DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် မိခင်နို့တိုက်ကျွေးနှုန်း ကမ္ဘာ့လျာထားချက်၏ ထက်ဝက်သာရှိ
DVB
·
April 29, 2016
မြန်မာနိုင်ငံတွင် မိခင်နို့တိုက်ကျွေးနှုန်း ကမ္ဘာ့လျာထားချက်၏ ထက်ဝက်သာရှိ
Donate to DVB

မြန်မာနိုင်ငံမှာ ကလေးအသက် ၆ လပြည့်တဲ့အထိ မိခင်နို့တမျိုးတည်း တိုက်ကျွေးနှုန်းက ကမ္ဘာ့လျာထားမှုရဲ့ ထက်ဝက်ပဲရှိတယ်လို့ သုတေသနအသစ်တခုက ဖော်ပြပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့နဲ့ Alive & Thrive အဖွဲ့တို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ သုတေသနရလဒ်ကို ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံက မိခင်အားလုံးနီးပါးဟာ မိခင်နို့ တိုက်ကျွေးကြပေမယ့် အသက် ၆ လပြည့်တဲ့အထိ မိခင်နို့တမျိုးတည်း တိုက်ကျွေးခံရတဲ့ ကလေးက ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဒီလို တမျိုးတည်းတိုက်ကျွေးဖို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့ရဲ့ လမ်းညွှန်ချက်ဖြစ်ပြီး မိခင်နို့တမျိုးတည်း တိုက်ကျွေးဖို့ ကမ္ဘာ့လျာထားချက်ကတော့ ၅၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အသက် ၆ လပြည့်တဲ့အထိ မိခင်နို့တမျိုးတည်း တိုက်မယ်ဆိုရင် ကလေးတွေ သေဆုံးတာရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ အဆုတ်အအေးမိရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် နှစ်စဉ် မြန်မာနိုင်ငံက ကလေး ၁၆၃၆ ဦးရဲ့ အသက်ကို ကယ်တင်နိုင်ပြီး ၅ နှစ်အောက် ကလေးသေဆုံးနှုန်းကို လျှော့ချပေးနိုင်မယ်လို့ သုတေသနရလဒ်က ဆိုပါတယ်။

ဒါ့အပြင် မိခင်နို့ကို မှန်မှန်ကန်ကန် တိုက်ကျွေးမယ်ဆိုရင် အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးမှာ နှစ်စဉ် ကျန်းမာရေးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ သန်းကျော် သက်သာသွားမယ်လို့ ဆိုပါတယ်။

မိခင်နို့ လုံလုံလောက်လောက် မတိုက်လို့ အစားထိုး အစားအစာတွေ ကျွေးမွေးရတဲ့စရိတ်က လစာနိမ့် အလုပ်သမားတယောက် လစဉ်ဝင်ငွေရဲ့ သုံးပုံတပုံ ရှိနေပါတယ်။

မြန်မာနိုင်ငံက အစိုးရဌာနတွေမှာ မီးဖွားခွင့်ကို ၆ လအထိ ပေးနေပြီဖြစ်ပေမယ့် ပုဂ္ဂလိက ဌာနတွေမှာတော့ ရက်သတ္တပတ် ၁၂ ပတ်လို့ပဲ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013