DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ၀န်ထမ်းဖယ်ရီကား ၂ စီးတိုက်၊ အများအပြား ဒဏ်ရာရ
DVB
·
April 29, 2016
နေပြည်တော်တွင် ၀န်ထမ်းဖယ်ရီကား ၂ စီးတိုက်၊ အများအပြား ဒဏ်ရာရ
1 / 4
Donate to DVB

ဒီကနေ့ ၂၉ ရက်ေန့က နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ၀န်ထမ်းတွေ နေထိုင်တဲ့ ဧက ၁၀၀၀ ဓနသိဒ္ဓိရပ်ကွက်ရှိ ရတနာမြိုင်လမ်းနဲ့ သုခမြိုင်လမ်းဆုံမှာ မနက် ၈ နာရီ ၂၃ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ စာရင်းစစ်ရုံးက၀န်ထမ်းတွေနဲ့ အလုပ်သမားဝန်ကြီးဌာနက ၀န်ထမ်းတွေ ရုံးသွားဖို့ လာကြိုတဲ့ ကားနှစ်စီး လမ်းဆုံမှာ တိုက်မိတာဖြစ် ပါတယ်။

ဒီလိုတိုက်မိတဲ့အတွက် ကားနှစ်စီးပေါ်မှာပါတဲ့ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ထားပြီး စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့ နေပြည်တော် အမှတ် ၃ ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကားနှစ်စီးပေါ်မှာ စုစုပေါင်း ၀န်ထမ်းဦးရေ ၈၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။ ကားမောင်းသူ နှစ်ဦးကိုတော့ အရေးယူဖို့ ဆောင်ရွက်နေပြီး လောလောဆယ်မှာတော့ ကုတင် ၁၀၀၀ ဆေးရုံးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။။ (သတင်း - နေဖြိုးဝင်း၊ ဓာတ်ပုံ - MOI)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013