ဘုတလင် အခြေခံအရန်မီးသတ်သင်တန်း ကျောင်းသူ ၂၇ ဦး တက်ရောက်
DVB
·
April 29, 2016
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် တွင်းတော်ရွာမှာ အခြေခံအရန် မီးသတ်သင်တန်းကို အလယ်တန်းကနေ တက္ကသိုလ် တက်ရောက်နေတဲ့ ကျောင်းသူ ၂၇ ဦးနဲ့ ကျောင်းသား ၈ ဦးတို့ သင်တန်းတက်ရောက်နေကြပါတယ်။
၈ တန်းကနေ တက္ကသိုလ် ဒုတိယနှစ်ထိ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူ ၃၅ ဦးတို့ကို မြို့နယ်မီးသတ်ဌာနက လက်ထောက်မီးသတ်ဦးစီးမှူး ကိုကျော်မင်းထွန်းက ဧပြီလ ၂၁ ရက်ကနေ ၃၀ ရက်နေ့ထိ ၁၀ ရက်တာ အခြေခံအရန် မီးသတ်သင်တန်းကို ပို့ချသင်ကြားပေးနေတာပါ။
မေ ၅ ရက်နေ့မှာ ကျရောက်မယ့် ၇၀ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်တာလို့ ပြောပါတယ်။
(သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်)