A d v e r t i s e m e n t With Us

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်

ရန်ကုန် - မန္တလေး အမြန်လမ်း ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့လို့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနေ့မနက်အစောပိုင်း ၄ နာရီခွဲလောက်က မိုင်တိုင် ၁၁/၀ နဲ့ ၁၁/၁ ကြား (အပြန်လမ်း) မှာ ခရီးစသည်တင်ယာဉ်ဟာ တံတားအထွက်မှာ ရှေ့က မောင်းနှင်နေတဲ့ ကားတစီးကို ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Barrier တုံးတွေကို တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါ စုစုပေါင်း ၄၉ ဦး စီးနင်းလိုက်ပါလာပြီး အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၆ ဦးတို့ ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ပါတယ်။ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကို အမှတ် ၃ အမြန်လမ်းရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်နေပါတယ်။ (ဓာတ်ပုံ -Ministry of Construction)  

A d v e r t i s e m e n t With Us

More News
Up