို့​ပန်ကြား​တာလို့​ ပါတီ​ပြောခွင့်​ရ ဦး​စိုင်း​လိတ်က ​ပြောပါတယ်။

“စစ်မက်ဖြစ်ပွား​ရာ​ဒေသမှာ စစ်​ဘေး​ဒဏ်သင့်​ ဒုက္ခသည်​တွေကို ကူညီဖို့​၊​ သုံး​ပွင့်​ဆိုင်​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ကို အမြန်ဆုံး​ ​ဆောင်ရွက်ဖို့​၊​ ​လော​လောဆယ် ကျ​နော်တို့​ ​ဒေသခံ ပုဂ္ဂိုလ်​တွေနဲ့​ ပါတီဝင်​တွေနဲ့​ ပူး​ပေါင်း​ပြီး​တော့​မှ စစ်​ပြေး​ဒုက္ခသည်​တွေရဲ့​ စာရင်း​၊​ ​တောထဲမှာ ပုန်း​အောင်​နေရတဲ့​ လူ​တွေရဲ့​ စား​ဝတ်​နေ​ရေး​ ကူညီ​ဖြေရှင်း​ပေး​နိုင်ဖို့​အတွက် ​ဆောင်ရွက်​နေပါတယ်။ ဒုက္ခခံ​နေရတဲ့​ ပုဂ္ဂိုလ်​တွေကို နိုင်ငံတကာ အဖွဲ့​အစည်း​က လာ​ရောက်ပြီး​ ကူညီ ပံ့​ပိုး​ပေး​နိုင်​အောင်လည်း​ပဲ ကျ​နော်တို့​ နည်း​လမ်း​ရှာ​နေပါတယ်။”

၂၀၁၁ ​ရွေး​ကောက်ပွဲအနိုင်ရ ကျား​ဖြူပါတီ​ခေါ် ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီကလည်း​ ဒီလ ၂၃ ရက်​နေ့​တုန်း​က မစ္စတာကင်တား​နား​နဲ့​ ​တွေ့​ဆုံရာမှာ ပြည်တွင်း​ဒုက္ခသည်စခန်း​ ဖွင့်​လှစ်နိုင်​ရေး​အတွက် ကူညီ​ပေး​ဖို့​ တင်ပြခဲ့​ပါတယ်။

ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ဖို့​ လက်မခံခဲ့​တဲ့​ ဝမ်ဟိုင်း​အ​ခြေစိုက် ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်တို့​ကြား​ ၅ လ​ကျော် ဖြစ်ပွား​ခဲ့​တဲ့​ တိုက်ပွဲအတွင်း​ ရှမ်း​ပြည်နယ် ​ကျေး​သီး​၊​ တန့်​ယန်း​၊​ မိုင်း​ရှူး​၊​ မိုင်း​နောင်၊​ သီ​ပေါ၊​ မိုင်း​ရယ် စတဲ့​ဒေသက ပြည်သူ သုံး​သောင်း​ကျော်ဟာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရတဲ့​အတွက် ​တော​တောင်ထဲမှာ ထွက်​ပြေး​ ခိုလှုံ​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013